





ရန်ကုန်မှ ရဲ CDM တစ်ဦး မြဝတီရဲစခန်းကို ပြန်ဝင်ပြီး သတင်းပေးလုပ်နေ၊ ရန်ကုန်မှ CDM လုပ်လာသည့် ရဲတစ်ဦးဖြစ်သည့် ရဲတပ်သား ဇင်ကိုထက်သည်

ယမန်နေ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့က ကရင်ပြည်နယ် မြဝတီမြို့မှ ရဲစခန်းသို့ ပြန်ဝင်ပြီး သတင်းပေးလုပ်နေကြောင်း သိရသည်

မနေ့က မြဝတီရဲစခန်းကို ပြန်သွားအဖမ်းခံခဲ့တဲ့ CDM ရဲပါ သူနဲ့ပတ်သက်တဲ့သူ အကုန်လုံးကို ရှာဖွေဖမ်းဆီးနေပါတယ်

ဆက်သွယ်ဖူးတဲ့သူတွေ ဂရုစိုက်ပေးပါ ဟု Captain Zero က သတိပေးရေးသားထားသည်ကို တွေ့ရသည်

အဆိုပါ CDM ရဲ၏ သတင်းပေးချက်အရ အာဏာသိမ်းအဖွဲ့က ရှာဖွေဖမ်းဆီးမှုများ လုပ်နေသည်ဟု သိရသည် အဆိုပါ ရဲတပ်သားသည် ရန်ကုန် စည်ပင်သာယာရဲတပ်ဖွဲ့မှ CDM လုပ်လာသူ ဖြစ်ကြောင်း သိရသည် Ref: တာချီလိတ်သတင်း

Leave a Reply

Your email address will not be published.