မႏၲေလးၿမိဳ႕ ဧရာဝတီျမစ္ကမ္းနံေဘးရွိ က်ဴးေက်ာ္အိမ္မ်ားကို ရွင္းလင္းမည္ဟု ညႊန္ၾကား၊ ျမစ္အမွီျပဳေနထိုင္သူမ်ား အခက္ေတြ႕ မႏၲေလးၿမိဳ႕၊ ဧရာဝတီျမစ္ကမ္းနံေဘးက်ဴးေက်ာ္ေနထိုင္သူမ်ားအား လာမည့္ နိုဝင္ဘာ ၁ရရက္တြင္ စစ္ေကာင္စီက အင္အားသုံးရွင္းလင္းရန္ညႊန္ၾကားထားသျဖင့္ ႏွစ္ေပါင္းမ်ားစြာ ျမစ္အမွီျပဳေနထိုင္လာၾကသူမ်ား အခက္အခဲ ျဖစ္ေနၾကေၾကာင္း လက္ရွိေနထိုင္သူမ်ားထံမွ သိရသည္

က်ဴးေက်ာ္ေတြ မနက္ျဖန္ ဆက္ေန ေနတာေတြ႕ရင္ ပစ္သတ္ခံရမယ္ဆိုၿပီး လာေျပာတယ္ ေနာက္ရက္ မျမင္ခ်င္ဘူးတဲ့ ရာသီဥတုက ေအးလာၿပီ

ေနာက္ၿပီးေတာ့ သြားစရာေနရာလည္း မရွိဘူး ထမင္းငတ္ တစ္လွည့္ ျပတ္တစ္လွည့္ကေန အခုေနစရာပါ မရွိေတာ့တဲ့ ဘဝေရာက္ၿပီ” ဟု ဧရာဝတီျမစ္ကမ္းေဘး ႏွစ္ေပါင္းသုံးဆယ္ေက်ာ္ ေနထိုင္လာခဲ့သူ တစ္ဦးကေျပာသည္

မႏၲေလးၿမိဳ႕ အေနာက္ဘက္ ဧရာဝတီျမစ္ကမ္းနားေဘး တစ္ေလၽွာက္တြင္ လြန္ခဲ့သည့္ ႏွစ္ေပါင္းမ်ားစြာကတည္းက ျမစ္အမွီျပဳ အသက္ေမြးဝမ္းေက်ာင္းၾကသူမ်ား ေနထိုင္ၾကသည္

ျမစ္ကမ္းေဘး တစ္ေလၽွာက္ရွိ အခ်ိဳ႕ေနရာမ်ားကို ယခင္ အရပ္သား အစိုးရလက္ထက္က အငွားအိမ္ရာစီမံကိန္းျဖင့္ တိုက္ခန္းမ်ား ေဆာက္လုပ္ေနထိုင္ေစၿပီး ေနာက္ထပ္ စီမံကိန္းအိမ္ရာမ်ားေဖာ္ေဆာင္ရန္ စီစဥ္ခဲ့သည္

လာႏွင္ထုတ္တဲ့လူက ရပ္ကြက္လူႀကီးလို႔ေတာ့ ေျပာတာပဲ ကၽြန္ေတာ္တို႔ေနတုန္းကလည္း အဲဒီရပ္ကြက္လူႀကီးေတြကိုပဲ ပိုက္ဆံေပးၿပီး ေနခဲ့ၾကတာပါ။ အရင္အစိုးရ လက္ထက္ေတြတုန္းကေတာ့ မီဒီယာေတြကလည္း

ကၽြန္ေတာ္တို႔ဘက္ကေန ကူေပးၾကေတာ့ အခုလို ဆိုးဆိုးရြားရြား မျဖစ္ခဲ့ဖူးဘူး အခုကေတာ့ ဒုကၡ ေရာက္ၾက႐ုံရွိတာေပါ့ဗ်ာဟု က်ဴးေက်ာ္တစ္ဦးကေျပာသည္

မနက္ျဖန္ ဖယ္ရွားရွင္းလင္းမည့္ အစီအစဥ္တြင္ ကမ္းနားလမ္း ျမစ္ကမ္းေဘး တစ္ေလၽွာက္က်ဴးေက်ာ္ ေနထိုင္သူမ်ားအျပင္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာ နယ္နမိတ္အတြင္းက က်ဴးေက်ာ္ေနထိုင္ၾကသူမ်ားလည္း ပါဝင္ေၾကာင္း သိရသည္

မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းနံဘေးရှိ ကျူးကျော်အိမ်များကို ရှင်းလင်းမည်ဟု ညွှန်ကြား၊ မြစ်အမှီပြုနေထိုင်သူများ အခက်တွေ့ မန္တလေးမြို့၊ ဧရာဝတီမြစ်ကမ်းနံဘေးကျူးကျော်နေထိုင်သူများအား လာမည့် နိုဝင်ဘာ ၁ရရက်တွင်

စစ်ကောင်စီကအင်အားသုံးရှင်းလင်းရန်ညွှန်ကြားထားသဖြင့် နှစ်ပေါင်းများစွာ မြစ်အမှီပြုနေထိုင်လာကြသူများ အခက်အခဲ ဖြစ်နေကြကြောင်းလက်ရှိနေထိုင်သူများထံမှ သိရသည်

ကျူးကျော်တွေ မနက်ဖြန် ဆက်နေ နေတာတွေ့ရင် ပစ်သတ်ခံရမယ်ဆိုပြီး လာပြောတယ် နောက်ရက် မမြင်ချင်ဘူးတဲ့ရာသီဥတုက အေးလာပြီ

နောက်ပြီးတော့ သွားစရာနေရာလည်း မရှိဘူး ထမင်းငတ် တစ်လှည့် ပြတ်တစ်လှည့်ကနေ အခုနေစရာပါ မရှိတော့တဲ့ ဘဝရောက်ပြီ” ဟု ဧရာဝတီမြစ်ကမ်းဘေး နှစ်ပေါင်းသုံးဆယ်ကျော် နေထိုင်လာခဲ့သူ တစ်ဦးကပြောသည်

မန္တလေးမြို့ အနောက်ဘက် ဧရာဝတီမြစ်ကမ်းနားဘေး တစ်လျှောက်တွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက မြစ်အမှီပြု အသက်မွေးဝမ်းကျောင်းကြသူများ နေထိုင်ကြသည်

မြစ်ကမ်းဘေး တစ်လျှောက်ရှိ အချို့နေရာများကို ယခင် အရပ်သား အစိုးရလက်ထက်က အငှားအိမ်ရာစီမံကိန်းဖြင့်တိုက်ခန်းများ ဆောက်လုပ်နေထိုင်စေပြီး နောက်ထပ် စီမံကိန်းအိမ်ရာများဖော်ဆောင်ရန် စီစဉ်ခဲ့သည်

လာနှင်ထုတ်တဲ့လူက ရပ်ကွက်လူကြီးလို့တော့ ပြောတာပဲ ကျွန်တော်တို့နေတုန်းကလည်း အဲဒီရပ်ကွက်လူကြီးတွေကိုပဲပိုက်ဆံပေးပြီး နေခဲ့ကြတာပါ အရင်အစိုးရ လက်ထက်တွေတုန်းကတော့ မီဒီယာတွေကလည်း

ကျွန်တော်တို့ဘက်ကနေ ကူပေးကြတော့ အခုလို ဆိုးဆိုးရွားရွား မဖြစ်ခဲ့ဖူးဘူး အခုကတော့ ဒုက္ခ ရောက်ကြရုံရှိတာပေါ့ဗျာဟု ကျူးကျော်တစ်ဦးကပြောသည်

မနက်ဖြန် ဖယ်ရှားရှင်းလင်းမည့် အစီအစဉ်တွင် ကမ်းနားလမ်း မြစ်ကမ်းဘေး တစ်လျှောက်ကျူးကျော် နေထိုင်သူများအပြင် မန္တလေးမြို့တော်စည်ပင်သာယာ နယ်နမိတ်အတွင်းက ကျူးကျော်နေထိုင်ကြသူများလည်း ပါဝင်ကြောင်း သိရသည်

Leave a Reply

Your email address will not be published.