လာမယ့်နိုဝင်ဘာလ(၁၉)ရက်သောကြာနေ့တွင်ရာစုနှစ်တစ်လျှောက်အရှည်ကြာဆုံးလကြတ်ချိန်ကိုကျွန်တော်တို့တစ်တွေတွေ့ကြုံရလိမ့်မယ်လို့သိရပါတယ်။အဆိုပါလကြတ်ချိန်ဟာအချိန်အားဖြင့်ညနေပိုင်း (၆း ၅၈)နာရီကနေ (၈း ၀၃)နာရီအထိ ကြာမြင့်မှာဖြစ်ကြောင်း National Planetarium က တွစ်တာမှာ ရေးသားထားပါတယ်
လွန်ခဲ့တဲ့မေလကကျွန်တော်တို့တစ်တွေဟာသွေးရောင်လွှမ်းလပြည့်ညဆိုတဲ့သမိုင်းမှာကြုံတောင့်ကြုံခဲအဖြစ်ကိုတွေကြုံခဲ့ကြဖူးပါလိမ့်မယ်ယခုတွေ့ကြုံရမယ့်လကြတ်ခြင်းကိုPenumbraLunarEclipse လို့ အမည်ပေးဖော်ပြထားပါတယ်။
NASAဖော်ပြချက်မှာတော့လကြတ်မယ့်ကြာမြင့်ချိန်ဟာ(၃)နာရီ၊(၂၈)မိနစ်၊(၂၃)စက္ကန့်အထိဖြစ်ပြီးဒါဟာသက္ကရာဇ်(၂၀၀၁)ခုနှစ်နဲ့(၂၁၀၀)ကြားမှာအရှည်ကြာဆုံးလကြတ်ချိန်တစ်ခုအဖြစ်မှတ်တမ်းဝင်မှလို့ သိရပါတယ်။
သိရသလောက်တော့လက်ရှိအရှည်ကြာဆုံးလကြတ်ချိန်အဖြစ်(၂၀၁၈)ခုနှစ်ကဖြစ်ခဲ့ကြောင်းသိရပြီးထိုစဉ်ကအချိန်အားဖြင့်တစ်နာရီနဲ့(၄၃)မိနစ်အထိကြာမြင့်ခဲ့ကြောင်းသိရပါတယ်NASAရဲ့ခန့်မှန်းချက်မှတော့နောက်ထပ်ဆယ်စုနှစ်(၈)ခုအတွင်းမှာ လကြတ်မှုပေါင်း (၁၇၉)ကြိမ်အထိ ဖြစ်ပွားလိမ့်မယ်လို့ ဆိုပါတယ်။
ဒါဟာတစ်နှစ်မှာပျမ်းမျှလကြတ်မှုနှစ်ကြိမ်အထိရှိမယ်လို့ဆိုတဲ့သဘောဖြစ်ပါတယ်နောက်ပြီးဒီလကြတ်မှုတွေကိုသာမန်မျက်လုံးဖြင့်အကာအကွယ်မပါဘဲမြင်တွေ့နိုင်မယ်လို့သိရပါတယ်အခုလကြတ်ခြင်းကိုNational Planetarium ကနေ Live ထုတ်လွှင့်ပြသမယ်လို့လည်း သိရပြီး အချိန်အားဖြင့် နိုဝင်ဘာ(၁၉)ရက် (၅)နာရီကနေ (၇)နာရီအထိ ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။Credit ;
Leave a Reply
Your email address will not be published.