ငဗစ်ရောဂါကူးစက်ခံရတဲ့လူနာတွေလည်းတိုးလာသလိုသေဆုံးသွားတဲ့ပြည်သူတွေလည်းနေ့စဉ်နဲ့အမျှများပြားလာ
နေတာကြောင့် Volunteersတွေအနေနဲ့လည်း မြန်မာပြည်သူတွေကလည်း ငဗစ်လူနာတွေကို
အာဟာရရှိမယ့် စားသောက်ဖွယ်ရာတွေအိမ်ရှေ့အထိသွားရောက်ပို့ပေးပြီး ကူညီပေးနေကြပေမယ့် တစ်ဖက်မှာလည်း
စက်ခံထားရတဲ့လူနာတွေ၊အိမ်အပြင်ထွက်ဖို့ အဆင်မပြေဖြစ်နေတဲ့ ပြည်သူတွေအနေနဲ့ တန်းစီပြီး ဖြည့်ဖို့အတွက်
အခက်အခဲဖြစ်နေကြပါတယ်
ယခုမှာတော့အဆိုပါအခက်အခဲရင်ဆိုင်နေရတဲ့ပြည်သူတွေအတွက်မြန်မာလူငယ်လေးတွေကသူတို့တတ်နိုင်သလော
က် ကူညီပေးလာခဲ့ပါတယ်။အဆိုပါလူငယ်လေးတွေက အောက်ဆီဂျင်ဘူးခွံကို အိမ်အထိလာယူပေးပြီး တန်းစီကာ
အောက်ဆီဂျင်သွားဖြည့်ပေးတဲ့အပြင် အောက်ဆီဂျင်ဘူးကို ကိုယ်တိုင်ပြန်လာပို့ပေးကြတာဖြစ်ပါတယ်
လူတိုင်းအခက်အခဲတွေ၊ပြဿနာတွေကြုံတွေ့နေရတဲ့အခုလိုအချိန်မှာအခကြေးငွေမယူဘဲစိတ်စေတနာသန့်သန့်နဲ့ကူည
ပေးနေကြတဲ့ အဆိုပါလူငယ်လေးတွေရဲ့ လုပ်ရပ်ကို ပြည်သူအများအပြားက ချီးကျူးနေကြတာဖြစ်ပါတယ်
ကူညီပေးနေတဲ့အဆိုပါလူငယ်လေးတစ်ယောက်ကတော့”ခင်ဗျားတို့တစ်မိသားစုလုံး(P)ဖြစ်နေလို့ဘဲဖြစ်ဖြစ်/အပြင်မှာ
ထွက်ပြီး တန်းစီးဖို့ အဆင်မပြေလို့ဘဲဖြစ်ဖြစ် အခက်အခဲတခုခုရှိပါက ဖုန်းလေးသာဆက်လိုက်ပါ ကျွန်တော်တို့က
ခင်ဗျားတို့အိမ်အထိကိုယ်တိုင်လာပြီး oxygen အခွံလာယူပေးမယ်, ကျွန်တော်တို့ကိုယ်တိုင် သွားတန်းစီးပြီး oxygen
သွားဖြည့်ပေးမယ်,
ပြီးရင်ကျွန်တော်တို့ကိုယ်တိုင်ခင်ဗျားအိမ်လာပြီးဖြည့်ပြီးသားoxygenကိုပြန်လာပို့ပေးပါမယ်ဗျာ့ဝန်ဆောင်ခပေးစရာမ
လိုပါဗျာ့ အားလုံးကျန်းမာကြစေသား (09451378279) (09989104713) (09445873113) (09958868299) ” ဆိုပြီး
ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ လူငယ်လေးတွေတောင်အခုလိုကူညီပေးနေကြတဲ့အချိန် ပြည်သူတွေအနေနဲ့လည်း
ငဗစ်ရောဂါကူးစက်ခံထားရတဲ့လူနာတွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးကြဖို့
တိုက်တွန်းလိုက်ရပါတယ်။