တပ်တွင်း၌ သ​ပြေပန်းများ ​ဝေ​ဝေဆာဆာစိုက်ပျိုးကြရန်၊ ဘုရားကပ်လှူကြရန်နှင့် သ​ပြေပန်းများဖြင့် ကြိုဆိုကြရန် စစ်​ကောင်စီညွှန်ကြား တပ်တွင်း၌ အောင်သပြေပန်းများ ဝေဝေဆာဆာ စိုက်ပျိုးကြရန်၊ ဘုရား​၊စေတီများတွင် ကပ်လှူကြရန်နှင့် စစ်သည်များအားသ​ပြေပန်းများနှင့် ကြိုဆိုကြရန်ဆိုကာ ​အကြမ်းဖက်စစ်ကောင်စီ၏ ညွှန်ကြားစာ ပေါက် ကြားလာသည်အောင်သပြေပန်းနှင့်စပ်လျဉ်း၍ တပ်ရင်း၊တပ်ဖွဲ့များရှိ ဓမ္မာရုံ၊တပ်အတွင်းကိုးကွယ်သည့် ဘုရား၊စေတီများနှင့် တပ်ရင်းမှူးနေအိမ်များတွင် အောင်သပြေပန်းများ ဝေဝေဆာဆာ ကပ်လှူရမည်ဟု ဆိုသည်
တပ်ရင်းမှူးများ တာဝန်ထမ်းဆောင်ရန် ထွက်ခွာချိန်နှင့် ပြန်လည်ထွက်ခွာချိန်တွင် အရာရှိနှင့် စစ်သည်များကို အောင်သပြေပန်းများနှင့်ဝေဝေဆာဆာလက်ကမ်းကြိုဆိုရန်လည်းအဆိုပါညွှန်ကြားစာတွင်ဖော်ပြသည်တပ်ရင်း၊တပ်ဖွဲ့များတွင် အောင်သပြေပန်းများကို စိုက်ပျိုးသွားရန် နှင့် ရှင်သန်အောင်မြင်ရန် စိုက်ပျိုးထားသည့် ဓာတ်ပုံဗီဒီယိုမှတ်တမ်းများကို ရို​က်ကူးထားရမည်ဟုလည်း အဆိုပါ ညွှန်ကြားစာတွင် ပါရှိသည်
က​လေး​တွေနဲ့ တိုက်တဲ့အခါတိုင်း ရှုံး​နေ​တော့ နိုင်မလားဆိုပြီး ရူးပြီး​လျှောက်လုပ်ခိုင်း​နေတာ ယတြာ​ချေခိုင်းတဲ့သူလည်း ရှိမှာ​ပေါ့ဟု အကြမ်းဖက်စစ်​ကောင်စီတပ်၏ သ​ပြေပန်းလှုပ်ရှားမှုနှင့်ပတ်သက်ပြီး ပြည်သူတစ်ဦးက မှတ်ချက်ပြုသည်
စစ်ကောင်စီရဲ့ ရွှေဉာဏ်တော်စူးရောက်ပုံ အောင်သပြေဝယ်လို့ရတဲ့နေရာ ညွှန်လိုက်ကြပါဦး။ ပြည်သူကို ဒုက္ခပေးပြီးအောင်သပြေစိုက်တိုင်း အောင်နိုင်မယ့် ခေတ်မဟုတ်တော့ဘူး ဟု CDMပြုလုပ်ကာ ပြည်သူ့ဘက်မှရပ်တည်ထား​သောဗိုလ်ကြီးညီသုတက လူမှုကွန်ရက်တွင် မှတ်ချက်ပြု​ရေးသားထားသည်
ထို့အပြင် စစ်ကောင်စီ အမြန်ပြိုလဲရေးအတွက် DSTA မှ CDM တပ်မတော်သား နည်းပညာကျောင်းဆင်း များဦးဆောင်သည့် စစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့ကို အားစိုက်ပေးရန်လည်း ၎င်းက တောင်းဆိုသည် လက်နက်ထြတ်လုပ်မှုမှာ PDFတပ်ဖွဲ့များစျေးကြီးပေးဝယ်နေ​ရသော အခြေအနေကို တတ်နိုင်သလောက်ဖြည့်ဆည်းပေးဖို့ ရည်ရွယ်သည်ဟု ဆိုသည်Ref: လူထုနွေဦး
Leave a Reply
Your email address will not be published.