စကစ၏ ေပါေတာေတာ မတရား အမိန႔္မ်ားက မႏၲေလးလူထု၏ ထမင္းအိုးကို ႐ိုက္ခြဲေနတာလို႔ ၿမိဳ႕ခံမ်ားေျပာဆိုင္ကယ္ အဓိကထား အသုံးျပဳသည့္ မႏၲေလးၿမိဳ႕တြင္ ဆိုင္ကယ္ႏွင့္ ပတ္သက္သည့္ တရားမဲ့ အမိန႔္ ထုတ္ျပန္ျခင္းသည္ ၿမိဳ႕လူထု၏ထမင္းအိုးကို ႐ိုက္ခြဲျခင္း ျဖစ္သည္ဟု ၿမိဳ႕ခံမ်ားက ေျပာသည္

“တို႔ မႏၲေလး ဆိုတာက ဆိုင္ကယ္ အဓိကထား သြားလာၾကတဲ့ၿမိဳ႕ပါ။ ေနထိုင္မေကာင္းျဖစ္လည္း ဆိုင္ကယ္နဲ႔ပဲ။ ေစ်းသြားလည္း ဆိုင္ကယ္နဲ႔ပဲ ဆိုလိုတာက ဆိုင္ကယ္နဲ႔ ကင္းလို႔ကို မရတာေနာက္ၿပီးေတာ့ ဆိုင္ကယ္ကယ္ရီသမားေတြ။ အခု စစ္တပ္က မတရားသျဖင့္ အမိန႔္ေတြထုတ္ၿပီး လုပ္ေနတာေၾကာင့္ ဘယ္ေလာက္ေတာင္ခက္ခဲလိုက္ၾကမလဲ။ စစ္တပ္ဟာ ျပည္သူရဲ႕ ထမင္းလုပ္ကို ပုတ္ထုတ္႐ုံ မကေတာ့ဘူး။ ဝမ္းဗိုက္ပါ ေဖာက္ခြဲေနၿပီ

ဆိုင္ကယ္ေတြကိုတရားမဲ့ တင္းက်ပ္တာဟာ ျပည္သူ႔ ထမင္းအိုး ႐ိုက္ခြဲတာပဲ” ဟု ၿမိဳ႕ခံ စာေရးဆရာႀကီး တစ္ဦးက ေျပာသည္အာဏာသိမ္း စစ္ေကာင္စီသည္ ဆိုင္ကယ္အသုံးျပဳျခင္းဆိုင္ရာ ေဒသႏၲရ အမိန႔္ဟု ဆိုကာ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၂၀ ရက္ေန႔မွ စ၍တင္းက်ပ္သည့္ ကန႔္သတ္မႈမ်ား ျပဳလုပ္ခဲ့သည္

ထုတ္ျပန္ခ်က္တြင္ ဆိုင္ကယ္စီးလွ်င္ အမ်ိဳးသားႏွစ္ေယာက္တြဲ မစီးရန္၊ အမ်ိဳးသမီး၏ အေနာက္တြင္ အမ်ိဳးသား လိုက္ပါစီးနင္းျခင္း မျပဳရန္ႏွင့္ မလိုက္နာလ်င္ တည္ဆဲ ဥပေဒျဖင့္ အေရးယူမည္ ဟုေဖာ္ျပထားသည္

“ဆိုင္ကယ္ တားတယ္။ ကိုယ့္မွာက အားလုံး ျပည့္ျပည့္စုံစုံ ရွိၿပီးသားမို႔လို႔ ေအးေဆးပဲေပါ့။ ဘယ္ဟုတ္မလဲ။ Mask တပ္လို႔ ဆိုၿပီး ရစ္လိုက္တာဗ်ာ။ ဆိုင္ကယ္စီးရင္ Mask မတပ္နဲ႔တဲ့။ ဟုတ္ကဲ့ပါ ဆိုၿပီး ၿပီးၿပီမွတ္တာ။ ဒဏ္ေငြ႐ိုက္ခံရတယ္ သုံးေသာင္းအသိမိတ္ေဆြ တစ္ေယာက္လည္း ေဆးခန္းပို႔တာ က်ားႏွစ္ေယာက္ စီးလို႔တဲ့ ဒဏ္ေငြသုံးေသာင္း ႐ိုက္ခံရတယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္

အမိန႔္ ထုတ္ျပန္ခ်က္တြင္ ႏိုဝင္ဘာ ၁၃ ရက္ေန႔မွ ၁၉ ရက္အထိ ပညာေပးကာလျဖင့္ ေဆာင္႐ြက္ခဲ့ၿပီး ျဖစ္ေၾကာင္း ပါရွိေသာ္လည္း ပညာေပးကာလ တကယ္မရွိခဲ့ဟု ၿမိဳ႕ခံမ်ားက ေျပာသည္။

မႏၲေလးၿမိဳ႕တြင္ ဆိုင္ကယ္ အသုံးျပဳသူမ်ားအား ႏိုဝင္ဘာ ၂၀ ရက္မွစ၍ ေဒသႏၲရ အမိန႔္ျဖင့္ ဖမ္းဆီး ဒဏ္႐ိုက္မႈ ျပဳလုပ္ေနသည့္ အထဲတြင္

ယာဥ္ထိန္းရဲ၊ စည္ပင္ရဲ၊ မီးသတ္တပ္ဖြဲ႕၊ ၿမိဳ႕နယ္ စီမံခန႔္ခြဲေရးႏွင့္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန ဝန္ထမ္းမ်ား ပါဝင္သည္ဟုၿမိဳ႕ခံမ်ားက ေျပာသည္။MIZZIMA

စကစ၏ ပေါတောတော မတရား အမိန့်များက မန္တလေးလူထု၏ ထမင်းအိုးကို ရိုက်ခွဲနေတာလို့ မြို့ခံများပြောဆိုင်ကယ် အဓိကထား အသုံးပြုသည့် မန္တလေးမြို့တွင် ဆိုင်ကယ်နှင့် ပတ်သက်သည့် တရားမဲ့ အမိန့် ထုတ်ပြန်ခြင်းသည် မြို့လူထု၏ထမင်းအိုးကို ရိုက်ခွဲခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်

“တို့ မန္တလေး ဆိုတာက ဆိုင်ကယ် အဓိကထား သွားလာကြတဲ့မြို့ပါ။ နေထိုင်မကောင်းဖြစ်လည်း ဆိုင်ကယ်နဲ့ပဲ။ စျေးသွားလည်း ဆိုင်ကယ်နဲ့ပဲ ဆိုလိုတာက ဆိုင်ကယ်နဲ့ ကင်းလို့ကို မရတာ

နောက်ပြီးတော့ ဆိုင်ကယ်ကယ်ရီသမားတွေ။ အခု စစ်တပ်က မတရားသဖြင့် အမိန့်တွေထုတ်ပြီး လုပ်နေတာကြောင့် ဘယ်လောက်တောင်ခက်ခဲလိုက်ကြမလဲ။ စစ်တပ်ဟာ ပြည်သူရဲ့ ထမင်းလုပ်ကို ပုတ်ထုတ်ရုံ မကတော့ဘူး။ ဝမ်းဗိုက်ပါ ဖောက်ခွဲနေပြီ

ဆိုင်ကယ်တွေကိုတရားမဲ့ တင်းကျပ်တာဟာ ပြည်သူ့ ထမင်းအိုး ရိုက်ခွဲတာပဲ” ဟု မြို့ခံ စာရေးဆရာကြီး တစ်ဦးက ပြောသည်အာဏာသိမ်း စစ်ကောင်စီသည် ဆိုင်ကယ်အသုံးပြုခြင်းဆိုင်ရာ ဒေသန္တရ အမိန့်ဟု ဆိုကာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့မှ စ၍တင်းကျပ်သည့် ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်

ထုတ်ပြန်ချက်တွင် ဆိုင်ကယ်စီးလျှင် အမျိုးသားနှစ်ယောက်တွဲ မစီးရန်၊ အမျိုးသမီး၏ အနောက်တွင် အမျိုးသား လိုက်ပါစီးနင်းခြင်း မပြုရန်နှင့် မလိုက်နာလျင် တည်ဆဲ ဥပဒေဖြင့် အရေးယူမည် ဟုဖော်ပြထားသည်

“ဆိုင်ကယ် တားတယ်။ ကိုယ့်မှာက အားလုံး ပြည့်ပြည့်စုံစုံ ရှိပြီးသားမို့လို့ အေးဆေးပဲပေါ့။ ဘယ်ဟုတ်မလဲ။ Mask တပ်လို့ ဆိုပြီး ရစ်လိုက်တာဗျာ။ ဆိုင်ကယ်စီးရင် Mask မတပ်နဲ့တဲ့။ ဟုတ်ကဲ့ပါ ဆိုပြီး ပြီးပြီမှတ်တာ။ ဒဏ်ငွေရိုက်ခံရတယ် သုံးသောင်း

အသိမိတ်ဆွေ တစ်ယောက်လည်း ဆေးခန်းပို့တာ ကျားနှစ်ယောက် စီးလို့တဲ့ ဒဏ်ငွေသုံးသောင်း ရိုက်ခံရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်

အမိန့် ထုတ်ပြန်ချက်တွင် နိုဝင်ဘာ ၁၃ ရက်နေ့မှ ၁၉ ရက်အထိ ပညာပေးကာလဖြင့် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ပါရှိသော်လည်း ပညာပေးကာလ တကယ်မရှိခဲ့ဟု မြို့ခံများက ပြောသည်။မန္တလေးမြို့တွင် ဆိုင်ကယ် အသုံးပြုသူများအား နိုဝင်ဘာ ၂၀ ရက်မှစ၍ ဒေသန္တရ အမိန့်ဖြင့် ဖမ်းဆီး ဒဏ်ရိုက်မှု ပြုလုပ်နေသည့် အထဲတွင်

ယာဉ်ထိန်းရဲ၊ စည်ပင်ရဲ၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းများ ပါဝင်သည်ဟုမြို့ခံများက ပြောသည်။MIZZIMA

Leave a Reply

Your email address will not be published.