ထားဝယ္ၿမိဳ႕ေပၚက စစ္ေကာင္စီတပ္တခ်ိဳ႕ ႐ုပ္သိမ္းၿပီး တိုက္ပြဲျဖစ္ပြားေနရာသို႔ ပို႔ေဆာင္ ေမာ္လၿမိဳင္ ၊ နိုဝင္ဘာ ၂၅၊အာဏာသိမ္း စစ္ေကာင္စီဟာ တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕ေပၚမွာ

လုံျခဳံေရး ယူထားတဲ့ စစ္ေကာင္စီတပ္တခ်ိဳ႕ကို ႐ုပ္သိမ္းၿပီး တိုက္ပြဲျဖစ္ပြားေနရာသို႔ ပို႔ေဆာင္ေနတယ္လို႔ ၿမိဳ႕ခံေတြက သံလြင္တိုင္းမ္ကို ေျပာပါတယ္

ထားဝယ္ ၾကက္စာျပင္ရပ္ကြက္က ရြာလယ္ဇရပ္၊ မီးရထားဘူတာ၊ ကာစတန္ဆိပ္ကမ္း၊ မင္းရပ္ကူတိုးဆိပ္၊ နတလေက်ာင္းနဲ႔ ၿမိဳ႕ဦးေက်ာင္းနား ေရာ္ဘာဂိုေဒါင္ေတြမွာ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္တခ်ိဳ႕ကို ျပန္လည္ ႐ုပ္သိမ္းခဲ့တာ ျဖစ္ပါတယ္

လက္ရွိမွာေတာ့ စစ္ေကာင္စီဟာ ၿမိဳ႕ေပၚ လုံျခဳံေရးအတြက္ ၾကက္စာျပင္ရပ္ကြက္က ရြာလယ္ဇရပ္နဲ႔ မီးရထားဘူတာေတြမွာပဲ တပ္အင္အားအနည္းငယ္သာ က်န္ထားခဲ့တာ ျဖစ္ပါတယ္

စစ္ေကာင္စီဟာ ၿပီးခဲ့တဲ့ နိုဝင္ဘာလ ၁၈ ရက္ေန႔ ကံေပါက္ေဒသ ဗုံးေပါက္ကြဲမႈနဲ႔ စစ္ေကာင္စီတပ္ဖြဲဝင္ကားေတြ မိုင္းဆြဲ တိုက္ခိုက္ ခံရၿပီးေနာက္ပိုင္း လုံျခဳံေရး ယူထားတဲ့ တပ္ေတြကို ျပန္လည္ ႐ုပ္သိမ္းသြားတာ ျဖစ္ပါတယ္

လက္ရွိမွာေတာ့ စစ္ေကာင္စီဟာ ျပန္႐ုပ္သြားတဲ့ တပ္ေတြကို ေရျဖဴ ကံေပါက္ေဒသနဲ႔ ေလာင္းလုံၿမိဳ႕နယ္ထဲက မင္းရပ္၊ ညင္ေမာ္၊ ေဂါ့အင္းေက်းရြာေတြဘက္မွာ စစ္အင္းအားတိုးခ်ဲ႕လာတာ ျဖစ္ပါတယ္ သတင္း – သံလြင္တိုင္းမ္

ထားဝယ်မြို့ပေါ်က စစ်ကောင်စီတပ်တချို့ ရုပ်သိမ်းပြီး တိုက်ပွဲဖြစ်ပွားနေရာသို့ ပို့ဆောင် မော်လမြိုင် ၊ နိုဝင်ဘာ ၂၅၊အာဏာသိမ်း စစ်ကောင်စီဟာ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်မှာ

လုံခြုံရေး ယူထားတဲ့ စစ်ကောင်စီတပ်တချို့ကို ရုပ်သိမ်းပြီး တိုက်ပွဲဖြစ်ပွားနေရာသို့ ပို့ဆောင်နေတယ်လို့ မြို့ခံတွေကသံလွင်တိုင်းမ်ကို ပြောပါတယ်

ထားဝယ် ကြက်စာပြင်ရပ်ကွက်က ရွာလယ်ဇရပ်၊ မီးရထားဘူတာ၊ ကာစတန်ဆိပ်ကမ်း၊ မင်းရပ်ကူတိုးဆိပ်၊ နတလကျောင်းနဲ့ မြို့ဦးကျောင်းနား ရော်ဘာဂိုဒေါင်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တချို့ကို ပြန်လည် ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်

လက်ရှိမှာတော့ စစ်ကောင်စီဟာ မြို့ပေါ် လုံခြုံရေးအတွက် ကြက်စာပြင်ရပ်ကွက်က ရွာလယ်ဇရပ်နဲ့ မီးရထားဘူတာတွေမှာပဲ တပ်အင်အားအနည်းငယ်သာ ကျန်ထားခဲ့တာ ဖြစ်ပါတယ်

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ ကံပေါက်ဒေသ ဗုံးပေါက်ကွဲမှုနဲ့ စစ်ကောင်စီတပ်ဖွဲဝင်ကားတွေ မိုင်းဆွဲတိုက်ခိုက် ခံရပြီးနောက်ပိုင်း လုံခြုံရေး ယူထားတဲ့ တပ်တွေကို ပြန်လည် ရုပ်သိမ်းသွားတာ ဖြစ်ပါတယ်

လက်ရှိမှာတော့ စစ်ကောင်စီဟာ ပြန်ရုပ်သွားတဲ့ တပ်တွေကို ရေဖြူ ကံပေါက်ဒေသနဲ့ လောင်းလုံမြို့နယ်ထဲက မင်းရပ်၊ ညင်မော်၊ ဂေါ့အင်းကျေးရွာတွေဘက်မှာ စစ်အင်းအားတိုးချဲ့လာတာ ဖြစ်ပါတယ် သတင်း – သံလွင်တိုင်းမ်

Leave a Reply

Your email address will not be published.