အကြမ်းဖက်လူသတ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုအိန္ဒိယနိုင်ငံ၏RepublicDayစစ်ရေးပြအခမ်းအနားဖိတ်ကြားဆိုသော သတင်း မဟုတ်မှန်ဟု အိန္ဒိယအစိုးရ ပြောရန်ကုန်၊ နိုဝင်ဘာ ၂၄

အကြမ်းဖက်လူသတ်ဖက်ဆစ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလာမည့်၂၀၂၂ခုနှစ်ဇန်နဝါရီလ၂၆ရက်နေ့ကျင်းပမည့်အိန္ဒိယနိုင်ငံ၏RepublicDayစစ်ရေးပြအခမ်းအနားဖိတ်ကြားသည်ဆိုသောသတင်းများမဟုတ်မှန်ဟုအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန် ရှင်းလင်းပြောဆိုသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ArindamBagchiက“RepublicDay2022စစ်ရေးပြအခမ်းအနားအတွက်ဧည့်သည်တော်အကြီးအကဲ ဖိတ်ကြားမယ့် စာရင်းကို မီဒီယာတွေက ခန့်မှန်းရေးနေတာတွေ့ပါတယ်။ အဲဒီမီဒီယာသတင်းတွေက အချက်အလက်အမှန်တွေကို အခြေခံမထားပါဘူး” ဟု ပြောဆိုသည်။

မင်းအောင်လှိုင်သည် အာဆီယံအစည်းအဝေးများမှ ဖယ်ထုတ်ခြင်းခံနေရပြီး ယခုလ ၂၂ ရက်နေ့ ကျင်းပခဲ့သည့် အာဆီယံ-တရုတ်အစည်းအဝေးတွင်လည်း တက်ခွင့်မရဘဲ ဖယ်ထုတ်ခြင်းခံထားရသည်။

Zawgyi


ရန်ကုန်၊ နိုဝင်ဘာ ၂၄




Leave a Reply

Your email address will not be published.