ေအာင္လံျပည္သူကာကြယ္ေရးအဖြဲ႕ သူရဲေကာင္း ကိုမင္းခန္႔သစၥာ က်ဆုံးေၾကာင္း စိတ္မေကာင္းစြာသိရပါသည္

၁၈ ႏွစ္အ႐ြယ္ တကၠသိုလ္ေက်ာင္းသားတစ္ဦးက်ဆုံးရသည္မွာ ေအာင္လံျပည္သူ႔ကာကြယ္ေရးအဖြဲ႕စခန္းအားစစ္‌ေကာင္စီစီးနင္းခဲ့ျခင္း‌ေၾကာင့္သာျဖစ္သည္။

မေကြးတိုင္း၊ ေအာင္လံၿမိဳ႕အေျခစိုက္ ေအာင္လံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ စခန္းကို အၾကမ္းဖက္စစ္တပ္က ႏိုဝင္ဘာလ ၁၉ ရက္ ေန႔ညက ဝင္ေရာက္စီးနင္းခဲ့ၿပီး PDF ရဲေဘာ္တစ္ဦးက်ဆုံးကာ တစ္ဦးမွာ ဖမ္းဆီးျခင္းခံခဲ့ရေၾကာင္း သိရပါသည္။

အဆိုပါ တိုက္ပြဲတြင္ က်ဆုံးသူမွာ အသက္၁၈ႏွစ္အ႐ြယ္ မေကြးနည္းပညာတကၠသိုလ္မွ ပထမႏွစ္ေက်ာင္းသား တစ္ဦးျဖစ္သူ ကိုမင္းခန႔္သစၥာ ျဖစ္ေၾကာင္း သိရွိရပါသည္။

“တစ္ေယာက္က်တယ္။ တစ္ေယာက္ဝင္စီးခံရတယ္။ ေလာေလာဆယ္တစ္ဖြဲ႕လုံး ေျပးေနၾကရတယ္။ အဆက္အသြယ္ေတြမရေသးဘူး” ေအာင္လံ(PDF)ႏွင့္နီးစပ္သူတစ္ဦးက MCC သို႔အတည္ျပဳေျပာၾကားထားပါသည္။

ေအာင္လံ (PDF) မွကာကြယ္ေရးတပ္မ်ားမွာ လက္ရွိအခ်ိန္တြင္ ယာယီစခန္းတစ္ခုသို႔ ေျပာင္းေ႐ႊ႕ထားေၾကာင္း ၎တို႔နီးစပ္သူမ်ားထံမွ သိရွိရသည္။

ရဲရင့္စြာက်ဆုံးခဲ့ရေသာ မင္းခန႔္သစၥာကို နည္းပညာတကၠသိုလ္(မေကြး)၏ သူရဲေကာင္းတစ္ဦးအျဖစ္ ေလးစားစြာ မွတ္တမ္းတင္ဂုဏ္ျပဳအပ္ပါေၾကာင္း မေကြးနည္းပညာတကၠသိုလ္ ေက်ာင္းသားသမဂၢမွ သတင္းထုတ္ျပန္ထား သည္။

လက္ရွိအခ်ိန္တြင္ ေသာင္းက်န္းသူစစ္တပ္သည္ ႏိုင္ငံႏွင့္ အဝွမ္းရွိ ၎တို႔ဆန႔္က်င္သည့္လူမ်ားကို အင္အားအလုံးအရင္းျဖင့္ ပစ္ခတ္ဖမ္းဆီးျခင္း၊ ၎တို႔သတင္းရရွိေသာ ေနရာမ်ားကိုရွာေဖြျခင္း၊ စီးနင္းျခင္းမ်ားအျပင္ ၎တို႔ အထိနာလ်က္ရွိေသာေနရာမ်ားတြင္ ရဟတ္ယာဥ္မ်ားပါအသုံးျပဳၿပီး တိုက္ခိုက္ေနသည္။

” စစ္တပ္က အင္အားအလုံးအရင္းနဲ႔ လာတာမ်ိဳးဆိုရင္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြ အေနနဲ႔ ျပန္လည္ၿပီးေတာ့ တိုက္ခိုက္ဖို႔မလြယ္ကူဘူး။ အခ်ိဳ႕ကလက္နက္ၼရွိဘူး။ ရွိတဲ့စခန္းေတြ ဆိုရင္လည္း ျပန္ခ်ဖို႔က က်ည္ဆံမေလာက္ငတာေတြ ဘာေတြရွိေတာ့ စခန္းကိုစြန႔္ၾကရတာေပါ့” ဟု ေတာ္လွန္ေရးသမားတစ္ဦးက ေျပာပါသည္။

ျမန္မာႏိုင္ငံတြင္ လက္နက္အားကိုးျဖင့္ အာဏာလုယူထားေသာ ေသာ‌င္းက်န္းသူစစ္တပ္ကို ျပည္သူလူထု အေနျဖင့္ ေနရာအႏွံ႔ျပားတြင္ ေတာ္လွန္လ်က္ရွိေနသည္။

လက္ရွိအခ်ိန္တြင္ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕မ်ားလည္း ႏိုင္ငံအဝွမ္း ေပၚေပါက္လာခဲ့ၿပီး လက္နက္အင္အားကြာျခားသည့္တိုင္ မိုင္းဆြဲတိုက္ခိုက္ျခင္း၊ ေျပာက္က်ားတိုက္ခိုက္ျခင္းမ်ားကို ျပဳလုပ္လ်က္ ရွိေနသည္။credit

အောင်လံပြည်သူကာကွယ်ရေးအဖွဲ့ သူရဲကောင်း ကိုမင်းခန့်သစ္စာ ကျဆုံးကြောင်း စိတ်မကောင်းစွာသိရပါသည်

၁၈ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦးကျဆုံးရသည်မှာ အောင်လံပြည်သူ့ကာကွယ်ရေးအဖွဲ့စခန်းအားစစ်‌ေကာင်စီစီးနင်းခဲ့ခြင်း‌ေကြာင့်သာဖြစ်သည်။

မကွေးတိုင်း၊ အောင်လံမြို့အခြေစိုက် အောင်လံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းကို အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလ ၁၉ ရက် နေ့ညက ဝင်ရောက်စီးနင်းခဲ့ပြီး PDF ရဲဘော်တစ်ဦးကျဆုံးကာ တစ်ဦးမှာ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရပါသည်။

အဆိုပါ တိုက်ပွဲတွင် ကျဆုံးသူမှာ အသက်၁၈နှစ်အရွယ် မကွေးနည်းပညာတက္ကသိုလ်မှ ပထမနှစ်ကျောင်းသား တစ်ဦးဖြစ်သူ ကိုမင်းခန့်သစ္စာ ဖြစ်ကြောင်း သိရှိရပါသည်။

“တစ်ယောက်ကျတယ်။ တစ်ယောက်ဝင်စီးခံရတယ်။ လောလောဆယ်တစ်ဖွဲ့လုံး ပြေးနေကြရတယ်။ အဆက်အသွယ်တွေမရသေးဘူး” အောင်လံ(PDF)နှင့်နီးစပ်သူတစ်ဦးက MCC သို့အတည်ပြုပြောကြားထားပါသည်။

အောင်လံ (PDF) မှကာကွယ်ရေးတပ်များမှာ လက်ရှိအချိန်တွင် ယာယီစခန်းတစ်ခုသို့ ပြောင်းရွှေ့ထားကြောင်း ၎င်းတို့နီးစပ်သူများထံမှ သိရှိရသည်။

ရဲရင့်စွာကျဆုံးခဲ့ရသော မင်းခန့်သစ္စာကို နည်းပညာတက္ကသိုလ်(မကွေး)၏ သူရဲကောင်းတစ်ဦးအဖြစ် လေးစားစွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း မကွေးနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ သတင်းထုတ်ပြန်ထား သည်။

လက်ရှိအချိန်တွင် သောင်းကျန်းသူစစ်တပ်သည် နိုင်ငံနှင့် အဝှမ်းရှိ ၎င်းတို့ဆန့်ကျင်သည့်လူများကို

အင်အားအလုံးအရင်းဖြင့် ပစ်ခတ်ဖမ်းဆီးခြင်း၊ ၎င်းတို့သတင်းရရှိသော နေရာများကိုရှာဖွေခြင်း၊ စီးနင်းခြင်းများအပြင် ၎င်းတို့ အထိနာလျက်ရှိသောနေရာများတွင် ရဟတ်ယာဉ်များပါအသုံးပြုပြီး တိုက်ခိုက်နေသည်။

” စစ်တပ်က အင်အားအလုံးအရင်းနဲ့ လာတာမျိုးဆိုရင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အနေနဲ့ ပြန်လည်ပြီးတော့ တိုက်ခိုက်ဖို့မလွယ်ကူဘူး။ အချို့ကလက်နက်္မရှိဘူး။ ရှိတဲ့စခန်းတွေ ဆိုရင်လည်း ပြန်ချဖို့က

ကျည်ဆံမလောက်ငတာတွေ ဘာတွေရှိတော့ စခန်းကိုစွန့်ကြရတာပေါ့” ဟု တော်လှန်ရေးသမားတစ်ဦးက ပြောပါသည်။

မြန်မာနိုင်ငံတွင် လက်နက်အားကိုးဖြင့် အာဏာလုယူထားသော သော‌င်းကျန်းသူစစ်တပ်ကို ပြည်သူလူထု အနေဖြင့် နေရာအနှံ့ပြားတွင် တော်လှန်လျက်ရှိနေသည်။

လက်ရှိအချိန်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များလည်း နိုင်ငံအဝှမ်း ပေါ်ပေါက်လာခဲ့ပြီး လက်နက်အင်အားကွာခြားသည့်တိုင် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြောက်ကျားတိုက်ခိုက်ခြင်းများကို ပြုလုပ်လျက် ရှိနေသည်။credit

Leave a Reply

Your email address will not be published.