အိမ္စီးကားေတြဟာ စစ္ေကာင္စီယာဥ္တန္းေတြနဲ႔ ပူးကပ္သြားလာေနတာေၾကာင့္ ေဆာင္႐ြက္ေနဆဲ စစ္ဆင္ေရးကို ရပ္တန႔္ခဲ့ရတယ္လို႔ ကရင္နီျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (KNDF) က ထုတ္ျပန္ပါတယ္။ဒီးေမာ့ဆိုၿမိဳ႕နယ္ ၆ မိုင္႐ြာမွာ ႏိုဝင္ဘာ ၁၈ ရက္က အၾကမ္းဖက္စစ္ေကာင္စီယာဥ္တန္းျဖတ္သြားမယ့္ သတင္းရတာေၾကာင့္ ျပည္သူ႔ကာကြယ္ေရးစုေပါင္းတပ္ဖြဲ႕ေတြက မိုင္းဆြဲတိုက္ခိုက္ခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီတိုက္ခိုက္မႈေၾကာင့္ စစ္ေကာင္စီဘက္က ကားတစီးပ်က္စီးၿပီး စစ္သား ၂ ေယာက္ ေသဆုံးခဲ့ေပမဲ့ အိမ္စီးကားေတြဟာ စစ္ေကာင္စီယာဥ္တန္းေနာက္က ပူးကပ္လိုက္ပါလာလို႔ ျပည္သူေတြ မထိခိုက္ေအာင္ ဆက္မတိုက္ေတာ့ဘဲ စစ္ဆင္ေရးကို ႐ုပ္သိမ္းခဲ့ရတယ္လို႔ မေန႔က ထုတ္ျပန္ပါတယ္။

ဒါေၾကာင့္ ခရီးသြားျပည္သူေတြအေနနဲ႔ အၾကမ္းဖက္ စစ္ေကာင္စီယာဥ္တန္းေတြနဲ႔ ေဝးရာကေန ခြာၿပီး ေမာင္းႏွင္ဖို႔၊ ၿမိဳ႕ထဲမွာ စစ္ေကာင္စီတပ္စြဲထားတဲ့ ဂိတ္ေတြကို ေရွာင္ရွားဖို႔၊ စစ္ေကာင္စီ တပ္သားေတြနဲ႔ အေဝးမွာေနဖို႔၊ ေပါက္ကြဲပစ္ခတ္သံေတြၾကားရင္ အဲဒီေနရာေတြကို မသြားဖို႔ အထူးဂ႐ုျပဳၾကပါလို႔လည္း ေမတၱာရပ္ခံထားပါတယ္။

အိမ်စီးကားတွေဟာ စစ်ကောင်စီယာဉ်တန်းတွေနဲ့ ပူးကပ်သွားလာနေတာကြောင့် ဆောင်ရွက်နေဆဲ စစ်ဆင်ရေးကို ရပ်တန့်ခဲ့ရတယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ထုတ်ပြန်ပါတယ်။ဒီးမော့ဆိုမြို့နယ် ၆ မိုင်ရွာမှာ နိုဝင်ဘာ ၁၈ ရက်က အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းဖြတ်သွားမယ့် သတင်းရတာကြောင့် ပြည်သူ့ကာကွယ်ရေးစုပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ကားတစီးပျက်စီးပြီး စစ်သား ၂ ယောက် သေဆုံးခဲ့ပေမဲ့ အိမ်စီးကားတွေဟာ စစ်ကောင်စီယာဉ်တန်းနောက်က ပူးကပ်လိုက်ပါလာလို့ ပြည်သူတွေ မထိခိုက်အောင် ဆက်မတိုက်တော့ဘဲ စစ်ဆင်ရေးကို ရုပ်သိမ်းခဲ့ရတယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

ဒါကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းတွေနဲ့ ဝေးရာကနေ ခွာပြီး မောင်းနှင်ဖို့၊ မြို့ထဲမှာ စစ်ကောင်စီတပ်စွဲထားတဲ့ဂိတ်တွေကိုရှောင်ရှားဖို့၊စစ်ကောင်စီတပ်သားတွေနဲ့အဝေးမှာနေဖို့၊ပေါက်ကွဲပစ်ခတ်သံတွေကြားရင် အဲဒီနေရာတွေကို မသွားဖို့ အထူးဂရုပြုကြပါလို့လည်း မေတ္တာရပ်ခံထားပါတယ်။

Leave a Reply

Your email address will not be published.