တမူးမြို့မှာ အမြွှာမောင်နှစ်မနှစ်ယောက်ရဲ့ အဖေ၊အမေနဲ့ အဒေါ်ပါ ငဗစ်ကြောင့် သေဆုံးခဲ့ရပါတယ်။ ကလေးနှစ်ယောက်ရဲ့ ဆရာမဖြစ်သူက

ဒီအဖြစ်ဆိုးနဲ့ပတ်သက်လို့လူမူကွန်ယက်မှာ ရင်နင့်စရာရေးသားထားတာက ဘယ်လိုမှ မခံစားနိုင်တော့ဘူး။ရောဂါဆိုးကြီးရယ်

အမြန်ပျောက်ကွယ်သွားပါတော့။ကိုယ်စာသင်ပေးနေတဲ့ အမြွှာမောင်နှမလေး နှစ်ယောက်မေမေကအရင်ဆုံးပြီးဖေဖေနဲ့အဒေါ်ဖြစ်သူတို့က

မေမေရက်လည်တဲ့နေ့မှာ ထပ်ဆုံးတယ်။သားနဲ့ သမီးကို စာလည်းသင်၊ လိမ္မာယဉ်ကျေးအောင်လည်း သင်ပေးပါ တီချယ်ဆိုပြီး

 

တဖွဖွပြောတတ်တဲ့အစ်ကိုနဲ့အစ်မတီချယ်ရေ..ဒါလေးပြောပေးပါဦးသားနဲ့သမီးကတီချယ်ပြောတာမှနားထောင်တာဆိုပြီးဖြစ်စေချင်တာလေး

တွေအမြဲပြောတတ်တဲ့ အစ်ကိုနဲ့အစ်မ။ကလေးမြို့ ခဏပြန်ကြတော့  ဖုန်းခဏ ခဏဆက်ပြီးပြန်လာတော့ စာသင်ဖို့ ခေါ်တတ်တဲ့အစ်ကိုနဲ့အစ်မ


ကိုယ့်သားသမီးတွေသင်ရုံသာမက တီချယ်ရေကျွန်မသူငယ်ချင်းကလေးတွေအတွက်လည်းတစ်ချိန်စာလေးလုပ်ပေးပါဦးကျွန်တော့သူငယ်

ချင်းကလေးတွေအတွက်လည်း ပြောထားသေးတယ် အချိန်ချန်ထားဦးနော်  ဆိုပြီး sharing

လုပ်ပေးတတ်တဲ့အစ်ကိုနဲ့အစ်မသားနဲ့သမီးကိုချစ်လွန်းလို့ အရာရာဂရုတစိုက်အမြဲရှိတတ်တဲ့ အစ်ကိုနဲ့အစ်မခုတော့  စိတ်ချထားခဲ့ပြီလား

အရွယ်နဲ့မမျှ ခံစားကြရရှာမှာတီချယ်ရင်နာလိုက်တာ ဇာနည်နဲ့ဇာခြည်ရယ်  အားတင်းထားကြပါ ကလေးတို့ရယ် လို့ ရေးသားထားပါတယ်

crd-36Myanmar

Leave a Reply

Your email address will not be published.