ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကားဌာန (MRTV) တြင္ အစီ အစဥ္ တင္ဆက္သူအျဖစ္ လုပ္ကိုင္ခဲ့ၿပီး စစ္တပ္က အာ ဏာသိမ္းၿပီးေနာက္လူထုအဏာဖီဆန္ေရး (CDM) လႈပ္ရွားမႈတြင္ ပါဝင္ခဲ့ေသာ ဦးေက်ာ္သက္လင္းကို ၎ ၏ မိဘ၂ ပါးက အေမြျပတ္ စြန႔္လႊတ္ေၾကာင္း ေၾက ညာသည္။


နိုဝင္ဘာလ၂၁ရက္ထုတ္ေၾကးမုံသတင္းစာတြင္ဦးေက်ာ္သက္လင္း၏မိဘမ်ားျဖစ္သည့္ဦးျမသိန္းထြန္းႏွင့္ေဒၚခင္တိုးျမင့္တို႔ငွားရမ္းထားသည့္ ေရွ႕ေန ေဒၚျဖဴျမတ္သြယ္က ေၾကညာထားျခင္း ျဖစ္သည္။


သားျဖစ္သူ ဦးေက်ာ္သက္လင္းသည္ မိဘမ်ား၏ ဆို ဆုံးမမႈကို မနာခံဘဲ မိဘမ်ား ခြင့္မလႊတ္နိုင္သည့္ ကိစၥမ်ားအား ေဆာင္ရြက္ေနသျဖင့္ သားအျဖစ္မွ စြန႔္လႊတ္ေၾကာင္း၊ ေနာက္ေနာင္ ဦးေက်ာ္သက္လင္းႏွင့္ ပတ္သက္သည့္ ကိစၥရပ္မ်ားအား မိသားစုမွ တာဝန္ယူ ေျဖရွင္းေပးမည္ မဟုတ္ေၾကာင္း အမ်ားသိေစရန္ ေၾကညာျခင္းျဖစ္ သည္ဟု ေၾကညာခ်က္တြင္ ပါရွိသည္။


ထို႔အတူဦးေက်ာ္သက္လင္း၏ဇနီးျဖစ္သူေဒၚျမျမဝင္းကလည္းဦးေက်ာ္သက္လင္းသည္လြန္ခဲ့ေသာ၉လခန႔္မွစတင္ကာအိမ္ေပၚမွ ဆင္းသြားၿပီး မိသားစုႏွင့္ မဆက္သြယ္ဘဲ ၎၏ စိတ္ဆႏၵအတိုင္း ျပဳမူေနထိုင္ေနေၾကာင္း နိုင္ငံပိုင္ သတင္းစာတြင္ အမ်ားသိေစရန္ ေၾက ညာထားသည္။


ေဒၚျမျမဝင္းႏွင့္ဦးေက်ာ္သက္လင္းတို႔သည္စိတ္သေဘာထားျခင္းမတိုက္ဆိုင္သျဖင့္အၾကင္လင္မယားအျဖစ္ေပါင္းသင္းေနထိုင္ျခင္းမရွိေတာ့ေသာေၾကာင့္ ဦးေက်ာ္သက္လင္းႏွင့္ ပတ္သက္သည့္ ကိစၥမ်ားအား တာ ဝန္ယူေျဖရွင္းမည္ မဟုတ္ေၾကာင္း ေၾကညာခ်က္တြင္ ေရးသားထားသည္။


ျပန္ၾကားေရးဝန္ႀကီးဌာန လက္ေအာက္ရွိ MRTV တြင္ ဦးစီးအရာရွိအျဖစ္ လုပ္ကိုင္ခဲ့ဖူးေသာ ဦးေက်ာ္သက္လင္းသည္ လက္ရွိတြင္ လက္နက္ကိုင္ နယ္ေျမတခုသို႔ ေရာက္ရွိေနေၾကာင္း နိုဝင္ဘာလ ၁၁ ရက္က ၎၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ တင္ခဲ့သည္။ထိုသို႔တင္ခဲ့ၿပီးေနာက္ ၎၏ မိဘျဖစ္သူႏွင့္ ဇနီးျဖစ္သူတို႔က ဦးေက်ာ္သက္လင္းႏွင့္ မပတ္သက္ေတာ့ေၾကာင္း ေရွ႕ေနမွ တဆင့္ ေၾကညာခ်က္ ထုတ္လာျခင္း ျဖစ္ သည္။


ထိုကဲ့သို႔ မိဘျဖစ္သူႏွင့္ ဇနီးျဖစ္သူတို႔က ေၾကညာခ်က္ထုတ္လာျခင္းႏွင့္ ပတ္သက္ၿပီး ဦးေက်ာ္သက္လင္းက “ခုခ်ိန္ထိေတာ့ ေအာင့္လာတဲ့ ဘယ္ဘက္ရင္အုံကို ဖိရင္း တည္ၿငိမ္စြာရင္ဆိုင္လ်က္ပါ” ဟု ၎၏ Facebook လူမႈကြန္ရက္ စာမ်က္ႏွာတြင္ ေရးသားထားသည္။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန (MRTV) တွင် အစီ အစဉ် တင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့ပြီး စစ်တပ်က အာ ဏာသိမ်းပြီးနောက် လူထုအ ဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ဦးကျော်သက်လင်းကို ၎င်း ၏ မိဘ၂ ပါးက အမွေပြတ် စွန့်လွှတ်ကြောင်း ကြေ ညာသည်။


နိုဝင်ဘာလ၂၁ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဦးကျော်သက်လင်း၏ မိဘများဖြစ်သည့် ဦးမြသိန်းထွန်းနှင့် ဒေါ်ခင်တိုးမြင့်တို့ ငှားရမ်းထားသည့် ရှေ့နေ ဒေါ်ဖြူမြတ်သွယ်က ကြေညာထားခြင်း ဖြစ်သည်။
သားဖြစ်သူ ဦးကျော်သက်လင်းသည် မိဘများ၏ ဆို ဆုံးမမှုကို မနာခံဘဲ မိဘများ ခွင့်မလွှတ်နိုင်သည့် ကိစ္စများအား ဆောင်ရွက်နေသဖြင့် သားအဖြစ်မှ စွန့်လွှတ်ကြောင်း၊ နောက်နောင် ဦးကျော်သက်လင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များအား မိသားစုမှ တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ကြောင်း အများသိစေရန် ကြေညာခြင်းဖြစ် သည်ဟု ကြေညာချက်တွင် ပါရှိသည်။


ထို့အတူ ဦးကျော်သက်လင်း၏ ဇနီးဖြစ်သူ ဒေါ်မြမြဝင်းကလည်း ဦးကျော်သက်လင်းသည် လွန်ခဲ့သော ၉ လခန့်မှစတင်ကာ အိမ်ပေါ်မှ ဆင်းသွားပြီး မိသားစုနှင့် မဆက်သွယ်ဘဲ ၎င်း၏ စိတ်ဆန္ဒအတိုင်း ပြုမူနေထိုင်နေကြောင်း နိုင်ငံပိုင် သတင်းစာတွင် အများသိစေရန် ကြေ ညာထားသည်။


ဒေါ်မြမြဝင်းနှင့် ဦးကျော်သက်လင်းတို့သည် စိတ်သ ဘောထားခြင်း မတိုက်ဆိုင်သဖြင့် အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခြင်း မရှိတော့သောကြောင့် ဦးကျော်သက်လင်းနှင့် ပတ်သက်သည့် ကိစ္စများအား တာ ဝန်ယူဖြေရှင်းမည် မဟုတ်ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။


ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ MRTV တွင် ဦးစီးအရာရှိအဖြစ် လုပ်ကိုင်ခဲ့ဖူးသော ဦးကျော်သက်လင်းသည် လက်ရှိတွင် လက်နက်ကိုင် နယ်မြေတခုသို့ ရောက်ရှိနေကြောင်း နိုဝင်ဘာလ ၁၁ ရက်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် တင်ခဲ့သည်။


ထိုသို့တင်ခဲ့ပြီးနောက် ၎င်း၏ မိဘဖြစ်သူနှင့် ဇနီးဖြစ်သူတို့က ဦးကျော်သက်လင်းနှင့် မပတ်သက်တော့ကြောင်း ရှေ့နေမှ တဆင့် ကြေညာချက် ထုတ်လာခြင်း ဖြစ် သည်။


ထိုကဲ့သို့ မိဘဖြစ်သူနှင့် ဇနီးဖြစ်သူတို့က ကြေညာချက်ထုတ်လာခြင်းနှင့် ပတ်သက်ပြီး ဦးကျော်သက်လင်းက “ခုချိန်ထိတော့ အောင့်လာတဲ့ ဘယ်ဘက်ရင်အုံကို ဖိရင်း တည်ငြိမ်စွာရင်ဆိုင်လျက်ပါ” ဟု ၎င်း၏ Facebook လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။

Leave a Reply

Your email address will not be published.