အခုရက်ပိုင်း တပ် ရဲ CDM တွေကနေ ဒလန် သို့ သူလျှို ပုံစံတွေ တွေ့လာရတယ်။ သူတို့ တွေကြောင့် တပ် ရဲ CDM တွေ နာမည်ပျက်ကုန်တယ် တပ်ရဲ CDMတွေကိုကူညီတဲ့ အဖွဲ့တွေအပေါ်ပါ သံသယ ဝင်လာကြတယ်
ကျနော် RFA က ဦးခင်မောင်စိုးနဲ့ လုပ်တဲ့ အင်တာဗျုးမှာ တခါပြောဖူးပါတယ်။တပ် ရဲ CDM တွေကနေ သူလျှိုလုပ်တာတွေကို လုပ်လာနိုင်ပါတယ်။သတိထားကြပါ လို့ ကျနော် မကြာခဏ သတိပေးဖူးပါတယ်
စကစက တော်လှန်ရေးကို ပျက်စီးစေမယ့် အရာတွေကို နည်းပေါင်းစုံနဲ့လုပ်မှာပါ။တပ် ရဲ CDMတွေကို ကူညီနေတဲ့ အဖွဲ့တွေရော NUG ရော သက်ဆိုင်ရာ EAOS အဖွဲ့တွေရော ဒါကိုစနစ်တကျပြင်ဆင်ခဲ့ပါတယ်
သတိထားပြီးလည်းစောင့်ကြည်ပါတယ်။ အခုသတင်း ထွက်လာတဲ့သူတွေဟာ စောင့်ကြည့်နေတဲ့ network အပြင်မှာ လှုပ်ရှားတဲ့သူတွေလို့ အကြမ်းမျဉ်း သိရပါတယ်။
ပြည်သူရင်ခွင်ခိုလှုံတဲ့ တပ်ရဲအစီအစဉ်ဟာ NUG နဲ့ EAOS တွေကိုယ်တိုင်ကကို လက်ခံထားတဲ့ ဗျုဟာ တစ်ခုပါ။ အဲ့ဗျုဟာကို အားလုံးပူးပေါင်းပြီး ဆောင်ရွက်နေကြတာမို့ ကျနော်တို့ပြည်သူတွေအနေနဲ့ လည်း သံသယ အများကြီးမဖြစ်ဖို့ ပြောချင်ပါတယ်
ဒီနေ့အချိန်ထိ ပြည်သူ့ရင်ခွင်ခိုလှုံထားသူ ရဲ ၆၀၀၀ ခန့် တပ် ၂၀၀၀ ကျော်ရောက်ရှိလာပါပြီ။ စစ်တပ်ရဲ့ အင်အား ၅ သိန်းပဲထား ၁ ရာခိုင်နှုန်းခန့်ကို တပ်ဘက်က အင်အားကို ပြည်သူ့ဘက်ကို ဆွဲယူထားနိုင်ပါပြီ (၅သိန်းမှာ တပ်ရဲ အကုန်ပါပါတယ်)
ဒါကြောင့်မို့ပြည်သူ့ရင်ခွင်အစီအစဉ်ကိုဝိုင်းဝန်းကူညီပေးကြဖို့အားလုံးကိုမေတ္တာရပ်ခံပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်Edit စိုးရိမ်မှုတွေကိုနားလည်ပါတယ်ခင်ဗျာ အကောင်းဆုံးဖြစ်အောင် လုံခြုံမှုရှိအောင် ကြိုးစားနေပါတယ်
Linn Htet Aung
Leave a Reply
Your email address will not be published.