မင်းကင်းမြို့နယ်ရှိ စစ်ကောင်စီ ထောက်ခံသော ကျေးရွာ ၂ ရွာတွင်ပျူစောထီးများကို သေနတ်ထုတ်ပေး ကင်းစောင့်ခိုင်းပြီး ကျောင်းဖွင့်ရန်ပြင်ဆင်
ဧရာဝတီတိုင်းမ်နိုဝင်ဘာ ၂၁ ရက်


စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ရှိ စစ်ကောင်စီထောက်ခံသော ကျေးရွာများဖြစ်သည့် ပန်းဆက်နှင့် တောင်ဖြူရွာများတွင် စစ်ကောင်စီက ပျူစောထီးများကို သေနတ်ထုတ်ပေး၍ ကင်းစောင့်ခိုင်းပြီး စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။


အဆိုပါ ပန်းဆက်နှင့်တောင်ဖြူကျေးရွာများသည် ပြည်ခိုင်ဖြိုးပါတီဝင် ပျူစောထီးများရွာလုံးကျွတ်ရှိပြီး ဒလန်ရွာများဟု သတ်မှတ်ခံထားရသော ကျေးရွာများဖြစ် ကြောင်း ဒေသခံများထံက သိရသည်။


စစ်ကောင်စီကအဆိုပါကျေးရွာများတွင်ပျူစောထီးတပ်များဖွဲ့စည်း၍စစ်ပညာများသင်ကြားပေးထားသည့်အပြင်လက်နက်များပါထုတ်ပေး၍ ကျောင်းများဖွင့်လှစ်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။”သူတို့ကို စစ်တပ်က အရင်ထဲက စစ်ပညာ သင်ပေးထားတာ။ အရင်ကတော့ သေနတ်ထုတ်ပေးတာမျိုးတော့ မရှိဘူး။

အခု အဲ့ဒီရွာက ကျောင်းတွေက ပိတ်ထားရတာ ပြန်ဖွင့်ဖို့လုပ်ချင်တာနဲ့ ပျူစောထီးတွေကို သေနတ်ထုတ်ပေးပြီး ကင်းစောင့်ခိုင်းမှာလို့ သိရတယ်”ဟု မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။


နိုဝင်ဘာလ ၁ ရက်နေ့တွင် စာသင်ကျောင်းများအားလုံး စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း မင်းကင်းမြို့နယ်အတွင်း ကျေးရွာအများအပြားတွင် စာသင် ကျောင်း များပိတ်ထားရဆဲဖြစ်ပြီး ယခုကဲ့သို့ ပျူစောထီးများက ကင်းစောင့်ခိုင်း၍ ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင် ဆင်လာခြင်း ဖြစ်ကြောင်း သိရသည်။


ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDFများနှင့် ယင်းရွာ ၂ ရွာရှိ ပျူစောထီးများအကြား တိုက်ပွဲများပြင်းထန်ခဲ့ ပြီး ပျူစောထီးများမှ ညှိနှိုင်းမည်ဟုလိမ်လည်ပြောဆို၍ ရွာအတွင်းသို့ခေါ်ဆောင်ပြီး PDFများ အားဖမ်းဆီးရာ ၅၇ ဦးထိဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။


ထို့ပြင်PDFတပ်ဖွဲ့များကိုပြန်လည်ခုခံရန်စစ်ကိုင်းတိုင်းအတွင်းရှိမြို့နယ်၃၇ခုမှပျူစောထီးများကိုစစ်ကောင်စီတပ်မှစစ်ပညာများလေ့ကျင့် သင်ကြားပေးပြီးပြီဖြစ်ကြောင်း စစ်တပ်ထောက် ခံသည့်အသိုင်းအဝိုင်းအတွင်း ရေးသားဖော်ပြမှု များအရ သိရသည်။


စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကပျူစောထီးဆိုသည့်အဖွဲ့အားလက်နက်တပ်ဆင်ပေးရန်မရှိသည့်အပြင်ဖွဲ့စည်းထားခြင်းလည်းမရှိကြောင်း ငြင်းဆိုထားသည်။

Leave a Reply

Your email address will not be published.