
      



“တန်ဆောင်တိုင်လပြည့်နေ့ကိုအလှူအတန်းတွေနဲ့ပဲဖြတ်သန်းခဲ့တဲ့အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီအဆိုတော်ကြာညိုသွယ်”အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ အဆိုတော်ကြာညိုသွယ်


​၏ စုပေါင်းမဟာဘုံကထိန်အလှူပွဲကြီးကို နိုဝင်ဘာ၁၈ရက်နေ့ က လှည်းကူးမြို့နယ် သမိုင်းဝင်ကျိုက်ကနက်စေတီတော်၊မူလဇောတိကကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုတော်ကြာညိုသွယ်က တန်ဆောင်တိုင်ကာလ ကထိန်အလှူတွေကို ဘုန်းကြီးကျောင်းတကျောင်းပြီးတကျောင်း လှုဒါန်းပေးနေခဲ့တာပဲဖြစ်ပါတယ်။


ဒါ့အပြင်တန်ဆောင်တိုင်လပြည့်နေ့ညနေ ပိုင်းမှာတော့ ကျောက်တန်းမြို့နယ်မှ ပြည်သူများကို အ​မေရိကန်နိုင်ငံမှ တေးရေး၊တေးဆို ဦးကျော်မြတ်သူ၊ ဒေါ်ခင်နွယ်နွယ်၊ အဆိုတော်ကြာညိုသွယ်နဲ့ ဆရာလေးမင်းကွန်းတို့က ကြာဆံကြော်နဲ့ဆန်ဆီကြက်သွန်ငါးခြောက် စားသောက်ကုန်များကို လှုဒါန်းပေးခဲ့ပါတယ်။ပြည်သူတွေရဲ့ ပျော်ရွှင်မှုမြင်တွေ့ခဲ့ရတဲ့ အဆိုတော်ကြာညိုသွယ်က သူကိုယ်တိုင်လည်း ကြည်နူးပီတိဖြစ်ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published.