ကမ္ဘောဒီးယားက ကမကထလုပ်ပြီး ကျင်းပမယ့် အာရှ − ဥရောပ( ASEM) ထိပ်သီးအစည်းအဝေး မှာ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကို မဖိတ်ကြားဘူးလို့သိရပါတယ်။

အာဆီယံ ဥက္ကဋ္ဌ အသစ်ဖြစ်လာသူ ကမ္ဘောဒီးယားဟာ လာမယ့် ရက်သတ္တပတ်မှာ ASEM ထိပ်သီးအစည်းအဝေးကိုကျင်းပမှာပါ။

အဲဒီထိပ်သီးအစည်းအဝေးမှာ ကိုဗစ်အလွန်ကာလ လူမှုဘဝစီးပွားရေး ပြန်လည်ကုစားရေးနဲ့အားကောင်းအောင် လုပ်ဆောင်မယ့်အရေးတွေကိုဆွေးနွေးမှာဖြစ်ပါတယ်။

ဒါပေမယ့် ကမ္ဘောဒီးယားဟာ ထိပ်သီးအစည်းအဝေးကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိတ်ကြားမှာမဟုတ်ဘဲ အောက်တိုဘာလအတွင်း ကျင်းပခဲ့တဲ့ အာဆီယံ ဆုံးဖြတ်ချက်အတိုင်း နိုင်ငံရေးအရ ကိုယ်စားမပြု သူတစ်ဦးကို သာ ဖိတ်ကြားမယ်လို့ သိရပါတယ်။

အာရှ − ဥရောပ( ASEM)ထိပ်သီးအစည်းအဝေးကို အာရှနဲ့ ဥရောပ ဒေသတွင်း နိုင်ငံပေါင်း ၅၀ လောက်က ကိုယ်စားလှယ်တွေ ဟာ အွန်လိုင်းကနေ တက်ရောက်ကြမှာဖြစ်ပါတယ်။

ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာလ ၂၅ ရက်က စတင်ပြီး ၂ရက်ကြာ ကျင်းပမယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျင်းပပြီးသွားတဲ့ တရုတ်-အာဆီယံ ထိပ်တန်း ခေါင်းဆောင်ကြီးများ အွန်လိုင်း မှ ပြုလုပ်သည့် ဆွေးနွေးပွဲတွင်လည်း မြန်မာ နိုင်ငံ၏ ခေါင်းဆောင် အဖြစ် ခံယူထားသူ မင်းအောင်လှိုင် ကို မည်သူကမျှ လက်မခံ၍ ဘေးထွက် ထိုင် နေရသည့် ရှက်ဖွယ်လိလိ အဖြစ်ကြီး နှင့် ကြုံခဲ့ရပြန်သေးသည်။

အာဆီယံသည် ဘီဂျင်းရှိ မြန်မာ သံအမတ်ကို တက်ရောက်ခွင့် ပြုရန် သဘောတူ ခဲ့သော်လည်း မြန်မာဖက်က တဦးတယောက်မျှ ထွက်ပေါ်လာခဲ့ခြင်း မရှိဘဲ ထုံးစံအတိုင်း အလံလေးသာ တွေ့ကြရသည်။

ဤသည်မှာ တရုတ် အနေဖြင့် အာဆီယံ၏ ရပ်တည်ချက် ကို လေးစားကြောင်း ပြသနိုင်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံရေး အရ အမြတ်ထွက်သွားခဲ့ပေသည်။ မင်းအောင်လှိုင်အဖို့ ဆွန်ကောရှန်၏ ပျားရည်နှင့် ဝမ်းချခြင်းကိုသာ အောင့် သက်သက်နှင့် ခံလိုက်ရရှာသည်။

အိန္ဒိယ မှ ၂၀၂၂ ခုနှစ် သမ္မတနိုင်ငံ ထူထောင်သည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ မင်းအောင်လှိုင်အား ဖိတ်ကြားရန် ကြံစည်နေသည်ဟု သတင်းများ ထွက်ပေါ်လာနေခြင်းကို အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ငြင်းဆိုသွားခဲ့ကြောင်း သိရပါတယ်။

————-

ကေမာၻဒီးယားက ကမကထလုပ္ၿပီး က်င္းပမယ့္ အာရွ − ဥေရာပ( ASEM) ထိပ္သီးအစည္းအေဝး မွာ အာဏာသိမ္း စစ္ေကာင္စီေခါင္းေဆာင္မင္းေအာင္လႈိင္ကို မဖိတ္ၾကားဘူးလို႔သိရပါတယ္။

အာဆီယံ ဥကၠ႒ အသစ္ျဖစ္လာသူ ကေမာၻဒီးယားဟာ လာမယ့္ ရက္သတၱပတ္မွာ ASEM ထိပ္သီးအစည္းအေဝးကိုက်င္းပမွာပါ။

အဲဒီထိပ္သီးအစည္းအေဝးမွာ ကိုဗစ္အလြန္ကာလ လူမႈဘဝစီးပြားေရး ျပန္လည္ကုစားေရးနဲ႔အားေကာင္းေအာင္ လုပ္ေဆာင္မယ့္အေရးေတြကိုေဆြးေႏြးမွာျဖစ္ပါတယ္။

ဒါေပမယ့္ ကေမာၻဒီးယားဟာ ထိပ္သီးအစည္းအေဝးကို စစ္ေခါင္းေဆာင္မင္းေအာင္လႈိင္ကို ဖိတ္ၾကားမွာမဟုတ္ဘဲ ေအာက္တိုဘာလအတြင္း က်င္းပခဲ့တဲ့ အာဆီယံ ဆုံးျဖတ္ခ်က္အတိုင္း ႏိုင္ငံေရးအရ ကိုယ္စားမျပဳ သူတစ္ဦးကို သာ ဖိတ္ၾကားမယ္လို႔ သိရပါတယ္။

အာရွ − ဥေရာပ( ASEM)ထိပ္သီးအစည္းအေဝးကို အာရွနဲ႔ ဥေရာပ ေဒသတြင္း ႏိုင္ငံေပါင္း ၅၀ ေလာက္က ကိုယ္စားလွယ္ေတြ ဟာ အြန္လိုင္းကေန တက္ေရာက္ၾကမွာျဖစ္ပါတယ္။

ထိပ္သီးအစည္းအေဝးကို ႏိုဝင္ဘာလ ၂၅ ရက္က စတင္ၿပီး ၂ရက္ၾကာ က်င္းပမယ္လို႔ သိရပါတယ္။

ဒါ့အျပင္ က်င္းပၿပီးသြားတဲ့ တ႐ုတ္-အာဆီယံ ထိပ္တန္း ေခါင္းေဆာင္ႀကီးမ်ား အြန္လိုင္း မွ ျပဳလုပ္သည့္ ေဆြးေႏြးပြဲတြင္လည္း ျမန္မာ ႏိုင္ငံ၏ ေခါင္းေဆာင္ အျဖစ္ ခံယူထားသူ မင္းေအာင္လႈိင္ ကို မည္သူကမွ် လက္မခံ၍ ေဘးထြက္ ထိုင္ ေနရသည့္ ရွက္ဖြယ္လိလိ အျဖစ္ႀကီး ႏွင့္ ႀကဳံခဲ့ရျပန္ေသးသည္။

အာဆီယံသည္ ဘီဂ်င္းရွိ ျမန္မာ သံအမတ္ကို တက္ေရာက္ခြင့္ ျပဳရန္ သေဘာတူ ခဲ့ေသာ္လည္း ျမန္မာဖက္က တဦးတေယာက္မွ် ထြက္ေပၚလာခဲ့ျခင္း မရွိဘဲ ထုံးစံအတိုင္း အလံေလးသာ ေတြ႕ၾကရသည္။

ဤသည္မွာ တ႐ုတ္ အေနျဖင့္ အာဆီယံ၏ ရပ္တည္ခ်က္ ကို ေလးစားေၾကာင္း ျပသႏိုင္ခဲ့ျခင္း ျဖစ္ၿပီး ႏိုင္ငံေရး အရ အျမတ္ထြက္သြားခဲ့ေပသည္။ မင္းေအာင္လႈိင္အဖို႔ ဆြန္ေကာရွန္၏ ပ်ားရည္ႏွင့္ ဝမ္းခ်ျခင္းကိုသာ ေအာင့္ သက္သက္ႏွင့္ ခံလိုက္ရရွာသည္။

အိႏၵိယ မွ ၂၀၂၂ ခုႏွစ္ သမၼတႏိုင္ငံ ထူေထာင္သည့္ ႏွစ္ပတ္လည္ေန႔ အခမ္းအနားသို႔ မင္းေအာင္လႈိင္အား ဖိတ္ၾကားရန္ ႀကံစည္ေနသည္ဟု သတင္းမ်ား ထြက္ေပၚလာေနျခင္းကို အိႏၵိယ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနမွ ျငင္းဆိုသြားခဲ့ေၾကာင္း သိရပါတယ္။

Leave a Reply

Your email address will not be published.