မုံးကိုးတြင္ စစ္ေကာင္စီ တပ္မ ၉၉ ၏ လက္နက္ခဲယမ္း အမ်ားအျပား ကိုးကန္႔ MNDAA က သိမ္းဆည္းရမိ (႐ုပ္/သံ)ရန္ကုန္၊ ႏိုဝင္ဘာ ၂၀ရွမ္းျပည္နယ္၊ မုံးကိုးတြင္ စစ္ေကာင္စီႏွင့္ MNDAA တို႔ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး MNDAA သည္ စစ္ေကာင္စီ တပ္မ ၉၉ က စြန႔္ပစ္ထားေသာ လက္နက္ခဲယမ္းအမ်ားအျပားကို ထပ္မံေတြ႕ရွိသိမ္းဆည္းမိ​ေၾကာင္း MNDAA က သတင္းထုတ္ျပန္သည္။

ႏိုဝင္ဘာ ၁၇ ရက္ေန႔ စစ္ေကာင္စီတပ္မ်ားသည္ ေ႐ႊ႕ေျပာင္းမႈ လုပ္ေဆာင္မႈ လုပ္ေဆာင္ၿပီး ႏိုဝင္ဘာလ ၁၈ ရက္ေန႔တြင္ ေဖာင္းဆိုင္တြင္ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း၊ ယင္းေနာက္ ကိုးကန႔္ တပ္ဖြဲ႕က နယ္ေျမရွင္းလင္းေရး ေဆာင္႐ြက္ရာ ျခင္းက်ား ၁၁ လုံးႏွင့္ တပ္မ ၉၉ ကစြန႔္ပစ္ထားေသာ လက္နက္မ်ား၊ ေဆးဝါး ပစၥည္းမ်ားကို သိမ္းဆည္းရမိေၾကာင္း MNDAA ကဆိုသည္။

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ကိုးကန႔္ေဒသတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္ႏွင့္ MNDAA တပ္ဖြဲ႕ၾကား ႏိုဝင္ဘာလ ၁၇ ရက္ႏွင့္ ၁၈ ရက္မ်ားတြင္ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး မုံးကိုး၊ ဆုေတာင္းေတာင္ေဒသတဝိုက္ နယ္ေျမရွင္းလင္းစဥ္ စစ္ေကာင္စီတပ္ တပ္မ ၉၉ လက္ေအာက္ခံ တပ္ရင္း ၃၁၅ တပ္ဖြဲ႕ဝင္မ်ား စြန႔္ခြာသြားေသာ လက္နက္ခဲယမ္းမ်ားႏွင့္ အသုံးအေဆာင္မ်ား သိမ္းဆည္းရမိေၾကာင္း သိရွိရသည္။

သိမ္းဆည္းရမိေသာ ပစၥည္းမ်ားတြင္ လက္နက္ႀကီး က်ည္မ်ိဳးစုံ၊ က်ည္ဆံမ်ိဳးဆုံ၊ ေဆးပစၥည္းအခ်ိဳ႕ႏွင့္ ျခင္းၾကား ၁၁ လုံးတို႔ ပါဝင္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရွိရသည္။ႏိုဝင္ဘာလ ၁၈ ရက္ နံနက္တြင္ စစ္ေကာင္စီတပ္ႏွင့္ MNDAA ၅၁၁ တပ္ရင္းၾကား တိုက္ပြဲမ်ား

ျဖစ္ပြားခဲ့ေၾကာင္း၊ ပန္ဆန္းရွိ စစ္ေကာင္စီစခန္းမွ မုံးကိုးေဒသ ဆုေတာင္းေတာင္ဘက္သို႔ လက္နက္ႀကီးမ်ားျဖင့္ အႀကိမ္ေရ ၃၀ ေက်ာ္ခန႔္ ပစ္ခတ္ခဲ့ေၾကာင္း၊ တိုက္ပြဲၿငိမ္သက္သြားမွ MNDAA က နယ္ေျမရွင္းလင္းေရးလုပ္စဥ္ သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း ကိုးကန႔္သတင္းရင္းျမစ္က ေရးသားထုတ္ျပန္သည္။

မုံးကိုးတွင် စစ်ကောင်စီ တပ်မ ၉၉ ၏ လက်နက်ခဲယမ်း အများအပြား ကိုးကန့် MNDAA က သိမ်းဆည်းရမိ (ရုပ်/သံ)ရန်ကုန်၊ နိုဝင်ဘာ ၂၀ရှမ်းပြည်နယ်၊ မုံးကိုးတွင် စစ်ကောင်စီနှင့် MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး MNDAA သည် စစ်ကောင်စီ တပ်မ ၉၉ က စွန့်ပစ်ထားသော လက်နက်ခဲယမ်းအများအပြားကို ထပ်မံတွေ့ရှိသိမ်းဆည်းမိကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁၇ ရက်နေ့ စစ်ကောင်စီတပ်များသည် ရွှေ့ပြောင်းမှု လုပ်ဆောင်မှု လုပ်ဆောင်ပြီး နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဖောင်းဆိုင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် ကိုးကန့် တပ်ဖွဲ့က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ ခြင်းကျား ၁၁ လုံးနှင့် တပ်မ ၉၉ က စွန့်ပစ်ထားသော လက်နက်များ၊ ဆေးဝါး ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း MNDAA ကဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် MNDAA တပ်ဖွဲ့ကြား နိုဝင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်များတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မုံးကိုး၊ ဆုတောင်းတောင်ဒေသတဝိုက် နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၃၁၅ တပ်ဖွဲ့ဝင်များ စွန့်ခွာသွားသော လက်နက်ခဲယမ်းများနှင့်

အသုံးအဆောင်များ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

သိမ်းဆည်းရမိသော ပစ္စည်းများတွင် လက်နက်ကြီး ကျည်မျိုးစုံ၊ ကျည်ဆံမျိုးဆုံ၊ ဆေးပစ္စည်းအချို့နှင့် ခြင်းကြား ၁၁ လုံးတို့ ပါဝင်ကြောင်း ထုတ်ပြန်ချက်အရသိရှိရသည်။

နိုဝင်ဘာလ ၁၈ ရက် နံနက်တွင် စစ်ကောင်စီတပ်နှင့် MNDAA ၅၁၁ တပ်ရင်းကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ပန်ဆန်းရှိ စစ်ကောင်စီစခန်းမှ မုံးကိုးဒေသ ဆုတောင်းတောင်ဘက်သို့ လက်နက်ကြီးများဖြင့် အကြိမ်ရေ ၃၀ ကျော်ခန့်

ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ပွဲငြိမ်သက်သွားမှ MNDAA က နယ်မြေရှင်းလင်းရေးလုပ်စဉ် သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း ကိုးကန့်သတင်းရင်းမြစ်က ရေးသားထုတ်ပြန်သည်။

Leave a Reply

Your email address will not be published.