ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် ခန္တီးခရိုင်အုပ်ချုပ်ရေးမှု းမိန်းမသေဆုံးနို၀င်ဘာ(၂၂)စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ နိုဝင်ဘာ ၂၁ ရက်ကစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့တွေမှားယွင်းပစ်ခတ်မှုကြောင့်ခန္တီးခရိုင်အုပ်ချုပ်ရေးမှုးမိန်းမသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်

ညပိုင်းကင်းလှည့်နေတဲ့ ရဲကားတစ်စီးကို လူငယ်(၂)ယောက်က ၀င်တိုက်ပြီး ထွက်ပြေး သွားတာကြောင့် ရဲတပ်ဖွဲ့၀င်တွေက လိုက်လံပစ်ခတ်ရာမှာ ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ မိန်းမ သေနတ်မှန် သေဆုံးသွားခဲ့တာဖြစ်ပါတယ်

“ည(၇)နာရီလောက်ပေါ့။ရဲကားကို၀င်တိုက်ပြီး ပြေးသွားတဲ့ ကလေး(၂)ယောက်ကို လိုက်ပစ်တာ။ကလေးတွေမမှန်ဘဲ ဆိုင်ကယ်စီးလာတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးမိန်းမ မှန်ပြီး နေရာမှာတင် သေသွားတာ”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်

ရဲတပ်ဖွဲ့ကပစ်လို့ သေဆုံးသွားတဲ့ ခန္တီးခရိုင် အုပ်ချုပ်ရေးမှူးရဲ့ မိန်းမဟာဒေါ်ညွန့်ညွန့်၀င်း ဆိုသူဖြစ်ပြီး သေဆုံးမှုနဲ့ပတ်သတ်လို့ စစ်‌ကောင်စီတပ်တွေက စစ်ဆေးမှုတွေပြုလုပ် နေကြတယ်လို့ သိရပါတယ်ဓာတ်ပုံ-ခန္တီးမြို့ လုံခြုံရေးယူထားသည့် စကစ လက်အောက်ခံအဖွဲ့Crd- မျက်မှောက်ခေတ်ရဲတပ္ဖြဲ႕ပစ္ခတ္မႈေၾကာင့္

ခႏၲီးခ႐ိုင္အုပ္ခ်ဳပ္ေရးမႈးမိန္းမေသဆုံးႏို၀င္ဘာ(၂၂)စစ္ကိုင္းတိုင္းခႏၲီးၿမိဳ႕မွာႏိုဝင္ဘာ၂၁ရက္ကစစ္ေကာင္စီလက္ေအာက္ခံရဲတပ္ဖြဲ႕ေတြမွားယြင္းပစ္ခတ္မႈေၾကာင့္ ခႏၲီးခ႐ိုင္အုပ္ခ်ဳပ္ေရးမႈး မိန္းမေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္

ညပိုင္းကင္းလွည့္ေနတဲ့ ရဲကားတစ္စီးကို လူငယ္(၂)ေယာက္က ၀င္တိုက္ၿပီး ထြက္ေျပး သြားတာေၾကာင့္ ရဲတပ္ဖြဲ႕၀င္ေတြက လိုက္လံပစ္ခတ္ရာမွာ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးရဲ႕ မိန္းမ ေသနတ္မွန္ ေသဆုံးသြားခဲ့တာျဖစ္ပါတယ္။

“ည(၇)နာရီေလာက္ေပါ့။ရဲကားကို၀င္တိုက္ၿပီး ေျပးသြားတဲ့ ကေလး(၂)ေယာက္ကို လိုက္ပစ္တာ။ကေလးေတြမမွန္ဘဲ ဆိုင္ကယ္စီးလာတဲ့ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးမိန္းမ မွန္ၿပီး ေနရာမွာတင္ ေသသြားတာ”လို႔ ေဒသခံတစ္ေယာက္က ေျပာပါတယ္။

ရဲတပ္ဖြဲ႕ကပစ္လို႔ ေသဆုံးသြားတဲ့ ခႏၲီးခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉးရဲ႕ မိန္းမဟာေဒၚၫြန႔္ၫြန႔္၀င္း ဆိုသူျဖစ္ၿပီး ေသဆုံးမႈနဲ႔ပတ္သတ္လို႔ စစ္‌ေကာင္စီတပ္ေတြက စစ္ေဆးမႈေတြျပဳလုပ္ ေနၾကတယ္လို႔ သိရပါတယ္။ဓာတ္ပုံ-ခႏၲီးၿမိဳ႕ လုံၿခဳံေရးယူထားသည့္ စကစ လက္ေအာက္ခံအဖြဲ႕Crd- မ်က္ေမွာက္ေခတ္

Leave a Reply

Your email address will not be published.