ကခ်င္ျပည္နယ္ ေရႊကူၿမိဳ႕နယ္တြင္ အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕ကို ကခ်င္လြတ္လပ္ေရး တပ္မေတာ္ KIA ႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ PDFတို႔ပူးေပါင္းကာၾကားျဖတ္ဝင္ေရာက္တိုက္ခိုက္ခဲ့ေသာေၾကာင့္ယေန႔ေန႔လည္၁၂နာရီဝန္းက်င္ခန႔္တြင္တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္းသိရပါသည္။


စစ္ေကာင္စီတပ္ဖြဲ႕ကေရႊကူၿမိဳ႕အထက္ဘက္၁၀မိုင္ေက်ာ္ခန႔္ရွိေသာကခ်င္ေသေက်းရြာဘက္သို႔စစ္အင္အား၁၀၀ဝန္းကခ်င္ခန႔္ကတက္လာခဲ့ရာ KIA ႏွင့္ ေရႊကူ PDF ပူးေပါင္းတပ္တို႔ ထိပ္တိုက္ေတြ႕ကာ တိုက္ပြဲျဖစ္ပြားခဲ့သည္ဟု ေရႊကူေဒသခံတစ္ဦးက KNG သတင္းဌာနကိုေျပာဆိုခဲ့သည္။


“စစ္ေကာင္စီဘက္က ကခ်င္ေသဘက္ကို တက္လာခဲ့တာကို KIA နဲ႔ PDF ပူးေပါင္းတပ္တို႔ ထိပ္တိုက္ေတြ႕လို႔ တိုက္ပြဲျဖစ္ပြားခဲ့တယ္။ အဲ့ေနရာဘက္က KIAနဲ႔PDFရွိတယ္ေလ။ေန႔လည္၁၂နာရီဝန္းက်င္ေလာက္ျဖစ္မယ္။အၾကာႀကီးေတာ့မဟုတ္ဘူး။သူတို႔ရဲ့ထိခိုက္မႈအေသးစိတ္ကိုေတာ့မသိရဘူး”ဟုေျပာဆိုသည္။


တိုက္ပြဲျဖစ္ပြားခဲ့သည့္ထိုေနရာတြင္စစ္ေကာင္စီတပ္ႏွင့္ပူးေပါင္းတပ္တို႔နာရီဝက္အၾကာခန႔္တိုက္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္၂ဖက္တပ္ဘက္မွလက္နက္ႀကီးမ်ားပစ္ခတ္ခဲ့ရာမွ ျပန္လည္ေနာက္ဆုတ္သြားၾကသည္ဟု သူကဆက္ဆိုသည္။


ေရႊကူၿမိဳ႕နယ္တြင္အာဏာသိမ္းစစ္ေကာင္စီတပ္ႏွင့္ကခ်င္လြတ္လပ္ေရးတပ္ေတာ္KIAတို႔မၾကာခဏထိပ္တိုက္ေတြ႕ကာတိုက္ပြဲျဖစ္ပြားလ်က္ရွိၿပီး တစ္လတြင္ အနည္းဆုံး ၃ႀကိမ္ထက္မနည္း ပုံမွန္ျဖစ္ပြားေနသည္ပါသည္။

ကချင်ပြည်နယ်ရွှေကူမြို့နယ်တွင်အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကိုကချင်လွတ်လပ်ရေးတပ်မတော်KIAနှင့်ပြည်သူ့ကာကွယ်ရေးတပ်PDFတို့ပူးပေါင်းကာကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့်ယနေ့နေ့လည်၁၂နာရီဝန်းကျင်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည်။


စစ်ကောင်စီတပ်ဖွဲ့က ရွှေကူမြို့အထက်ဘက် ၁၀ မိုင်ကျော်ခန့်ရှိသော ကချင်သေကျေးရွာဘက်သို့ စစ်အင်အား ၁၀၀ ဝန်းကချင်ခန့်က တက်လာခဲ့ရာ KIA နှင့် ရွှေကူ PDF ပူးပေါင်းတပ်တို့ ထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရွှေကူဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။


“စစ်ကောင်စီဘက်က ကချင်သေဘက်ကို တက်လာခဲ့တာကို KIA နဲ့ PDF ပူးပေါင်းတပ်တို့ ထိပ်တိုက်တွေ့လို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ အဲ့နေရာဘက်က KIA နဲ့ PDF ရှိတယ်လေ။ နေ့လည်၁၂ နာရီဝန်းကျင်လောက်ဖြစ်မယ်။ အကြာကြီးတော့ မဟုတ်ဘူး။ သူတို့ရဲ့ ထိခိုက်မှုအသေးစိတ်ကိုတော့မသိရဘူး”ဟုပြောဆိုသည်။


တိုက်ပွဲဖြစ်ပွားခဲ့သည့် ထိုနေရာတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်တို့ နာရီဝက်အကြာခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၂ဖက်တပ်ဘက်မှ လက်နက်ကြီးများပစ်ခတ်ခဲ့ရာမှ ပြန်လည်နောက်ဆုတ်သွားကြသည်ဟု သူကဆက်ဆိုသည်။


ရွှေကူမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်တော် KIA တို့ မကြာခဏထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး တစ်လတွင် အနည်းဆုံး ၃ကြိမ်ထက်မနည်း ပုံမှန်ဖြစ်ပွားနေသည်ပါသည်။

Leave a Reply

Your email address will not be published.