ယမန္ေန႔ (ႏိုဝင္ဘာ ၁) မေကြးတိုင္း ေဆာၿမိဳ႕နယ္၌ တိုက္ပြဲအတြင္း လာေရာက္တိုက္ခိုက္ေသာ MI 35 တိုက္ခိုက္ေရး ရဟတ္ယာဥ္ႏွစ္စီးအနက္ တစ္စီးကို ထိမွန္ေအာင္ပစ္ခတ္ႏိုင္ခဲ့ေၾကာင္း ေဆာေဒသကာကြယ္ေရးအဖြဲ႕ (ေဆာ-PDF) က ယေန႔ သတင္းထုတ္ျပန္သည္။

စစ္ေကာင္စီတပ္သား ၆၀ ခန႔္ ထိုေနရာတြင္ ပိတ္မိေနစဥ္ ေရာက္လာေသာ ထိုရဟတ္ယာဥ္ကို မည္သည့္လက္နက္အမ်ိဳးအစားျဖင့္ ပစ္ခတ္လိုက္ေၾကာင္း ေဆာ – PDF က ထုတ္ေျပာျခင္း မရွိေပ။

မီးခိုးထြက္ေနသာ ရဟတ္ယာဥ္တစ္စီး ေက်ာက္ထုေလယာဥ္ကြင္းသို႔ အေရးေပၚဆင္းသက္ခဲ့ရသည္ဟု ကင္းေထာက္မ်ားမွတဆင့္ သိရေၾကာင္း ေဆာ – PDF တပ္ရင္းမႉးက ေျပာသည္။“ေနာက္ဆုံးသိရတာကေတာ့ သူတို႔ ေလယာဥ္ကိုျပင္ေနတယ္”ဟု ၎က ဆိုသည္။တိုက္ပြဲျဖစ္ပြားရာ ေဆာၿမိဳ႕နယ္ ေတာမ႐ြာအနီးမွ ေက်ာက္ထုၿမိဳ႕သို႔ မိုင္ ၅၀ ခန႔္ ခရီးရွိသည္။

ခ်င္းျပည္နယ္ ကန္ပက္လက္ၿမိဳ႕မွ ေတာတိုး၍ ဆင္းလာသည့္ ထိုစစ္ေၾကာင္းကို ႏိုဝင္ဘာ ၁၇ မွအစျပဳ၍ CDF ကန္ပက္လက္၊ CDF မင္းတပ္၊ ေဆာ PDF၊ YDF ေဆာ – ေက်ာက္ထု စသည့္ ေဒသကာကြယ္ေရးအဖြဲ႕မ်ား ပူးေပါင္း၍ လိုက္လံတိုက္ခိုက္ေနျခင္းျဖစ္သည္။

ႏိုဝင္ဘာ ၁၉ အထိ တိုက္ပြဲမ်ားအတြင္း စစ္ေကာင္စီဘက္မွ ၂၀ ထက္မနည္း ေသဆုံးခဲ့ကာ ဒဏ္ရာရ တပ္ရင္းမႉးႏွင့္ စစ္သားမ်ားကို MI 17 အမ်ိဳးအစား သယ္ယူပို႔ေဆာင္ေရး ရဟတ္ယာဥ္ျဖင့္ ယမန္ေန႔ (ႏိုဝင္ဘာ ၁၉) ညေနပိုင္းတြင္ လာေရာက္ကယ္ထုတ္သြားေၾကာင္း၊ ၎တို႔ဘက္မွ ၂ဦးေသဆုံးေၾကာင္း ေဆာ – PDF က ေျပာသည္။

စစ္ေကာင္စီတပ္ ပိတ္မိေနသည့္ ေနရာသို႔ အင္အား ၁၀၀ ေက်ာ္ပါ စစ္ေၾကာင္းတစ္ခု လာေရာက္ပူးေပါင္းရန္ ႀကိဳးပမ္းေနသည္ဆိုေသာ သတင္းလည္းထြက္ေပၚေနေၾကာင္း၊ ယေန႔ (ႏိုဝင္ဘာ ၂၀) တြင္ စစ္ေကာင္စီဘက္က ပစ္ခတ္မႈမရွိေၾကာင္း၊ အထက္ပါ အဖြဲ႕၏ တပ္ရင္းမႉးက ေျပာသည္။

“တိုက္ပြဲက ျဖစ္ႏိုင္ေျခက ရွိေသးတယ္ဗ်။ ဆက္လက္တင္းမာေနဆဲပဲ” ဟု ၎က ေျပာသည္။ထိုစစ္ေၾကာင္းမွာ ထိုေနရာမွ မိုင္ ၆၀ ခန႔္ ကြာေဝးသည့္ ေပါက္ၿမိဳ႕နယ္သို႔ ႏိုဝင္ဘာ ၂၁ (မနက္ျဖန္) အေရာက္ခ်ီတက္ရန္ အမိန႔္ရထားသည့္ တပ္ရင္းျဖစ္ေၾကာင္း ေဆာ – PDF က ေျပာသည္။

ေဆာၿမိဳ႕နယ္အပါအဝင္ ေယာေဒသတစ္ဝိုက္တြင္ စစ္ေကာင္စီက စစ္သားအင္အား ၁၅၀၀ ဝန္းက်င္ျဖင့္ လႈပ္ရွားေနေၾကာင္း ေဒသခံ PDF အဖြဲ႕ဝင္မ်ားက ခန႔္မွန္းထားၾကၿပီး အမ်ားစုမွာ တပ္မ ၉၉ ႏွင့္ တပ္မ ၃၃ လက္ေအာက္ခံတပ္မ်ားျဖစ္သည္ဟု ဆိုသည္။ ျပင္းထန္ေသာ ထိုးစစ္ကို ခုခံရန္ ေဒသခံကာကြယ္ေရးတပ္တို႔ကလည္း ျပင္ဆင္ထားေၾကာင္း သိရသည္။

အာဏာသိမ္းၿပီးေနာက္ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသည္ကိုပင္ ပစ္ခတ္ႏွိမ္နင္းသည့္ စစ္တပ္ကို ႏိုင္ငံအႏွံ႔ လက္နက္ကိုင္ခုခံၾကရာတြင္ ခ်င္းျပည္နယ္ႏွင့္ မေကြးတိုင္းနယ္နမိတ္အနီးတြင္ရွိ ေဒသမ်ားသည္လည္း အပါအဝင္ျဖစ္သည္။စစ္ေကာင္စီကလည္း ထိုေဒသမ်ားအတြင္း တိုက္ပြဲမ်ားတြင္ လက္နက္ႀကီးမ်ားအျပင္ ရဟတ္ယာဥ္ပါ သုံး၍ ေတာက္ေလွ်ာက္စစ္ဆင္ေနသည္။

ရဟတ္ယာဥ္က်ည္ထိမွန္သြားသလို ေသဆုံး၊ ဒဏ္ရာရသူ မ်ားျပားေနသည္ဟူေသာ ေဒသကာကြယ္ေရးအဖြဲ႕မ်ားဘက္က ေျပာသည့္ ထိုတိုက္ပြဲအေျခအေနမ်ားႏွင့္ ပတ္သက္၍ စစ္ေကာင္စီထံ ေမးျမန္းႏိုင္ျခင္းမရွိေသးသလို စစ္ေကာင္စီကလည္း ထိုတိုက္ပြဲမ်ားအေၾကာင္း သတင္းအေမွာင္ခ်ထားတတ္သည္။

အာဏာသိမ္းမႈ ဆန္႔က်င္စိတ္ ျပင္းထန္ေသာ ေဒသခံ PDF တပ္ဖြဲ႕၀င္မ်ားတြင္ အမ်ားစုက တူမီး၊ ခါးခ်ိဳး စသည့္ ပစ္အားႏွင့္ က်ည္ထြက္အားမေကာင္းသည့္ လက္လုပ္ေသနတ္မ်ား ကိုင္ေဆာင္ထားၾကသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္တို႔မွာ လူထုေထာက္ခံမႈ မရေသာ္လည္း ေခ်မႈန္းေရးလက္နက္ အျပည့္အစုံတပ္ဆင္ထားၿပီး ေရတပ္၊ ေလတပ္ကိုလည္း အသုံးျပဳခြင့္ရထားသည္။source-myanmarnow

ယမန်နေ့ (နိုဝင်ဘာ ၁) မကွေးတိုင်း ဆောမြို့နယ်၌ တိုက်ပွဲအတွင်း လာရောက်တိုက်ခိုက်သော MI 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စီးအနက် တစ်စီးကို ထိမှန်အောင်ပစ်ခတ်နိုင်ခဲ့ကြောင်း ဆောဒေသကာကွယ်ရေးအဖွဲ့ (ဆော-PDF) က ယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သား၆၀ခန့်ထိုနေရာတွင်ပိတ်မိနေစဉ်ရောက်လာသောထိုရဟတ်ယာဉ်ကိုမည်သည့်လက်နက်အမျိုးအစားဖြင့် ပစ်ခတ်လိုက်ကြောင်း ဆော – PDF က ထုတ်ပြောခြင်း မရှိပေ။

မီးခိုးထွက်နေသာရဟတ်ယာဉ်တစ်စီးကျောက်ထုလေယာဉ်ကွင်းသို့အရေးပေါ်ဆင်းသက်ခဲ့ရသည်ဟုကင်းထောက်များမှတဆင့် သိရကြောင်း ဆော – PDF တပ်ရင်းမှူးက ပြောသည်။“နောက်ဆုံးသိရတာကတော့ သူတို့ လေယာဉ်ကိုပြင်နေတယ်”ဟု ၎င်းက ဆိုသည်။တိုက်ပွဲဖြစ်ပွားရာ ဆောမြို့နယ် တောမရွာအနီးမှ ကျောက်ထုမြို့သို့ မိုင် ၅၀ ခန့် ခရီးရှိသည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့မှ တောတိုး၍ ဆင်းလာသည့် ထိုစစ်ကြောင်းကို နိုဝင်ဘာ ၁၇ မှအစပြု၍ CDF ကန်ပက်လက်၊ CDF မင်းတပ်၊ ဆော PDF၊ YDF ဆော – ကျောက်ထု စသည့် ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်း၍ လိုက်လံတိုက်ခိုက်နေခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၉ အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်း သေဆုံးခဲ့ကာ ဒဏ်ရာရ တပ်ရင်းမှူးနှင့် စစ်သားများကို MI 17 အမျိုးအစား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ဖြင့် ယမန်နေ့ (နိုဝင်ဘာ ၁၉) ညနေပိုင်းတွင် လာရောက်ကယ်ထုတ်သွားကြောင်း၊ ၎င်းတို့ဘက်မှ ၂ဦးသေဆုံးကြောင်း ဆော – PDF က ပြောသည်။

စစ်ကောင်စီတပ် ပိတ်မိနေသည့် နေရာသို့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းတစ်ခု လာရောက်ပူးပေါင်းရန် ကြိုးပမ်းနေသည်ဆိုသော သတင်းလည်းထွက်ပေါ်နေကြောင်း၊ ယနေ့ (နိုဝင်ဘာ ၂၀) တွင် စစ်ကောင်စီဘက်က ပစ်ခတ်မှုမရှိကြောင်း၊ အထက်ပါ အဖွဲ့၏ တပ်ရင်းမှူးက ပြောသည်။

“တိုက်ပွဲက ဖြစ်နိုင်ခြေက ရှိသေးတယ်ဗျ။ ဆက်လက်တင်းမာနေဆဲပဲ” ဟု ၎င်းက ပြောသည်။

ထိုစစ်ကြောင်းမှာ ထိုနေရာမှ မိုင် ၆၀ ခန့် ကွာဝေးသည့် ပေါက်မြို့နယ်သို့ နိုဝင်ဘာ ၂၁ (မနက်ဖြန်) အရောက်ချီတက်ရန် အမိန့်ရထားသည့် တပ်ရင်းဖြစ်ကြောင်း ဆော – PDF က ပြောသည်။

ဆောမြို့နယ်အပါအဝင် ယောဒေသတစ်ဝိုက်တွင် စစ်ကောင်စီက စစ်သားအင်အား ၁၅၀၀ ဝန်းကျင်ဖြင့် လှုပ်ရှားနေကြောင်း ဒေသခံ PDF အဖွဲ့ဝင်များက ခန့်မှန်းထားကြပြီး အများစုမှာ တပ်မ ၉၉ နှင့် တပ်မ ၃၃ လက်အောက်ခံတပ်များဖြစ်သည်ဟု ဆိုသည်။ ပြင်းထန်သော ထိုးစစ်ကို ခုခံရန် ဒေသခံကာကွယ်ရေးတပ်တို့ကလည်း ပြင်ဆင်ထားကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်တပ်ကို နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံကြရာတွင် ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်နမိတ်အနီးတွင်ရှိ ဒေသများသည်လည်း အပါအဝင်ဖြစ်သည်။

စစ်ကောင်စီကလည်း ထိုဒေသများအတွင်း တိုက်ပွဲများတွင် လက်နက်ကြီးများအပြင် ရဟတ်ယာဉ်ပါ သုံး၍ တောက်လျှောက်စစ်ဆင်နေသည်။

ရဟတ်ယာဉ်ကျည်ထိမှန်သွားသလို သေဆုံး၊ ဒဏ်ရာရသူ များပြားနေသည်ဟူသော ဒေသကာကွယ်ရေးအဖွဲ့များဘက်က ပြောသည့် ထိုတိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီကလည်း ထိုတိုက်ပွဲများအကြောင်း သတင်းအမှောင်ချထားတတ်သည်။

အာဏာသိမ်းမှု ဆန့်ကျင်စိတ် ပြင်းထန်သော ဒေသခံ PDF တပ်ဖွဲ့ဝင်များတွင် အများစုက တူမီး၊ ခါးချိုး စသည့် ပစ်အားနှင့် ကျည်ထွက်အားမကောင်းသည့် လက်လုပ်သေနတ်များ ကိုင်ဆောင်ထားကြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့မှာ လူထုထောက်ခံမှု မရသော်လည်း ချေမှုန်းရေးလက်နက် အပြည့်အစုံတပ်ဆင်ထားပြီး ရေတပ်၊ လေတပ်ကိုလည်း အသုံးပြုခွင့်ရထားသည်။source-myanmarnow

Leave a Reply

Your email address will not be published.