SAC ရဲ့ ပညာရေးဆိုင်ရာကြိုးပမ်းနေမှုတွေကို နားမလည်သူတွေက အဖျက်လုပ်ငန်းတွေလုပ်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောရန်ကုန်၊ နိုဝင်ဘာ ၂၀

ပညာရေးနဲ့ပတ်သတ်ပြီး ကြိုးပမ်းဆောင်ရွက်နေမှုတွေကို နားလည်သဘောပေါက်ခြင်းမရှိသူတွေက ပညာရေးစနစ် အနှောင့်အယှက်ဖြစ်အောင် အဖျက်အမှောင့်လုပ်ငန်းတွေလုပ်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့ ညနေက နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် သင်တန်းဆင်းပွဲမှာ တက်ရောက်ပြောကြားတာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခြေခံပညာကျောင်းတွေကနေတဆင့် တက္ကသိုလ်တွေပါ ဖွင့်လှစ်ပေးနိုင်အောင် ဆောင်ရွက်ပေးနေတာကို နားလည်သဘောပေါက်ခြင်းမရှိသူတွေက

ကျောင်းတွေ ပြန်မဖွင့်နိုင်အောင်လုပ်နေပြီး ပညာရေးစနစ်ကို အနှောင့်အယှက်ဖြစ်အောင် အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ကလေးတွေ ကျောင်းတက်တာကို တားမြစ်နေတာဟာ ကုလသမဂ္ဂချမှတ်ထားတဲ့ ကလေးသူငယ်တွေအခွင့်အရေးကို ချိုးဖောက်နေတာဖြစ်ပြီး ဆရာ၊ ဆရာမတွေအနေနဲ့ ကလေးသူငယ်တွေ ပညာသင်ခွင့်ရအောင် ဆောင်ရွက်ပေးကြဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကညွှန်ကြားပါတယ်။

ဆက်လက်ပြီး တိုင်းရင်းသားအချင်းချင်း စည်လုံးညီညွတ်မှုရှိကြဖို့၊ ပါတီနိုင်ငံရေးကင်းစင်ပြီး ကိုယ်ကျင့်တရားကောင်းတဲ့ ပညာရေးဝန်ထမ်းတွေ ဖြစ်လာဖို့၊ ဒို့တာဝန်အရေးသုံးပါးကို သက်ဝင်ယုံကြည်တဲ့ လူငယ်တွေဖြစ်လာဖို့တွေနဲ့ ပတ်သတ်ပြီးလည်း တိုက်တွန်းပြောကြားပါတယ်။

ပုံစာ-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် သင်တန်းဆင်းပွဲကို တက်ရောက်စဉ်။

———-

SAC ရဲ႕ ပညာေရးဆိုင္ရာႀကိဳးပမ္းေနမႈေတြကို နားမလည္သူေတြက အဖ်က္လုပ္ငန္းေတြလုပ္ေနတယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ေျပာရန္ကုန္၊ ႏိုဝင္ဘာ ၂၀

ပညာေရးနဲ႔ပတ္သတ္ၿပီး ႀကိဳးပမ္းေဆာင္႐ြက္ေနမႈေတြကို နားလည္သေဘာေပါက္ျခင္းမရွိသူေတြက ပညာေရးစနစ္ အေႏွာင့္အယွက္ျဖစ္ေအာင္ အဖ်က္အေမွာင့္လုပ္ငန္းေတြလုပ္ေနတယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ေျပာၾကားပါတယ္။

ႏိုဝင္ဘာ ၁၉ ရက္ေန႔ ညေနက ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ ျပည္ေထာင္စုတိုင္းရင္းသားလူမ်ိဳးမ်ား ဖြံ႕ၿဖိဳးေရးတကၠသိုလ္ သင္တန္းဆင္းပြဲမွာ တက္ေရာက္ေျပာၾကားတာျဖစ္ပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အေျခခံပညာေက်ာင္းေတြကေနတဆင့္ တကၠသိုလ္ေတြပါ ဖြင့္လွစ္ေပးႏိုင္ေအာင္ ေဆာင္႐ြက္ေပးေနတာကို နားလည္သေဘာေပါက္ျခင္းမရွိသူေတြကေက်ာင္းေတြ ျပန္မဖြင့္ႏိုင္ေအာင္လုပ္ေနၿပီး ပညာေရးစနစ္ကို အေႏွာင့္အယွက္ျဖစ္ေအာင္ အဖ်က္အေမွာင့္လုပ္ငန္းေတြ လုပ္ေဆာင္ေနတယ္လို႔ ေျပာပါတယ္။

ကေလးေတြ ေက်ာင္းတက္တာကို တားျမစ္ေနတာဟာ ကုလသမဂၢခ်မွတ္ထားတဲ့ ကေလးသူငယ္ေတြအခြင့္အေရးကို ခ်ိဳးေဖာက္ေနတာျဖစ္ၿပီးဆရာ၊ဆရာမေတြအေနနဲ႔ကေလးသူငယ္ေတြပညာသင္ခြင့္ရေအာင္ေဆာင္႐ြက္ေပးၾကဖို႔ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကၫႊန္ၾကားပါတယ္။

ဆက္လက္ၿပီး တိုင္းရင္းသားအခ်င္းခ်င္း စည္လုံးညီၫြတ္မႈရွိၾကဖို႔၊ ပါတီႏိုင္ငံေရးကင္းစင္ၿပီး ကိုယ္က်င့္တရားေကာင္းတဲ့ ပညာေရးဝန္ထမ္းေတြ ျဖစ္လာဖို႔၊ ဒို႔တာဝန္အေရးသုံးပါးကို သက္ဝင္ယုံၾကည္တဲ့ လူငယ္ေတြျဖစ္လာဖို႔ေတြနဲ႔ ပတ္သတ္ၿပီးလည္း တိုက္တြန္းေျပာၾကားပါတယ္။

ပုံစာ-ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ျပည္ေထာင္စုတိုင္းရင္းသားလူမ်ိဳးမ်ား ဖြံ႕ၿဖိဳးေရးတကၠသိုလ္ သင္တန္းဆင္းပြဲကို တက္ေရာက္စဥ္။

Leave a Reply

Your email address will not be published.