ဒီလိုစိတ်ဓါတ်တွေနဲ့ ပြည်သူတွေက ဒင်းတို့ထက် အဆပေါင်းများစွာ များတယ်လို့ ပြောလာတဲ့ ပန်ဆယ်လိုလေလံတင်ထားတဲ့ စိန်လက်စွပ်လေးနဲ့ အမေစုပုံရတနာရင်ထိုးလေးရဲ့ လေလံအောင်စျေးကို ကြေညာပေးပါတော့မယ်ရှင်။

$2800 တန်ဖိုးရှိ စိန်လက်စွပ်လေးကို $6100 နဲ့ လေလံအောင်သွားသလို $2000 တန်ဖိုးရှိ အမေစုပုံရတနာရင်ထိုးလေးကို $12000 နဲ့ လေလံအောင်သွားပါတယ်။စိန်လက်စွပ်ကို လေလံအောင်သွားသူ အမကလည်း သူဌေးမကြီး မဟုတ်တဲ့ အိမ်ရှင်မတစ်ဦးဖြစ်သလို သူ့ပေးနိုင်စွမ်း အပြည့်အဝကို ပုံပေးလိုက်တာမျိုးပါ။

ရင်ထိုးလေးကို လေလံအောင်သွားတဲ့ မောင်လေးကတော့ ပြည်ပရောက် လူငယ်တစ်ဦးဖြစ်ပြီး သူ့တွေးဆပုံက ထူးဆန်းပါတယ်။ အမှန်က အစက သူက ရင်ထိုးရော၊ လက်စွပ်ရော $6000 စီနဲ့ $12000 ပေးထားသူပါ။

လက်စွပ်ကို 6100 လာပေးထားတယ်လို့ အကြောင်း ပြန်လိုက်တဲ့အခါ သူက ဘာပြန်ပြောလဲဆိုတော့ လက်စွပ်ကို လိုက်ပေးမယ်ဆို ပေးလို့ရပေမယ့် သူ ၆၂၀၀ ပေးလိုက်မယ်ဆို အလှူငွေက $12200 နဲ့ ပြီးဆုံးသွားမှာတဲ့။

ဒါ့ကြောင့် လက်စွပ်ကို $6100 အမကို လေးစားစွာ ပေးပေးပါတဲ့။ ရင်ထိုးကို သူ $12000 ပေးပါ့မယ်ခင်ဗျာတဲ့။ လက်စွပ်ကို သူမယူတော့ပါဘူးတဲ့လေ။ဒီလိုစိတ်ဓါတ်တွေကြောင့် ငါတို့က နိုင်ကိုနိုင်မယ်ဆိုတာ ဘယ်လောက်စိတ်ထိခိုက်စရာတွေ ကြုံကြုံ စွဲမြဲယုံကြည်နေတာ။

မူရင်းနန့်ထနေတဲ့ဟာတွေကို ကြည့်မနေနဲ့။ အချိန်ကုန်တယ်။ စိတ်ပင်ပန်းတယ်။ ဒီလိုစိတ်ဓါတ်တွေနဲ့ ပြည်သူတွေက ဒင်းတို့ထက် အဆပေါင်းများစွာ များတယ်။အားတင်းထားကြစမ်းပါ။ ရအောင် ပြန်ရုန်းထကြမယ်။ပန်ဆယ်လို

———–

ဒီလိုစိတ္ဓါတ္ေတြနဲ႔ ျပည္သူေတြက ဒင္းတို႔ထက္ အဆေပါင္းမ်ားစြာ မ်ားတယ္လို႔ ေျပာလာတဲ့ ပန္ဆယ္လိုေလလံတင္ထားတဲ့ စိန္လက္စြပ္ေလးနဲ႔ အေမစုပုံရတနာရင္ထိုးေလးရဲ႕ ေလလံေအာင္ေစ်းကို ေၾကညာေပးပါေတာ့မယ္ရွင္။

$2800 တန္ဖိုးရွိ စိန္လက္စြပ္ေလးကို $6100 နဲ႔ ေလလံေအာင္သြားသလို $2000 တန္ဖိုးရွိ အေမစုပုံရတနာရင္ထိုးေလးကို $12000 နဲ႔ ေလလံေအာင္သြားပါတယ္။စိန္လက္စြပ္ကို ေလလံေအာင္သြားသူ အမကလည္း သူေဌးမႀကီး မဟုတ္တဲ့ အိမ္ရွင္မတစ္ဦးျဖစ္သလို သူ႔ေပးႏိုင္စြမ္း အျပည့္အဝကို ပုံေပးလိုက္တာမ်ိဳးပါ။

ရင္ထိုးေလးကို ေလလံေအာင္သြားတဲ့ ေမာင္ေလးကေတာ့ ျပည္ပေရာက္ လူငယ္တစ္ဦးျဖစ္ၿပီး သူ႔ေတြးဆပုံက ထူးဆန္းပါတယ္။ အမွန္က အစက သူက ရင္ထိုးေရာ၊ လက္စြပ္ေရာ $6000 စီနဲ႔ $12000 ေပးထားသူပါ။လက္စြပ္ကို 6100 လာေပးထားတယ္လို႔ အေၾကာင္း ျပန္လိုက္တဲ့အခါ သူက ဘာျပန္ေျပာလဲဆိုေတာ့ လက္စြပ္ကို လိုက္ေပးမယ္ဆို ေပးလို႔ရေပမယ့္ သူ ၆၂၀၀ ေပးလိုက္မယ္ဆို အလႉေငြက $12200 နဲ႔ ၿပီးဆုံးသြားမွာတဲ့။

ဒါ့ေၾကာင့္ လက္စြပ္ကို $6100 အမကို ေလးစားစြာ ေပးေပးပါတဲ့။ ရင္ထိုးကို သူ $12000 ေပးပါ့မယ္ခင္ဗ်ာတဲ့။ လက္စြပ္ကို သူမယူေတာ့ပါဘူးတဲ့ေလ။ဒီလိုစိတ္ဓါတ္ေတြေၾကာင့္ ငါတို႔က ႏိုင္ကိုႏိုင္မယ္ဆိုတာ ဘယ္ေလာက္စိတ္ထိခိုက္စရာေတြ ႀကဳံႀကဳံ စြဲၿမဲယုံၾကည္ေနတာ။

မူရင္းနန္႔ထေနတဲ့ဟာေတြကို ၾကည့္မေနနဲ႔။ အခ်ိန္ကုန္တယ္။ စိတ္ပင္ပန္းတယ္။ ဒီလိုစိတ္ဓါတ္ေတြနဲ႔ ျပည္သူေတြက ဒင္းတို႔ထက္ အဆေပါင္းမ်ားစြာ မ်ားတယ္။အားတင္းထားၾကစမ္းပါ။ ရေအာင္ ျပန္႐ုန္းထၾကမယ္။ပန္ဆယ္လို

Leave a Reply

Your email address will not be published.