ဦးၿဖိဳးေဇယ်ာေသာ္ရဲ႕ အမျဖစ္သူ ေဒၚခင္ပပေသာ္ ထပ္မံဖမ္းဆီးခံရ■ ရန္ကုန္ၿမိဳ႕မွာ မေန႔က ဖမ္းဆီးခံလိုက္ရတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD လႊတ္ေတာ္ကိုယ္စားလွယ္ ဦးၿဖိဳးေဇယ်ာေသာ္ရဲ႕ အမျဖစ္သူ ေဒၚခင္ပပေသာ္ဟာ ဒီေန႔ မနက္ ၈ နာရီခြဲမွာ စစ္ေကာင္စီတပ္သားေတြက ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ မိသားစုနဲ႔ နီးစပ္သူတစ္ဦးက RFA ကို ေျပာပါတယ္။

ဗိုလ္ေအာင္ေက်ာ္လမ္းမွာရွိတဲ့ မခင္ပပေသာ္ရဲ႕ ေနအိမ္ကို စစ္ေကာင္စီတပ္သားေတြက အင္အားအလုံးအရင္းနဲ႔ ဝင္ေရာက္ဖမ္းဆီးခဲ့တာလို႔ သူကဆိုပါတယ္။” မခင္ပပေသာ္ အိမ္နားမွာေနတဲ့ က်ေနာ့္သူငယ္ခ်င္းက ေျပာတယ္။ ေဇယ်ာေသာ္ အမကို ဒီမနက္ ၈ ခြဲေလာက္မွာ အိမ္ေပၚထိ လာတက္ဖမ္းသြားတယ္။ လာဖမ္းတဲ့အခ်ိန္မွာလည္း လမ္းကို စစ္ကားေတြနဲ႔ ပိတ္ထားတယ္။ စစ္သားအင္အားလည္းမ်ားတယ္။ အဲဒီလို လာဖမ္းၿပီးကတည္းက အခုထိ သူတို႔အိမ္မွာ လူဝင္လူထြက္ မေတြ႕ရေတာ့ဘူး”

အသက္ ၄၀ အ႐ြယ္ ေဒၚခင္ပပေသာ္ဟာ ၿပီးခဲ့တဲ့ဧၿပီလကလည္း စစ္ေကာင္စီတပ္ရဲ႕ ဖမ္းဆီးမႈကို ခံခဲ့ရတဲ့အျပင္ အခုတစ္ေခါက္ကေတ့ာ ဒုတိယအႀကိမ္ေျမာက္ ထပ္မံဖမ္းဆီးခံရတာပါ။ဖမ္းဆီးခံရမႈနဲ႔ ပက္သက္လို႔ ေဒၚခင္ပပေသာ္ရဲ႕ မိသားစုဝင္ေတြကို RFA က ဆက္သြယ္ဖို႔ ႀကိဳးစားေနပါတယ္။ေဒၚခင္ပပေသာ္ဟာ ပထမအႀကိမ္ အဖမ္းခံရခ်ိန္က ဆႏၵျပသူေတြကို ကူညီမႈနဲ႔ ဖမ္းဆီးခံခဲ့ရတာပါ။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးျဖစ္တဲ့ ဦးၿဖိဳးေဇယ်ာေသာ္ကိုလည္း ႏိုဝင္ဘာလ ၁၉ ရက္ေန႔က ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္အတြင္းမွာရွိတဲ့ ရတနာႏွင္းဆီအိမ္ရာမွာ စစ္တပ္နဲ႔ရဲက ဖမ္းဆီးခဲ့ၿပီးေနာက္ သူ႔ရဲ႕အစ္မျဖစ္သူ ဒီေန႔ ဆက္လက္ဖမ္းဆီးခံရတာလည္းျဖစ္ပါတယ္။source-RFAဦးဖြိုးဇေယျာသော်ရဲ့ အမဖြစ်သူ ဒေါ်ခင်ပပသော် ထပ်မံဖမ်းဆီးခံရ

■ ရန်ကုန်မြို့မှာ မနေ့က ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ရဲ့အမဖြစ်သူဒေါ်ခင်ပပသော်ဟာဒီနေ့မနက်၈နာရီခွဲမှာစစ်ကောင်စီတပ်သားတွေကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ မခင်ပပသော်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်သားတွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ သူကဆိုပါတယ်။” မခင်ပပသော် အိမ်နားမှာနေတဲ့ ကျနော့်သူငယ်ချင်းက ပြောတယ်။ ဇေယျာသော် အမကို ဒီမနက် ၈ ခွဲလောက်မှာ အိမ်ပေါ်ထိ လာတက်ဖမ်းသွားတယ်။ လာဖမ်းတဲ့အချိန်မှာလည်း လမ်းကို စစ်ကားတွေနဲ့ ပိတ်ထားတယ်။ စစ်သားအင်အားလည်းများတယ်။ အဲဒီလို လာဖမ်းပြီးကတည်းက အခုထိ သူတို့အိမ်မှာ လူဝင်လူထွက် မတွေ့ရတော့ဘူး”

အသက် ၄၀ အရွယ် ဒေါ်ခင်ပပသော်ဟာ ပြီးခဲ့တဲ့ဧပြီလကလည်း စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတဲ့အပြင် အခုတစ်ခေါက်ကတေ့ာ ဒုတိယအကြိမ်မြောက် ထပ်မံဖမ်းဆီးခံရတာပါ။ဖမ်းဆီးခံရမှုနဲ့ ပက်သက်လို့ ဒေါ်ခင်ပပသော်ရဲ့ မိသားစုဝင်တွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။ဒေါ်ခင်ပပသော်ဟာ ပထမအကြိမ် အဖမ်းခံရချိန်က ဆန္ဒပြသူတွေကို ကူညီမှုနဲ့ ဖမ်းဆီးခံခဲ့ရတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဖြိုးဇေယျာသော်ကိုလည်း နိုဝင်ဘာလ ၁၉ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာရှိတဲ့ ရတနာနှင်းဆီအိမ်ရာမှာ စစ်တပ်နဲ့ရဲက ဖမ်းဆီးခဲ့ပြီးနောက် သူ့ရဲ့အစ်မဖြစ်သူ ဒီနေ့ ဆက်လက်ဖမ်းဆီးခံရတာလည်းဖြစ်ပါတယ်။source-RFA

Leave a Reply

Your email address will not be published.