သူမချစ်တဲ့ပရိတ်သတ်တွေကိုအခြေအနေဆိုးမှာအားပေးစကားပြောရင်းကတိတစ်ခုတောင်းလိုက်တဲ့မေမဒီချ
စ်လှစွာသောပရိတ်သတ်ကြီးရေအမျိုးသမီးတေးသံရှင်မေမဒီဟာဆိုရင်သီချင်းဆိုပြိုင်ပွဲတစ်ခုမှတစ်ဆင့်ဂီတလ
မ်းကြောင်းပေါ်ကိုလျှောက်လှမ်းလာတာဖြစ်ပြီးသီချင်းကောင်းလေးတွေကိုအသံချိုချိုအေးအေးလေးနဲ့သီဆိုတ
တ်တဲ့အဆိုတော်တစ်ဦးဖြစ်တဲ့အတွက် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရ ရှိထား တာပဲဖြစ်ပါတယ်
လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင်မေမဒီကဖေဖော်ဝါရီလမှစတင်ပြီးပြည်သူလူထုနဲ့အတူတစ်သားတ
ည်းရပ်တည်ခဲ့တာဖြစ်ပြီးအနုပညာရှင်ညီအစ်ကိုမောင်နှစ်မတွေနဲ့အတူလမ်းပေါ်ထွက်ပြီးတက်တက်ကြွကြွနဲ့ဆန္ဒဖော်
ထုတ်ခဲ့ကြတာပဲဖြစ်ပါတယ်
လက်ရှိမြန်မာနိုင်ငံမှာဆိုရင်ကိုဗစ်ရောဂါကပ်ဆိုးကြီးဟာပြန့်နှံ့နေတာဖြစ်ပြီးဒီရောဂါကြီးကြောင့်မထင်မှတ်ပဲလူ
့လောကကြီးကနေ နှုတ်ဖက်သွားခဲ့တဲ့သူတွေ လည်းအများအပြားရှိနေတာပဲဖြစ်ပါတယ် ဒီအခြေအနေနဲ့ပတ်သက်ပြီး မေမဒီက
သူမချစ်တဲ့ပရိတ်သတ်တွေကို အားပေးစာလေးတစ်ဆောင်ရေးလာခဲ့တာပဲဖြစ်ပါ တယ်ကျမ ချစ်ရတဲ့သူ များဆီသို့ အားပေးစာ
ကျမချစ်ရပါသော ကျမကိုချစ်သောသူများရှင့်ကျမကိုသစ္စာဖောက်ပြီး ထားခဲ့ရင် ကျမ အရမ်းကိုစိတ်ဆိုးမှာ ဖြစ်ပါတယ်
ကျမလဲရှင်တို့ကိုထားမသွားဘူးလို့ကတိပေးတယ်တခုခုဖြစ်ခဲ့ရင်တောင်ငါ့ကိုစိတ်ဆိုးမယ့်လူရှိတယ်နေကောင်း
မှဖြစ်မယ်ဆိုတဲ့ အတွေးလေးတော့ ကျမအတွက်ထားပေးပါ ကျမက စိတ်ပူတက်တယ် ဝမ်းနည်းလွယ်တယ်
ဒါကြောင့်ကျမကိုချစ်တဲ့စိတ်လေးနဲ့နေကောင်းအောင်နေမယ်လို့ကတိပေးပါငလူးငဗစ်ကိုအလဲထိုးပေးပါခုချိ
န်နေမကောင်းဖြစ်နေရင်လဲနေပြန်ကောင်းအောင်ကြိုးစားပြီးအစားတွေစားပါအားရှိအောစိတ်ညစ်ရမယ့်အရာေ
တွမေ့ထားပြီးတော့ပျော်စရာတွေတွေးပေးပါ ဥပမာ – ကျမ မျက်နှာလေးကို
မြင်ယောင်ကြည့်နေတာမျိုးပေါ့ ရှင်တို့ကိုဘယ်သူမှမချစ်ရင်တောင်ကျမချစ်တယ်ဆိုတာလေးယုံပေးပါ
ရောင်နီသာရင် ကျမပြန်လာခဲ့ပါမယ် နောက်ထပ်ဘယ်သူ့ကိုမှ အဆုံးအရှုံးမခံနိုင်သောကောင်မလေး 🌻မေမဒ
withlove#mmd#savemyanamar#StaySafe ဟုဆိုပြီးသူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသာလာခဲ့တာပဲဖြစ်
ပါတယ်။ဖတ်ရှုပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်