အရာေတာ္ၿမိဳ႕နယ္၊ သလဲဘာေက်းရြာသား ကိုမင္းနိုင္ကို အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားႏွင့္ ပ်ဴေစာထီးအဖြဲ႕ဝင္မ်ားက နိုဝင္ဘာလ ၂၃ ရက္ေန႔ နံနက္ပိုင္းတြင္ ကိုမင္းနိုင္ ဖြင့္လႊတ္ထားေသာ ရြာထိပ္ေစ်းဆိုင္တြင္ အေၾကာင္းမဲ့ လာေရာက္ ဖမ္းဆီး ေခၚေဆာင္သြားၿပီး ထြက္ေျပးသည္ဟု ဆိုကာ ပစ္သတ္ခဲ့ေၾကာင္း ေဒသခံျပည္သူမ်ားက ရန္ကုန္ေခတ္သစ္မီဒီယာသို႔ ေျပာဆိုသည္။


ကိုမင္းနိုင္ကို သလဲဘာေက်းရြာ ပ်ဴေစာထီးအဖြဲ႕ ေခါင္းေဆာင္ ေတာင္ႀကီး ဆိုသူက ဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး မူးျမစ္ထဲ ခုန္ခ်ထြက္ေျပးသည္ ဟုဆိုကာ ေက်ာက္ကုန္းရြာ အနီးရွိ ေသာင္ျပင္တြင္ ပစ္သတ္ခဲ့ေၾကာင္း ေဒသခံ ျပည္သူမ်ားက ေျပာဆိုသည္။


” သူ႔ကို NLD ပါတီ မဲဆြယ္ တုန္းက ပါတယ္ဆိုၿပီး အေၾကာင္းမဲ့ ရိုက္ႏွက္ဖမ္းသြားတာ ရဲကင္းမွာ သန႔္ရွင္းေရးလုပ္ခိုင္း‌ေတာ့ ကိုမင္းနိုင္က မလုပ္နိုင္ဘူးဆိုၿပီး ရဲကင္းနဲ႔ ကပ္ေနတဲ့ မူးျမစ္ထဲ ခုန္ခ်ၿပီး တ‌ဖက္ကမ္းက ေက်ာက္ကုန္း ရြာကိုကူး‌ေျပးတာကို ပ်ဴ နဲ႔ စစ္ေခြးေတြ ဆိုင္ကယ္ေတြနဲ႔

တဖက္ကမ္းကို လိုက္ဖမ္းေတာ့ ေသာင္ျပင္မွာ မိတယ္ေျပာတယ္။ သူ႔ကို အဲဒီေသာင္ျပင္မွာပဲ ပစ္သတ္လိုက္ၾကတာလို႔ သိရတယ္။ ေခါင္းတခ်က္၊ ဗိုက္ကိုတခ်က္။ အေလာင္းလာေကာက္ရင္ ပစ္သတ္မွာလို႔ ႀကိမ္းသြားေတာ့ ဘယ္သူမွ မေကာက္ရဲၾကဘူး။ အခု‌ေတာ့ ရြာကေတာင္းပန္ၿပီးသၿဂိဳလ္ၿပီးပါၿပီ” ဟု ေဒသခံျပည္သူ တစ္ဦးကေျပာဆိုသည္။


ကိုမင္းနိုင္ သတ္ျဖတ္ခံရၿပီးေနာက္ ပ်ဴေစာထီးမ်ား ႏွင့္ စစ္ေကာင္စီ တပ္သားမ်ားက ၎ေဈးဆိုင္ရွိ အရက္၊ ဘီယာမ်ား အပါအဝင္ တန္ဖိုးရွိ ပစၥည္းမ်ားကိုလည္း ေမႊေႏွာက္ယူေဆာင္သြားေသးေၾကာင္း သိရသည္။

အရာတော်မြို့နယ်၊ သလဲဘာကျေးရွာသား ကိုမင်းနိုင်ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များက နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကိုမင်းနိုင် ဖွင့်လွှတ်ထားသော ရွာထိပ်စျေးဆိုင်တွင် အကြောင်းမဲ့ လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားပြီး ထွက်ပြေးသည်ဟု ဆိုကာ ပစ်သတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။


ကိုမင်းနိုင်ကို သလဲဘာကျေးရွာ ပျူစောထီးအဖွဲ့ ခေါင်းဆောင် တောင်ကြီး ဆိုသူက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မူးမြစ်ထဲ ခုန်ချထွက်ပြေးသည် ဟုဆိုကာ ကျောက်ကုန်းရွာ အနီးရှိ သောင်ပြင်တွင် ပစ်သတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။


” သူ့ကို NLD ပါတီ မဲဆွယ် တုန်းက ပါတယ်ဆိုပြီး အကြောင်းမဲ့ ရိုက်နှက်ဖမ်းသွားတာ ရဲကင်းမှာ သန့်ရှင်းရေးလုပ်ခိုင်း‌တော့ ကိုမင်းနိုင်က မလုပ်နိုင်ဘူးဆိုပြီး ရဲကင်းနဲ့ ကပ်နေတဲ့ မူးမြစ်ထဲ ခုန်ချပြီး တ‌ဖက်ကမ်းက ကျောက်ကုန်း ရွာကိုကူး‌ပြေးတာကို ပျူ နဲ့ စစ်ခွေးတွေ ဆိုင်ကယ်တွေနဲ့ တဖက်ကမ်းကို လိုက်ဖမ်းတော့ သောင်ပြင်မှာ

မိတယ်ပြောတယ်။ သူ့ကို အဲဒီသောင်ပြင်မှာပဲ ပစ်သတ်လိုက်ကြတာလို့ သိရတယ်။ ခေါင်းတချက်၊ ဗိုက်ကိုတချက်။ အလောင်းလာကောက်ရင် ပစ်သတ်မှာလို့ ကြိမ်းသွားတော့ ဘယ်သူမှ မကောက်ရဲကြဘူး။ အခု‌တော့ ရွာကတောင်းပန်ပြီးသဂြိုလ်ပြီးပါပြီ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။


ကိုမင်းနိုင် သတ်ဖြတ်ခံရပြီးနောက် ပျူစောထီးများ နှင့် စစ်ကောင်စီ တပ်သားများက ၎င်းဈေးဆိုင်ရှိ အရက်၊ ဘီယာများ အပါအဝင် တန်ဖိုးရှိ ပစ္စည်းများကိုလည်း မွှေနှောက်ယူဆောင်သွားသေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published.