



ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂျပန်ဓား ပြုပြင်ပြီးလို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပေးဖို့တွေ့ဆုံလိုတယ်လို့မစ္စတာ ဆာဆာကာကာဝါပြော ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမှတ်တရပစ္စည်းဖြစ်တဲ့ ဂျပန်ဓားကိုပြုပြင်ခဲ့ပြီးပြီဖြစ်လို့

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ပေးပြီး တွေ့ဆုံဖို့ အဆင်သင့်ဖြစ်နေတဲ့အကြောင်း မစ္စတာဆာဆာကာဝါက ပြောပါတယ် ဒီကနေ့ ရန်ကုန်မြို့၊ Melia Hotel မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ အခုလို ထည့်သွင်း ပြောဆိုခဲ့တာဖြစ်ပါတယ်

ဂျပန် တော်ဝင် တပ်မတော်ကနေ ဗိုလ်ချုပ်ကို ပေးတဲ့ ဓားကို ပြန်လည် မွမ်းမံထိန်းသိမ်းဖို့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလတုန်းက ဒေါ်အောင်ဆန်းစုကြည်ကနေ မစ္စတာ ဆာဆာကာဝါကို ပေးအပ်ခဲ့တာဖြစ်ပါတယ် ဂျပန်ဓါးကို ပြုပြင်တာအချိန် ၈ လကြာအောင် ပညာရှင်တွေနဲ့ မွမ်းမံခဲ့ရတယ်လို့လည်း မစ္စတာဆာဆာကာဝါက ဆိုပါတယ် Ref: Yangon Media

နိပွန်ဖေါင်ဒေးရှင်း၏ အဆိုအရ ဂျပန်မှ အဓိက သတင်းစာတစောင်ဖြစ်သော အဆာဟိရှင်ဘွန်း၏ ဥက္ကဋ္ဌက ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ်က ဂျပန်ကြည်းတပ် ဒုဗိုလ်ချုပ်ကြီး ရှိုဂျီရို အိဒသို့လက်ဆောင်ပေးခဲ့ကြောင်း သိရသည် နောက်ပိုင်းနှစ်များတွင် ထိုဓား မည်သည့်နေရာတွင် ရှိနေသည်ကို မသိရတော့သော်လည်း နောင်တွင် ထိုဓားကို ဗိုလ်ချုပ်အောင်ဆန်း ပိုင်ဆိုင်နေကြောင်း သိခဲ့ရသည် Ref: ဧရာဝတီ

Leave a Reply

Your email address will not be published.