ဒီတစ်ခါလာပြန်ပီဗျာအတွင်းကြေးသီချင်းပီးတော့လုံးဝဥသုံဘုတ်ဆုံးအထင်မကြီးဘူးဆိုတဲ့သီချင်းလေးနဲ့ကျေးလက်တောရွာက ကောက်စိုက်သမလေးတေ ခေတ္တနားတုန်းလေး အပျင်းပြေသီဆိုကခုန်နေကြတဲ့ ဗွီယိုဖိုင်လေးပါ။
တစ်ကယ်တော့တောင်သူလယ်သမားတေဘဝဟာခက်ခဲကြမ်းတမ်းလှပါတယ်။ကျွန်ုပ်တို့နေစဉ်စားသုံးနေတဲ့ဆန်စပါးတွေကို စိုက်ပျိုးပေးနေတာဟာ ကျေးဇူးရှင်တောင်သူလယ်သမားတို့သာဖြစ်ပါတယ်။
လူဆိုတာတစ်ယောက်တည်းရပ်တည်လို့မရပါ။ကုန်သည်ပွဲစားပညာရှင်အလုပ်သမားလယ်သမားစသည်စသည်အပြန်အလှန်မှီခိုနေကြရတာဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံကြီးတိုးတက်ဖို့ချမ်းသာဖို့ဆိုရင်လယ်သမားတေရဲ့ဘဝတေတိုးတက်လာမှဖြစ်ပါလိမ့်မယ်။ကျွန်တော်တို့ နိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံထားတဲ့နိုင်ငံဖြစ်လို့ပါပဲ။နေထွက်ကနေဝင် တောထဲမှာပဲ လယ်ထွန်ယာထွန်ပျိုးနှုတ်ကောက်စိုက် နွားကျောင်းနဲ့ အချိန်ကုန်ကြရပါတယ်။
ဘဝတေ ဘယ်လောက်ကြမ်းတမ်းပေမယ့် နှလုံးသားလှကြပါတယ်။ ဟန်မဆောင်တတ်ဘူးပလီပလာမချွဲမနွဲ့တတ်ဘူး။ရှိတာလေးနဲ့ ရောင်ရဲတင်းတိမ်ပီး ပျော်အောင်နေကြတယ်။ ရိုးသားလှတဲ့ သူတို့ရဲ့ဘဝနေထိုင်မှုစရိုက်ပုံ စံလေးတွေကို ဒီဗွီယိုထဲမှာ မြင်တွေ့ကြရမှာပါ။
ပီးခဲ့တဲ့ သီတင်းတစ်ပတ်လောက်ကပဲ ကောက်စိုက်သမလေးတေလယ်ကန်သင်းပေါ်မှာ အတွင်းကြေသီချင်းလေးနဲ့ ပျော်နေကြတဲ့ဗွီယိုဖိုင်လေးဟာလည်းအွန်းလိုင်းမှာ နာမည်ကြီးခဲ့ပါတယ်။crd
Leave a Reply
Your email address will not be published.