အသက္ ၂၀ ေက်ာ္သာရွိေသးသည့္ စိုင္းဘုန္းမင္းသန႔္သည္ မႏၲေလးစက္မႈလက္မႈသိပၸံေက်ာင္း ေက်ာင္းသားမ်ားသမဂၢ ဒုဥကၠဌတစ္ဦးလည္း ျဖစ္ၿပီး ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အာဏာသိမ္းမႈအၿပီးကတည္းက မႏၲေလးၿမိဳ႕ေပၚ ဆႏၵျပပြဲမ်ားတြင္ ဦးေဆာင္လႈပ္ရွားခဲ့သူတစ္ဦးလည္း ျဖစ္သည္။

ၿမိဳ႕ေပၚ ဆႏၵျပပြဲမ်ားကို အၾကမ္းဖက္စစ္တပ္က အျပင္းအထန္ဖိႏွိပ္လာရာတြင္ လက္နက္ကိုင္ေတာ္လွန္ေရးကို ေ႐ြးခ်ယ္ၿပီးေနာက္ အၾကမ္းဖက္စစ္တပ္မ်ားႏွင့္ ရင္ဆိုင္တိုက္ပြဲျဖစ္ေနေသာ ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ (KNDF) ဘက္မွ ပါဝင္တိုက္ခိုက္ခဲ့စဥ္ က်ဆုံးခဲ့ျခင္းျဖစ္သည္။

စိုင္းဘုန္းမင္းသန႔္သည္ စက္တင္ဘာ ၂၀ ရက္ေန႔က ျဖစ္ပြားခဲ့သည့္ ကရင္နီျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါပိုးစီ ေက်း႐ြာအနီး တိုက္ပြဲတြင္ လက္နက္ႀကီးက်ည္ထိမွန္ၿပီး က်ဆုံးခဲ့ရသူလည္း ျဖစ္သည္။

ကရင္နီျပည္နယ္ ဒီေမာဆိုၿမိဳ႕နယ္တြင္ က်ဆုံးခဲ့သည့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္လူငယ္ စိုင္းဘုန္း မင္းသန႔္၏ ႐ုပ္အေလာင္းကို က်ဆုံးၿပီး ရက္ေပါင္း ၄၀ ၾကာမွ ျပန္လည္ရွာေဖြေတြ႕ခဲ့ပါတယ္။စိုင္းဘုန္းမင္းသန႔္ရဲ႕ မိခင္က လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေၾကကြဲဝမ္းနည္းစြာ ေရးသားလာပါတယ္ေနာ္။

ဒီဘဝအတြက္ ဘယ္ေတာ့မွ ျမင္ေတြ႕ခြင့္္မရွိေတာ့တဲ့သားကို ႏွေမ်ာတသ လြမ္းဆြတ္ျခင္းမ်ားစြာနဲ႔လက္လႊတ္ဆုံးရႈံးခဲ့ရတာ (၂) လျပည့္ခဲ့ပါၿပီ။သားရဲ႕အသံေတြနဲ႔ သက္ဝင္လႈပ္ရွားခဲ့တဲ့အခန္းေလးဟာ..ခုေတာ့ တိတ္ဆိတ္ေျခာက္ကပ္စြာ။

အိမ္မွာ ဘယ္သူ႔အခန္းျဖစ္ျဖစ္ တံခါးေခါက္ၿပီးမွဝင္ေလ့ရွိတဲ့အတြက္ သားအခန္းကို တံခါးေခါက္မိတဲ့အခါ ”ဝင္လာေလ..ေမ” ဆိုတဲ့ သားျပန္ထူးတဲ့အသံမၾကားရ၊ သားမရွိေတာ့တဲ့အခန္းကို ဝင္ၾကည့္တိုင္းရင္ေတြကြဲေၾကရတယ္ သားရယ္။

ဘဝအဆက္ဆက္က အျပစ္ေတြ၊ဝဋ္ေႂကြးေတြရွိခဲ့ရင္ေျပပါေစ၊ေၾကပါေစ။ ျဖစ္ေလရာဘဝအဆက္ဆက္ဒီလိုအျဖစ္ဆိုးမ်ိဳး မႀကဳံရပါေစနဲ႔။အျပစ္ေတြရွိလို႔ေပးဆပ္ရတယ္ဆိုရင္ ဒီဘဝ ေနာက္ဆုံးျဖစ္ပါေစ။”သံသရာတေကြ႕မွာ ျပန္ဆုံေတြ႕ပါရေစသားေရ”သားအတြက္ ေန႔စဥ္၊အပတ္စဥ္၊လစဥ္ျပဳလုပ္ေပးတဲ့ကုသိုလ္ေကာင္းမႈေတြအတြက္အမွ် အမွ် အမွ်ပါ သားေရ…။

(20.9.2021) to (20.11.201)

Credit

အသက် ၂၀ ကျော်သာရှိသေးသည့် စိုင်းဘုန်းမင်းသန့်သည် မန္တလေးစက်မှုလက်မှုသိပ္ပံကျောင်း ကျောင်းသားများသမဂ္ဂ ဒု – ဥက္ကဌတစ်ဦးလည်း ဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုအပြီးကတည်းက မန္တလေးမြို့ပေါ် ဆန္ဒပြပွဲများတွင် ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦးလည်း ဖြစ်သည်။

မြို့ပေါ် ဆန္ဒပြပွဲများကို အကြမ်းဖက်စစ်တပ်က အပြင်းအထန်ဖိနှိပ်လာရာတွင် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ပြီးနောက် အကြမ်းဖက်စစ်တပ်များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်နေသော ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့စဉ် ကျဆုံးခဲ့ခြင်းဖြစ်သည်။

စိုင်းဘုန်းမင်းသန့်သည် စက်တင်ဘာ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီ ကျေးရွာအနီး တိုက်ပွဲတွင် လက်နက်ကြီးကျည်ထိမှန်ပြီး ကျဆုံးခဲ့ရသူလည်း ဖြစ်သည်။

ကရင်နီပြည်နယ် ဒီမောဆိုမြို့နယ်တွင် ကျဆုံးခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ် စိုင်းဘုန်း မင်းသန့်၏ ရုပ်အလောင်းကို ကျဆုံးပြီး ရက်ပေါင်း ၄၀ ကြာမှ ပြန်လည်ရှာဖွေတွေ့ခဲ့ပါတယ်။

စိုင်းဘုန်းမင်းသန့်ရဲ့ မိခင်က လူမှုကွန်ယက်စာမျက်နှာတွင် ကြေကွဲဝမ်းနည်းစွာ ရေးသားလာပါတယ်နော်။

ဒီဘဝအတွက် ဘယ်တော့မှ မြင်တွေ့ခွင့်မရှိတော့တဲ့သားကို နှမျောတသ လွမ်းဆွတ်ခြင်းများစွာနဲ့လက်လွှတ်ဆုံးရှုံးခဲ့ရတာ (၂) လပြည့်ခဲ့ပါပြီ။

သားရဲ့အသံတွေနဲ့ သက်ဝင်လှုပ်ရှားခဲ့တဲ့အခန်းလေးဟာ..ခုတော့ တိတ်ဆိတ်ခြောက်ကပ်စွာ။

အိမ်မှာ ဘယ်သူ့အခန်းဖြစ်ဖြစ် တံခါးခေါက်ပြီးမှဝင်လေ့ရှိတဲ့အတွက် သားအခန်းကို တံခါးခေါက်မိတဲ့အခါ ”ဝင်လာလေ..မေ” ဆိုတဲ့ သားပြန်ထူးတဲ့အသံမကြားရ၊ သားမရှိတော့တဲ့အခန်းကို ဝင်ကြည့်တိုင်းရင်တွေကွဲကြေရတယ် သားရယ်။

ဘဝအဆက်ဆက်က အပြစ်တွေ၊ဝဋ်ကြွေးတွေရှိခဲ့ရင်ပြေပါစေ၊ကြေပါစေ။ ဖြစ်လေရာဘဝအဆက်ဆက်ဒီလိုအဖြစ်ဆိုးမျိုး မကြုံရပါစေနဲ့။အပြစ်တွေရှိလို့ပေးဆပ်ရတယ်ဆိုရင် ဒီဘဝ နောက်ဆုံးဖြစ်ပါစေ။

”သံသရာတကွေ့မှာ ပြန်ဆုံတွေ့ပါရစေသားရေ”

သားအတွက် နေ့စဉ်၊အပတ်စဉ်၊လစဉ်ပြုလုပ်ပေးတဲ့ကုသိုလ်ကောင်းမှုတွေအတွက်

အမျှ အမျှ အမျှပါ သားရေ…။

(20.9.2021) to (20.11.201)

Credit

Leave a Reply

Your email address will not be published.