မႏၲေလးစည္ပင္႐ုံး ေပါက္ကြဲမႈမွာ တစ္ၿမိဳ႕လုံး၏ CCTV Link ရွိသည့္ပုံးကို ခြဲျခင္းျဖစ္ဟုဆိုအမရပူရၿမိဳ႕တြင္လည္း လက္လုပ္မိုင္း ႏွစ္ေနရာေပါက္ကြဲၿပီး ႏွစ္ဦး ဒဏ္ရာရမႏၲေလးၿမိဳ႕ စည္ပင္သာယာေရးေကာ္မတီ ႐ုံးအနီး၌ ယေန႔နံနက္ (၆)နာရီခန႔္က

ေပါက္ကြဲမႈမွာ တစ္ၿမိဳ႕လုံး၏ CCTV Link ရွိသည့္ Network ေကဘယ္လ္ပုံးကိုအခြဲခံရျခင္းျဖစ္ေၾကာင္းလည္း စကစ အသိုင္းအဝိုင္းထံမွ သိရသည္။မႏၲေလးၿမိဳ႕ရွိ မီးပြိဳင့္အမ်ားစု၌ တပ္ဆင္ထားသည့္ CCTV မ်ားကို စည္ပင္႐ုံးအတြင္းမွေန၍ေစာင့္ၾကည့္ ထိန္းခ်ဳပ္မႈမ်ား ျပဳလုပ္ေနျခင္းျဖစ္သည္။

ထိုေပါက္ကြဲမႈေၾကာင့္ လူႏွင့္အေဆာက္အဦ ထိခိုက္သူမရွိဟုလည္းစကစႏွင့္ နီးစပ္သူမ်ားက ဆိုသည္။အမရပူရၿမိဳ႕တြင္လည္း ယေန႔ ႏိုဝင္ဘာလ (၂၅)ရက္ နံနက္ပိုင္းက ေနရာႏွစ္ခုတြင္လက္လုပ္မိုင္းမ်ား ေပါက္ကြဲခဲ့ၿပီး ႏွစ္ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း သတင္းရရွိသည္။နံနက္ ငါးနာရီခြဲခန႔္က အမရပူရၿမိဳ႕နယ္ မွန္တန္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံး ၿခံစည္း႐ိုးအနီးေရထြက္ေပါက္တြင္ လက္လုပ္မိုင္းတစ္လုံး ေပါက္ကြဲခဲ့ရာ ထိခိုက္ဒဏ္ရာ ရရွိသူမွာ

အဆိုပါမိုင္းေထာင္သူျဖစ္ေၾကာင္း စကစ အသိုင္းအဝိုင္းႏွင့္ နီးစပ္သူထံမွ သိရသည္။ယင္းအျပင္ နံနက္ (၆)နာရီခန႔္ကလည္း အမရပူရၿမိဳ႕ ဆည္တဲရပ္၌ လက္လုပ္မိုင္းတစ္လုံးေပါက္ကြဲခဲ့ၿပီး ထိခိုက္ဒဏ္ရာ ရရွိခဲ့သူမွာ မည္သူမွန္း မသိရေသးေပ။

crd

မန္တလေးစည်ပင်ရုံး ပေါက်ကွဲမှုမှာ တစ်မြို့လုံး၏ CCTV Link ရှိသည့်ပုံးကို ခွဲခြင်းဖြစ်ဟုဆိုအမရပူရမြို့တွင်လည်း လက်လုပ်မိုင်း နှစ်နေရာပေါက်ကွဲပြီး နှစ်ဦး ဒဏ်ရာရမန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ ရုံးအနီး၌ ယနေ့နံနက် (၆)နာရီခန့်က

ပေါက်ကွဲမှုမှာ တစ်မြို့လုံး၏ CCTV Link ရှိသည့် Network ကေဘယ်လ်ပုံးကိုအခွဲခံရခြင်းဖြစ်ကြောင်းလည်း စကစ အသိုင်းအဝိုင်းထံမှ သိရသည်။မန္တလေးမြို့ရှိ မီးပွိုင့်အများစု၌ တပ်ဆင်ထားသည့် CCTV များကို စည်ပင်ရုံးအတွင်းမှနေ၍စောင့်ကြည့် ထိန်းချုပ်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ထိုပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်သူမရှိဟုလည်းစကစနှင့် နီးစပ်သူများက ဆိုသည်။အမရပူရမြို့တွင်လည်း ယနေ့ နိုဝင်ဘာလ (၂၅)ရက် နံနက်ပိုင်းက နေရာနှစ်ခုတွင်

လက်လုပ်မိုင်းများ ပေါက်ကွဲခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။နံနက် ငါးနာရီခွဲခန့်က အမရပူရမြို့နယ် မှန်တန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ခြံစည်းရိုးအနီးရေထွက်ပေါက်တွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ရာ ထိခိုက်ဒဏ်ရာ ရရှိသူမှာ

အဆိုပါမိုင်းထောင်သူဖြစ်ကြောင်း စကစ အသိုင်းအဝိုင်းနှင့် နီးစပ်သူထံမှ သိရသည်။ယင်းအပြင် နံနက် (၆)နာရီခန့်ကလည်း အမရပူရမြို့ ဆည်တဲရပ်၌ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူမှာ မည်သူမှန်း မသိရသေးပေ။

crd

Leave a Reply

Your email address will not be published.