ပံ့သကူအမွတ္နဲ႔ အထုပ္ယူခဲ့ရာကေန ေပါက္ကြဲမႈျဖစ္လို႔ အမ်ိဳးသားတစ္ဦး ေသဆုံး

■ ရန္ကုန္ၿမိဳ႕ ေျမာက္ဥကၠလာပၿမိဳ႕နယ္မွာ ႏိုဝင္ဘာ ၁၉ ရက္ မေန႔ညက အမ်ိဳးသားတစ္ေယာက္ဟာ လမ္းေပၚက အထုပ္တစ္ထုပ္ကို ပံ့သကူအမွတ္နဲ႔ ေကာက္ယူခဲ့ရာ အဲဒီအထုပ္လက္ထဲမွာတင္ ေပါက္ကြဲၿပီး ေသဆုံးသြားတယ္လို႔ မိသားစုနဲ႔ နီးစပ္သူတစ္ဦးက ေျပာပါတယ္။

မေန႔ည ၇ နာရီခြဲေလာက္က ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ သုနႏၵာလမ္းမႀကီးေပၚမွာ အသက္ ၅၁ ႏွစ္အ႐ြယ္ အေႏွးယာဥ္လုပ္သား ဦးလွေထြးဟာ လမ္းေပၚခ်ထားတဲ့ အထုပ္တစ္ထုပ္ကို ေကာက္ယူခဲ့ရာကေန ေပါက္ကြဲမႈျဖစ္ခဲ့တာလို႔ မိသားစုနဲ႔ နီးစပ္သူေတြက RFA ကို ေျပာပါတယ္။

“မေန႔က ၇ နာရီခြဲေလာက္မွာ ဗုံးေပါက္တယ္ ေျပာတယ္။ ပဲႏို႔ဗူးကို သူရဲ႕ အက်ႌရဲ႕ ဗိုက္ထဲကို ထည့္လိုက္တာ။ အဲဒီမွာ ထၿပီး ေပါက္ေရာ။ ေပါက္ေတာ့ အူေတြ ဘာေတြထြက္ၿပီး လဲက်သြားတာ။ ခ်က္ခ်င္း ေဆး႐ုံကား ေရာက္လာၿပီး ၉ နာရီေက်ာ္ေက်ာ္ေလာက္မွာ ဆုံးသြားတယ္တဲ့”

ဦးလွေထြးဟာ သူ႔အမ်ိဳးသမီးနဲ႔အတူ ေျမာက္ဥကၠလာပၿမိဳ႕နယ္ (ည) ရပ္ကြက္၊ ဧရာ (၂၂) လမ္းမွာ ေနထိုင္သူျဖစ္ၿပီး သူ႔ရဲ႕႐ုပ္အေလာင္းကို လက္ရွိ ေရေဝးသုႆန္မွာ ထားရွိကာ မနက္ျဖန္ ႏိုဝင္ဘာ ၂၁ ရက္ေန႔မွာ သၿဂႋဳဟ္သြားမယ္လို႔လည္း ေျပာပါတယ္။

ဒီေပါက္ကြဲမႈနဲ႔ ပတ္သက္လို႔ တျခားေသာ အခ်က္အလက္ေတြကိုေတာ့ RFA အေနနဲ႔ သီးျခားအတည္ျပဳႏိုင္ျခင္း မရွိေသးပါဘူး။

ပံ့သကူပစ္ျခင္းကို ပုံမွန္အားျဖင့္ တန္ေဆာင္မုန္းလျပည့္ညမွာ ျပဳလုပ္ေလ့ရွိၾကၿပီး ပိုက္ဆံ၊ အဝတ္အစား၊ သဃၤန္းစတာေတြကို လႉဒါန္းေလ့ရွိတဲ့ ဗုဒၶဘာသာဝင္ေတြရဲ႕ ႐ိုးရာဓေလ့ အလႉတစ္ခု ျဖစ္ပါတယ္။source-RFA

ပံ့သကူအမှတ်နဲ့ အထုပ်ယူခဲ့ရာကနေ ပေါက်ကွဲမှုဖြစ်လို့ အမျိုးသားတစ်ဦး သေဆုံး

■ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်မှာ နိုဝင်ဘာ ၁၉ ရက် မနေ့ညက အမျိုးသားတစ်ယောက်ဟာ လမ်းပေါ်က အထုပ်တစ်ထုပ်ကို ပံ့သကူအမှတ်နဲ့ ကောက်ယူခဲ့ရာ အဲဒီအထုပ်လက်ထဲမှာတင် ပေါက်ကွဲပြီး သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မနေ့ည ၇ နာရီခွဲလောက်က မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်းမကြီးပေါ်မှာ အသက် ၅၁ နှစ်အရွယ် အနှေးယာဉ်လုပ်သား ဦးလှထွေးဟာ လမ်းပေါ်ချထားတဲ့ အထုပ်တစ်ထုပ်ကို ကောက်ယူခဲ့ရာကနေ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

“မနေ့က ၇ နာရီခွဲလောက်မှာ ဗုံးပေါက်တယ် ပြောတယ်။ ပဲနို့ဗူးကို သူရဲ့ အင်္ကျီရဲ့ ဗိုက်ထဲကို ထည့်လိုက်တာ။ အဲဒီမှာ ထပြီး ပေါက်ရော။ ပေါက်တော့ အူတွေ ဘာတွေထွက်ပြီး လဲကျသွားတာ။ ချက်ချင်း ဆေးရုံကား ရောက်လာပြီး ၉ နာရီကျော်ကျော်လောက်မှာ ဆုံးသွားတယ်တဲ့”

ဦးလှထွေးဟာ သူ့အမျိုးသမီးနဲ့အတူ မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက်၊ ဧရာ (၂၂) လမ်းမှာ နေထိုင်သူဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို လက်ရှိ ရေဝေးသုဿန်မှာ ထားရှိကာ မနက်ဖြန် နိုဝင်ဘာ ၂၁ ရက်နေ့မှာ သင်္ဂြိုဟ်သွားမယ်လို့လည်း ပြောပါတယ်။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ တခြားသော အချက်အလက်တွေကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပံ့သကူပစ်ခြင်းကို ပုံမှန်အားဖြင့် တန်ဆောင်မုန်းလပြည့်ညမှာ ပြုလုပ်လေ့ရှိကြပြီး ပိုက်ဆံ၊ အဝတ်အစား၊ သင်္ဃန်းစတာတွေကို လှူဒါန်းလေ့ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ရိုးရာဓလေ့ အလှူတစ်ခု ဖြစ်ပါတယ်။source-RFA

Leave a Reply

Your email address will not be published.