နိုဝင္ဘာ ၂၂၊ ၂၀၂၁၊ ရန္ကုန္တိုင္းထဲက လူမႈကူညီေရးအသင္းေတြကို လိုင္စင္မဲ့ကားသုံးစြဲခြင့္ မျပဳေတာ့တာေၾကာင့္ လွိုင္သာယာက လူမႈေရးအသင္းအားလုံးနီးပါး ပရဟိတကူညီေရးလုပ္ငန္းေတြကို ရပ္နားလိုက္ဖို႔ဆုံးျဖတ္ထားၾကတယ္လို႔ သိရပါတယ္

လႈမႈေရးအသင္းအမ်ားစုမွာ လိုင္စင္မဲ့ကားေတြသာရွိတာေၾကာင့္ အခုလို လိုင္စင္မဲ့ကားသုံးစြဲခြင့္မျပဳတာဟာ လူထူကိုအမွန္တကယ္ကူညီေနတဲ့ အသင္းအဖြဲ႕ေတြအတြက္ ဒုကၡေရာက္သလို၊ ျပည္သူလူထုအတြက္လည္း ထိခိုက္မႈေတြရွိတယ္လို႔ သိရပါတယ္

သိၿပီးၿပီ၊ လွိုင္သာယာမွာေရာ ထန္းတပင္မွာေရာ လိုင္စင္နဲ႔ကား တစီးမွမရွိပါဘူး လိုင္စင္နဲ႔ဆိုရင္ သိန္း ၂၀၀ ဝန္းက်င္ရွိပါတယ္ အဲ့ဒါကိုဘယ္သူမွ မတည္ၿပီးလႉဒါန္းတဲ့ အလႉရွင္လည္း မရွိပါဘူးအသင္းေတြကို ရပ္နားဖို႔ပဲ ဆုံးျဖတ္လိုက္ပါတယ္ အသင္းေတြအေနနဲ႔ နိုင္ငံေရးကင္းရွင္းေၾကာင္း ဆိုတာကိုလည္း တရားဝင္လက္မွတ္ေရးထိုးၿပီးၿပီ တင္ျပထားၿပီးသား

ျပည္သူလူထုကိုအေျချပဳၿပီးေတာ့ လူမႈေရးကို သပ္သပ္လုပ္ေနတဲ့ အေၾကာင္းကိုလည္း အဆင့္ဆင့္ စာပို႔ထားတယ္ ဒါကိုမွ ပရဟိတေတြကို လုပ္တယ္ဆိုေတာ့ မတတ္နိုင္ေတာ့ဘူးေပါ့ လို႔ လွိုင္သာယာၿမိဳ႕နယ္က လူမႈေရးအသင္းတခုမွ တာဝန္ရွိသူကေျပာပါတယ္ေတာ္ေတာ္မ်ားမ်ားက လိုင္စင္မဲ့ကားေတြက မ်ားပါတယ္ တခ်ိဳ႕အသင္းေတြမွာေတာ့လည္း လိုင္စင္ရွိကားေတြရွိပါတယ္ ၿမိဳ႕နယ္ခ်ေပးထားတဲ့ကားေတြလည္းရွိတယ္ က်ေနာ္တို႔ဆိုလည္း

ၿမိဳ႕နယ္ကေပးထားတဲ့ ကားရွိတယ္ သူကလိုင္စင္ရွိတယ္ ဒီေတာ့ အဲ့ကားနဲ႔ပဲဆက္လုပ္ရမွာေပါ့ လို႔ လွည္းကူးၿမိဳ႕နယ္က လူမႈကူညီေရးအသင္းတခုရဲ့တာဝန္ရွိသူကေျပာပါတယ္လိုင္စင္မဲ့ကား သုံးစြဲခြင့္မျပဳေတာ့ေၾကာင္းနဲ႔ မွတ္ပုံမတင္ရေသးတဲ့ အသင္းေတြအားလုံး မွတ္ပုံတင္ဖို႔ ၊ မွတ္ပုံမတင္ပါက အသင္းဖ်က္သိမ္းဖို႔ကိစၥနဲ႔ ပတ္သက္ၿပီး သက္ဆိုင္ရာ

ရပ္ကြက္အုပ္ခ်ဳပ္ေရး႐ုံးေတြ၊ လူမႈကူညီေရးအသင္းေတြဆီ အသိေပးသလို၊ သိရွိေၾကာင္းလည္း လက္မွတ္ေရးထိုးခဲ့ ရတယ္လို႔ သိရပါတယ္လိုင္စင္ရွိ ကားေတြရွိတဲ့ လူမႈေရးအသင္းေတြကေတာ့ ဆက္လုပ္ဖို႔ စီစဥ္ထားၿပီး လိုင္စင္မဲ့ကားေတြသာရွိၿပီး အသင္းမွတ္ပုံတင္ထားျခင္း မရွိေသးတဲ့ အသင္းေတြကေတာ့

လုပ္ငန္းေတြရပ္ဆိုင္းမယ္လို႔ ေျပာဆိုၾကပါတယ္ လူမႈေရးအသင္းအဖြဲေတြဟာ ျပည္သူလူထုရဲ့ အေရးေပၚက်န္းမာေရးကိစၥေတြအတြက္ မရွိမျဖစ္လိုအပ္တဲ့အသင္းေတြလည္း ျဖစ္ပါတယ္ Ref: VOMနိုဝင်ဘာ ၂၂၊ ၂၀၂၁၊ ရန်ကုန်တိုင်းထဲက လူမှုကူညီရေးအသင်းတွေကို လိုင်စင်မဲ့ကားသုံးစွဲခွင့် မပြုတော့တာကြောင့် လှိုင်သာယာက လူမှုရေးအသင်းအားလုံးနီးပါး ပရဟိတကူညီရေးလုပ်ငန်းတွေကို ရပ်နားလိုက်ဖို့ဆုံးဖြတ်ထားကြတယ်လို့ သိရပါတယ်

လှုမှုရေးအသင်းအများစုမှာ လိုင်စင်မဲ့ကားတွေသာရှိတာကြောင့် အခုလို လိုင်စင်မဲ့ကားသုံးစွဲခွင့်မပြုတာဟာ လူထူကိုအမှန်တကယ်ကူညီနေတဲ့ အသင်းအဖွဲ့တွေအတွက် ဒုက္ခရောက်သလို၊ ပြည်သူလူထုအတွက်လည်း ထိခိုက်မှုတွေရှိတယ်လို့ သိရပါတယ်သိပြီးပြီ၊ လှိုင်သာယာမှာရော ထန်းတပင်မှာရော လိုင်စင်နဲ့ကား တစီးမှမရှိပါဘူး လိုင်စင်နဲ့ဆိုရင် သိန်း ၂၀၀ ဝန်းကျင်ရှိပါတယ် အဲ့ဒါကိုဘယ်သူမှ မတည်ပြီးလှူဒါန်းတဲ့ အလှူရှင်လည်း မရှိပါဘူး

အသင်းတွေကို ရပ်နားဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ် အသင်းတွေအနေနဲ့ နိုင်ငံရေးကင်းရှင်းကြောင်း ဆိုတာကိုလည်း တရားဝင်လက်မှတ်ရေးထိုးပြီးပြီ တင်ပြထားပြီးသားပြည်သူလူထုကိုအခြေပြုပြီးတော့ လူမှုရေးကို သပ်သပ်လုပ်နေတဲ့ အကြောင်းကိုလည်း အဆင့်ဆင့် စာပို့ထားတယ် ဒါကိုမှပရဟိတတွေကို လုပ်တယ်ဆိုတော့ မတတ်နိုင်တော့ဘူးပေါ့ လို့ လှိုင်သာယာမြို့နယ်က လူမှုရေးအသင်းတခုမှ တာဝန်ရှိသူကပြောပါတယ်

တော်တော်များများက လိုင်စင်မဲ့ကားတွေက များပါတယ် တချို့အသင်းတွေမှာတော့လည်း လိုင်စင်ရှိကားတွေရှိပါတယ်မြို့နယ်ချပေးထားတဲ့ကားတွေလည်းရှိတယ် ကျနော်တို့ဆိုလည်းမြို့နယ်ကပေးထားတဲ့ ကားရှိတယ် သူကလိုင်စင်ရှိတယ် ဒီတော့ အဲ့ကားနဲ့ပဲဆက်လုပ်ရမှာပေါ့ လို့ လှည်းကူးမြို့နယ်က လူမှုကူညီရေးအသင်းတခုရဲ့တာဝန်ရှိသူကပြောပါတယ်

လိုင်စင်မဲ့ကား သုံးစွဲခွင့်မပြုတော့ကြောင်းနဲ့ မှတ်ပုံမတင်ရသေးတဲ့ အသင်းတွေအားလုံး မှတ်ပုံတင်ဖို့ ၊ မှတ်ပုံမတင်ပါကအသင်းဖျက်သိမ်းဖို့ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွေ၊ လူမှုကူညီရေးအသင်းတွေဆီ အသိပေးသလို၊ သိရှိကြောင်းလည်း လက်မှတ်ရေးထိုးခဲ့ ရတယ်လို့ သိရပါတယ်

လိုင်စင်ရှိ ကားတွေရှိတဲ့ လူမှုရေးအသင်းတွေကတော့ ဆက်လုပ်ဖို့ စီစဉ်ထားပြီး လိုင်စင်မဲ့ကားတွေသာရှိပြီး အသင်းမှတ်ပုံတင်ထားခြင်း မရှိသေးတဲ့ အသင်းတွေကတော့လုပ်ငန်းတွေရပ်ဆိုင်းမယ်လို့ ပြောဆိုကြပါတယ် လူမှုရေးအသင်းအဖွဲတွေဟာ ပြည်သူလူထုရဲ့ အရေးပေါ်ကျန်းမာရေးကိစ္စတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အသင်းတွေလည်း ဖြစ်ပါတယ် Ref: VOM

Leave a Reply

Your email address will not be published.