သံျဖဴဇရပ္ က်ိဳက္နဲ-ေရလယ္ဘုရားဖူးစက္ေလွအျပန္မွာတိမ္းေမွာက္၁၄ဦးေသဆုံးတယ္လို႔ကနဦးသိရ

မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္မွာအတြင္းမွာရွိတဲ့ က်ိဳက္နဲ ေရလယ္ဘုရားကိုဘုရားဖူးသြားတဲ့ ဘုရားဖူးစက္ေလွတစ္စီး ဟာ ဒီကေန႔ႏိုဝင္ဘာ ၂၁ရက္မနက္ပိုင္းမွာ တိမ္းေမွာက္ခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။စက္ေလွတိမ္းေမွာက္မႈေၾကာင့္ လတ္တေလာ ေသဆုံးသူအေလာင္း၁၄ေလာင္းဆယ္ယူထားႏိုင္ၿပီးကယ္ဆယ္ေရးလုပ္ငန္းေတြကိုေန႔လယ္ပိုင္းအထိလုပ္ေဆာင္ေနဆဲျဖစ္တယ္လို႔လူမႈကူညီေရးအသင္းေတြကေျပာပါတယ္။

ကြၽန္ေတာ္တို႔သတင္းရတာမနက္၆နာရီေလာက္ကသိရတာ။လက္ရွိအခ်ိန္ထိသံဃာေတာ္ႏွစ္ပါးနဲ႔အမ်ိဳးသမီးနဲ႔ကေလးအေလာင္းစုစုေပါင္း ၁၄ေလာင္းဆယ္ယူထားႏိုင္တယ္။ ေပ်ာက္ေနတဲ့ သူတခ်ိဳ႕ကိုလည္းဆက္ရွာေနတုန္းပဲ” လို႔ ဒီကေန႔စက္ေလွတိမ္းေမွာက္မႈမွာလိုက္ပါကူညီေပးေနတဲ့ လူမႈကူညီေရးအသင္းက ေျပာပါတယ္။

လက္ရွိကာလဟာဆိုရင္ က်ိဳက္နဲေရလယ္ဘုရားရဲ႕ ဘုရားပြဲရာသီျဖစ္ေပမယ့္ ကိုဗစ္ေရာဂါအေျခအေနေၾကာင့္ဘုရားပြဲေတာ္ကို က်င္းပခြင့္မျပဳထားဘူးလို႔ေဒသခံေတြကေျပာပါတယ္။

အရင္ ဘုရားပြဲကာလမွာေတာ့ ဘုရားေဂါပကအဖြဲ႕က ဘုရားဖူးေတြအတြက္စက္ေလွစီစဥ္ေပးတာေတြရွိၿပီး ဒီကာလမွာေတာ့ဘုရားဖူးေတြကကိုယ့္အစီအစဥ္နဲ႔ကိုယ္ဘုရားဖူးသြားေရာက္ေနၾကတာျဖစ္တယ္လို႔ ေဒသခံေတြရဲ႕ေျပာျပခ်က္အရသိရပါတယ္။

သံဖြူဇရပ် ကျိုက်နဲ-ရေလယ်ဘုရားဖူးစက်လှေအပြန်မှာတိမ်းမှောက်၁၄ဦးသေဆုံးတယ်လို့ကနဦးသိရမွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာအတွင်းမှာရှိတဲ့ ကျိုက်နဲ ရေလယ်ဘုရားကိုဘုရားဖူးသွားတဲ့ ဘုရားဖူးစက်လှေတစ်စီး ဟာ ဒီကနေ့နိုဝင်ဘာ ၂၁ရက်မနက်ပိုင်းမှာ တိမ်းမှောက်ခဲ့တယ်လို့

ဒေသခံတွေကပြောပါတယ်။စက်လှေတိမ်းမှောက်မှုကြောင့်လတ်တလေသေဆုံးသူအလောင်း၁၄လောင်းဆယ်ယူထားနိုင်ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုနေ့လယ်ပိုင်းအထိလုပ်ဆောင်နေဆဲဖြစ်တယ်လို့လူမှုကူညီရေးအသင်းတွေကပြောပါတယ်။

“ ကျွန်တော်တို့သတင်းရတာမနက် ၆နာရီလောက်ကသိရတာ။လက်ရှိအချိန်ထိ သံဃာတော် နှစ်ပါးနဲ့အမျိုးသမီးနဲ့ကလေးအလောင်းစုစုပေါင်း ၁၄လောင်းဆယ်ယူထားနိုင်တယ်။ ပျောက်နေတဲ့ သူတချို့ကိုလည်းဆက်ရှာနေတုန်းပဲ” လို့ ဒီကနေ့စက်လှေတိမ်းမှောက်မှုမှာလိုက်ပါကူညီပေးနေတဲ့ လူမှုကူညီရေးအသင်းက ပြောပါတယ်။

လက်ရှိကာလဟာဆိုရင် ကျိုက်နဲရေလယ်ဘုရားရဲ့ ဘုရားပွဲရာသီဖြစ်ပေမယ့် ကိုဗစ်ရောဂါအခြေအနေကြောင့်ဘုရားပွဲတော်ကို ကျင်းပခွင့်မပြုထားဘူးလို့ဒေသခံတွေကပြောပါတယ်။

အရင် ဘုရားပွဲကာလမှာတော့ ဘုရားဂေါပကအဖွဲ့က ဘုရားဖူးတွေအတွက်စက်လှေစီစဉ်ပေးတာတွေရှိပြီး ဒီကာလမှာတော့ဘုရားဖူးတွေကကိုယ့်အစီအစဉ်နဲ့ကိုယ်ဘုရားဖူးသွားရောက်နေကြတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

Leave a Reply

Your email address will not be published.