လောက်ကိုင်နဲ့မြဝတီမှာမက်လုံးပေးပြီးခုအခေါ်များနေတဲ့အလုပ်ကြောင်းပြောပြမယ်လူငယ်တွေလမ်းမှားမရောက်စေချင်လို့လောက်ကိုင်နဲ့မြဝတီမှာခုအခေါ်များနေတဲ့အလုပ်ကြောင်းပြောပြမယ်ခေါ်တဲ့ပုံစံက online Game , customer Service

online marketing အစရှိလို နာမည်တွေနဲ့ ခေါ်ကြတယ်…English 4 skill ကျွမ်းရမယ်computerတက်ရမယ်ဆိုပြီးခေါ်တယ်လစာက နေစားငြိမ်း ၁၂ သိန်း ၁၅ သိန်းဝန်းကျင်ပေးကြပါတယ်…အဲ့အလုပ်က နိုင်ငံခြားသားတွေဆီက what app သုံးပြီး လိမ်ရတာပါနော်

နိုင်ငံခြားသားတွေကိုပထမဆုံးမိန်းကလေးအရောင်းဆောင်ပြီးရင်းနီးအောင်လုပ်ရတယ်ရင်းနီးသွားပြီဆိုအလုပ်အကိုင်အကြောင်းတွေပြောတယ်..ငါဝင်ငွေဘယ်လောက်ကောင်းကြောင်း ဘာလုပ်ငန်းတွေလုပ်ကြောင်းပေါ့

သူ့ကို ရင်းနှီးမြုတ်နှံဖို့ခေါ်ရမယ် အတိုးဘယ်လောက်ပေးမယ်ပေါ့…ပထမဆုံး ၁ကြိမ် ၂ကြိမ်တော့ အတိုးကို ထည့်ပေးတယ်ဟိုဘက်က ယုံကြည်ပြီး အများကြီး ငွေလွှဲ ရင်းနှီးမြုတ်နှံမှ block လိုက်ရတာ ဂိမ်းတွေဆိုလဲ သူ့ဆီက ငွေရောက် block လိုက်ရတာ..

အလုပ်ကအပြင်လုံးဝမထွက်ရဘူးထွက်ရလဲတစ်လတစ်ခါအဲ့တာလဲသူ့တို့ကားနဲ့လိုက်ပို့တာလစာကပထမဆုံးလတာ၁၂သိန်း၁၅သိန်းပေးတာပါနောက်လဆိုကိုယ်လိမ်နိုင်မှပိုက်ဆံရတာမလိမ်နိုင်ရင်လဲ အရိုက်ခံရတယ် အထုခံရတယ်လိမ်နိုင်တဲ့သူ ငွေများများ ရှာပေးနိုင်သူဆို အိမ်ပြန်ရဖို့လမ်းမရှိတော့ဘူး သူ့ကို လက်လွှတ်မခံတော့ဘူး

အလုပ်ချိန် ၁၂ နာရီ အနည်းဆုံးလုပ်ရပါတယ် တစ်ခါ တလေမအိပ်ရဘူးနော် မိန်းကလေးတွေဆို နိုင်ငံခြား သားတွေနဲ့ S e x c h a t ရတဲ့အထိ ပါတက်တယ်အလုပ်ကလုပ်မဲ့သူဆို ကားစရိတ် ခံခေါ်တက်ကြတယ်အပြင်ထွက်ရတဲ့သူဆိုတာကလဲ သူဌေးလူယုံဖြစ်မှ ထွက်ရတက်

တာပြည်သူ့စစ် လုံခြုံရေးအပြည့်နဲ့ ဟိုတယ် အထက်မြင့်တွေမြို့အစွန်ဖျားတွေမှာ လုပ်ရတာပါခိုးထွက်လို့လဲ မရဘူး ထွက်ခဲ့ရင် အသက်ပါပေးရပါလိမ့်မယ်လုံးဝ အဲ့အလုပ်တွေ မလုပ်ကြပါနဲ့နော် ခုမြန်မာပြည်က ပညာတက်လေးတွေယုံစားပြီး အရမ်းကို ဒီဘက်တက်လာကြတာ

တရုတ်လူမျိုးတွေက ပြည်တွင်းမှာ အဖမ်းအဆီးများလို့မြန်မာ နယ်စပ်တွေမှာ လုပ်စားကြတာပါ သူချို့မိန်းကလေးတွေဆို တရုတ်သူဌေးရဲ့မု ဒိ မ်းပါ ကျင့်ခံရတက်ပါတယ်မြန်မာပြည်ကပညာတက်လေးတွေ သတိထားစဉ်ချင် နိုင်ဖို့ပါ

အရမ်းကို စွားရွားတဲ့ အလုပ်ပါနော် သူများဆီက ရတဲ့အပူစာတွေဖြစ်သလို မိမိလဲ လူလိမ်ဖြစ် မိမိ အသိုင်း ဝိုင်းလဲမကောင်း မိမိ အသက်ရှင်ရေးဟာလဲ မသေချာ အရိုက်ခံအထုခံ အနှိပ်ဆက်ခံ အလုပ်ကြီးပါပညာတက်ကလေးတွေ အများကြီး နွံနစ်ခံနေရလို့အများ သိအောင် Share ပေးကြပါရှင်

Leave a Reply

Your email address will not be published.