ကိုယ်ကPDFKalayတပ်ရင်း2ကတပ်သားတစ်ယောက်ပါအရင်ကတော့ကျောင်းဆရာမတစ်ယောက်ပေါ့Febလကတည်းကCDMလှုပ်ရှားမှုမှာပါဝင်ပြီးစစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တယ်CDM လုပ်ထားတော့ မိဘတွေက အဖမ်းခံရမှာစိတ်ပူကြတယ် အဲလိုနဲ့ Aprilလ ရောက်တော့ပညာရေးရုံးက Non CDM လုပ်ရင် လစာပြန်ပေးမယ်

ဝန်ခံကတိနဲ့ လက်မှတ်လာထိုးပါပေါ့ ပြန်ခေါ်တယ်အိမ်ကလူတွေကလည်း လက်မှတ်သွားထိုးဖို့ နေ့တိုင်းညတိုင်း မဲဆွယ်ကြတာအဲဒါနဲ့ ကိုယ်လည်းလက်မှတ်သွားထိုးမယ်လို့ပြောပြီးအိမ်ကနေအဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ဆင်းလာခဲ့လိုက်တယ်အိမ်ကလူတွေကိုလည်းအကုန်လုံးအဆက်အသွယ်ဖြတ်ပစ်ခဲ့တာ

အဲလိုပဲ အလေအလွင့်ဘဝနဲ့ နေလာရင်းစစ်သင်တန်းသွားရဖို့ အမြဲစုံစမ်းနေခဲ့တာJune လရောက်တော့ သူငယ်ချင်းရဲ့အဆက်အသွယ်နဲ့ CNF_CNAမှာသင်တန်းသွားတက်ခဲ့တယ်ကိုယ်တို့အပတ်စဉ်က2လတက်ရတဲ့အခြေခံစစ်သင်တန်းပေါ့ဒီဘက်နယ်မှာတော့2လအခြေခံသင်တန်းဆင်းတာ ကိုယ်တို့ကပထမဆုံးပေါ့

Augustလမှာသင်တန်းဆင်းပြီးPDFKalayတပ်ရင်း2မှာတပ်သားအဖြစ်ဝင်ကြတယ်ကိုယ်တွေကတပ်စုတစ်စုအနေနဲ့ပေါ့ကိုယ်တို့တပ်စုက သင်တန်းသာဆင်းထားရတာဘယ်ကမှ အထောက်အပံ့မရှိလို့ လက်နက်လည်းမဝယ်နိုင်ဘူး တိုက်ပွဲတွေဖြစ်ရင်လည်းလက်နက်မရှိတော့ ဝင်မကူနိုင်ဘူး

တိုက်ပွဲဖြစ်တာနဲ့ တစ်ဖွဲ့လုံးပုန်းရတဲ့အနေအထားမှာပဲ ဖြစ်နေတယ်‘ငါတို့လည်း ပြန်ခံတိုက်ချင်တယ် မပုန်းချင်တော့ဘူး’ ဒီစကားကိုပဲ ခနခနပြောနေရတယ်ဒါကြောင့် မိဘပြည်သူများအနေနဲ့ ကိုယ်တတ်နိုင်သလောက်လေး လှူပေးကြစေချင်ပါတယ်

ဒီအဖွဲ့ကိုရောဒီလူကိုရောယုံလို့ရပါတယ်တော်လှန်ရေးအတွက်လှူတဲ့ငွေကိုတော်လှန်ရေးအတွက်ပဲဖြစ်စေရပါမယ်ပြည်သူတွေအတွက်အလုပ်ကိုရောအသက်ကိုရောပေးအပ်ထားပါတယ်ဗျာ…ကျေးဇူးပြုပြီး50_100ကအစလှူပေးကြပါအုန်းလို့မေတ္တာရပ်ခံပါတယ်မရှင်းတာတို့ မေးချင်တာတို့ရှိရင်လည်းCbမှာ လာမေးလို့ရပါတယ်Kpay or Wave_ 09985362881

Leave a Reply

Your email address will not be published.