




NLDခေါင်းဆောင်များနှင့်တွေ့ဆုံမည်ဟုနီပွန်ဖောင်ဒေးရှင်ဥက္ကဋ္ဌမစ္စတာဆာဆာကာဝါပြောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထိပ်ပိုင်းခေါင်းဆောင်များနှင့်တွေ့ဆုံသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးအထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ပြောသည်

လက်ရှိဖြစ်ပေါ်နေသည့်မြန်မာနိုင်ငံအကျပ်အတည်းများနှင့်ပတ်သက်၍ပြီးခဲ့သည့်နိုဝင်ဘာ၁၅ရက်ကရခိုင်ပြည်နယ်စစ်တွေမြို့တွင်သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ်၎င်းကယင်းသို့ပြောကြားခဲ့သည်ဒီခရီးစဉ်မှာ NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ရှစ်လေးလုံးလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ခေါင်းဆောင်တွေနဲ့တွေ့ပြီး အခန်းကဏ္ဍအသီးသီးရဲ့ခေါင်းဆောင်တွေနဲ့တွေ့ပြီး

သူတို့ဆီတွေကကြားသိရတဲ့စကားတွေကိုလေ့လာပြီးအဲဒီအပေါ်မှာအခြေခံပြီးခွဲခြမ်းစိတ်ဖြာပြီးမှဘယ်ပုံစံနဲ့ဆောင်ရွက်သွားမလဲဆိုတာကို လေ့လာဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု မစ္စတာဆာဆာကာဝါက ပြောသည်

လက်ရှိအချိန်တွင်NLDထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့်ဒေါ်အောင်ဆန်းစုကြည်၊ဦးဝင်းမြင့်၊ဒေါက်တာဇော်မြင့်မောင်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးညီပု အစရှိသည့် ပါတီခေါင်းဆောင်ပိုင်းမှ အများစု ဖမ်းဆီးတရားစွဲဆိုခံထားရသလို ထင်ရှားသည့် ၈၈ မျိုးဆက် နိုင်ငံရေးသမားများဖြစ်သည့် ဦးမြအေး၊ ဦးဂျင်မီတို့လည်း ဖမ်းဆီးခံထားရသည်

နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်က မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး AA ခေါင်းဆောင်များနှင့် အွန်လိုင်းမှတဆင့်တွေ့ဆုံခဲ့သည်၎င်းသည် နိုဝင်ဘာလ ၁၃ ရက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်လည်းတွေ့ဆုံခဲ့ပြီး နိုဝင်ဘာလ ၁၅ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့မှ စစ်ဘေးရှောင်စခန်းများကို သွားရောက်လေ့လာခဲ့သည်Ref New Wach

Leave a Reply

Your email address will not be published.