မိနစ်ပိုင်းအတွင်း ကြည့်ရှု့သူသန်းချီသွားခဲ့တဲ့ လွတ်မြောက်နယ်မြေမှာ ရိုက်ကူးထားတဲ့ မင်းမော်ကွန်းရဲ့ သီချင်းလေးတစ်ပုဒ် (ရုပ်သံ)

ကျွန်တော်တာဝန်မ​ကျေခဲ့တဲ့ ညအတွက် အကြွေးဆပ်ပါတယ် ဆိုပြီး….ပြည်သူချစ် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီမင်းမော်ကွန်းကတော့ အနုပညာနယ်ပယ်မှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုနဲ့ ရပ်တည်ခဲ့တာကြောင့်

အရေးတော်ပုံမှာလည်း ပြည်သူတွေနဲ့အတူ ပြန်လည်ရပ်တည်ခဲ့တာဖြစ်ပါတယ်။ လူကိုယ်တိုင်လည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ပြီး လူများနည်းတူ လူမှု့ကွန်ယက်စာမျက်နှာထက်ကနေလည်း ဆက်လက်ပြီးတော်လှန်နေဆဲပဲ ဖြစ်ပါတယ်

အခုလိုပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရပြီး အခု လတ်တလောမှာတော့ တိမ်းရှောင်နေ ရတာပဲ ဖြစ်ပါတယ်။
အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင်နေရပေမယ့်လည်း ရောက်ရာအရပ်မှာ တက်နိုင်တဲ့ဘက်ကနေတော်လှန်ရေးအတွက် အားတက်သရော ပါဝင်ကူညီပေးနေတာပဲဖြစ်ပါတယ်

အခုတစ်ခါမှာလည်း မင်းမော်ကွန်းက ကိုပေါက်ရေးသားပေးထားတဲ့ ” လှမ်းခဲ့တော့သူငယ်ချင်း ” သီချင်းကို ဂစ်တာတီးပြီး ကိုယ်တိုင် သီဆိုထားတာပဲ ဖြစ်ပါတယ်။ ” ~~~ အိမ်ပြန်ချိန်တွေ မရောက်သေးတော့ ငါ အားတင်းထားပါတယ်

မဆုံတာကြာပြီ ‌နှောင်ကြိုးရဲ့ အငွေ့အသက်လေးတွေလဲ အဆင်ပြေပါစေ ဆုတောင်းရင်း အနေကြာမြို့ပြရဲ့အ‌ဝေးမှာ ယုံကြည်ရာကိုပွေ့ဖက်ထား အန္တရာယ်တွေကြား ကစားဖို့ရှေ့ဆက်သွား ~~~

~ ရောင်နီလာလာ မလာလာ သူငယ်ချင်းရာ ရှေ့ဆက်ဖို့ကြိုးစား ရင်ခုန်သံတူ ညီအကိုတွေလက်တွဲကာ အဆုံးထိဆက်သွားကြ အိပ်မက်ကိုကြိုးသီ ပန်းတိုင်အရောက်ချီ အောင်လံလွှင့်ပြီး ပြန်မယ့်လမ်းဆီ ~”

ဆိုတဲ့ စာသားလေးတွေကို သီဆိုထားရာ မိနစ်ပိုင်းအတွင်းမှာပဲ လူကြိုက်များသွားခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်သွားခဲ့ပါတယ်ပရိတ်သတ်တွေအတွက်လည်း မင်းမော်ကွန်းသီဆိုထားတဲ့သီချင်းလေးကို ပြန်လည်နားဆင်လို့ရအောင် မျှဝေပေးလိုက်ပါတယ်

ဗီဒီယိုကြည့်ရန်

မိနစ္ပိုင္းအတြင္း ၾကည့္ရႈ႔သူသန္းခ်ီသြားခဲ့တဲ့ လြတ္ေျမာက္နယ္ေျမမွာ ရိုက္ကူးထားတဲ့ မင္းေမာ္ကြန္းရဲ့ သီခ်င္းေလးတစ္ပုဒ္ (႐ုပ္သံ)

ကၽြန္ေတာ္တာဝန္မ​ေက်ခဲ့တဲ့ ညအတြက္ အေႂကြးဆပ္ပါတယ္ ဆိုၿပီး….ျပည္သူခ်စ္ အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ အကယ္ဒမီမင္းေမာ္ကြန္းကေတာ့ အႏုပညာနယ္ပယ္မွာ ပရိသတ္ေတြရဲ့အားေပးခ်စ္ခင္မႈနဲ႔ ရပ္တည္ခဲ့တာေၾကာင့္

အေရးေတာ္ပုံမွာလည္း ျပည္သူေတြနဲ႔အတူ ျပန္လည္ရပ္တည္ခဲ့တာျဖစ္ပါတယ္။ လူကိုယ္တိုင္လည္း ပါဝင္ဆႏၵထုတ္ေဖာ္ခဲ့ၿပီး လူမ်ားနည္းတူ လူမႈ႔ကြန္ယက္စာမ်က္ႏွာထက္ကေနလည္း ဆက္လက္ၿပီးေတာ္လွန္ေနဆဲပဲ ျဖစ္ပါတယ္။

အခုလိုပါဝင္ခဲ့တာေၾကာင့္ ပုဒ္မ ၅၀၅ (က) နဲ႔ အမႈဖြင့္ခံထားရၿပီး အခု လတ္တေလာမွာေတာ့ တိမ္းေရွာင္ေန ရတာပဲ ျဖစ္ပါတယ္။
အေျခအေနအရပ္ရပ္ေၾကာင့္ တိမ္းေရွာင္ေနရေပမယ့္လည္း ေရာက္ရာအရပ္မွာ တက္နိုင္တဲ့ဘက္ကေနေတာ္လွန္ေရးအတြက္ အားတက္သေရာ ပါဝင္ကူညီေပးေနတာပဲျဖစ္ပါတယ္

အခုတစ္ခါမွာလည္း မင္းေမာ္ကြန္းက ကိုေပါက္ေရးသားေပးထားတဲ့ ” လွမ္းခဲ့ေတာ့သူငယ္ခ်င္း ” သီခ်င္းကို ဂစ္တာတီးၿပီး ကိုယ္တိုင္ သီဆိုထားတာပဲ ျဖစ္ပါတယ္။ ” ~~~ အိမ္ျပန္ခ်ိန္ေတြ မေရာက္ေသးေတာ့ ငါ အားတင္းထားပါတယ္

မဆုံတာၾကာၿပီ ‌ေႏွာင္ႀကိဳးရဲ့ အေငြ႕အသက္ေလးေတြလဲ အဆင္ေျပပါေစ ဆုေတာင္းရင္း အေနၾကာၿမိဳ႕ျပရဲ့အ‌ေဝးမွာ ယုံၾကည္ရာကိုေပြ႕ဖက္ထား အႏၲရာယ္ေတြၾကား ကစားဖို႔ေရွ႕ဆက္သြား ~~~

~ ေရာင္နီလာလာ မလာလာ သူငယ္ခ်င္းရာ ေရွ႕ဆက္ဖို႔ႀကိဳးစား ရင္ခုန္သံတူ ညီအကိုေတြလက္တြဲကာ အဆုံးထိဆက္သြားၾက အိပ္မက္ကိုႀကိဳးသီ ပန္းတိုင္အေရာက္ခ်ီ ေအာင္လံလႊင့္ၿပီး ျပန္မယ့္လမ္းဆီ ~”

ဆိုတဲ့ စာသားေလးေတြကို သီဆိုထားရာ မိနစ္ပိုင္းအတြင္းမွာပဲ လူႀကိဳက္မ်ားသြားခဲ့တဲ့ သီခ်င္းေလးတစ္ပုဒ္ျဖစ္သြားခဲ့ပါတယ္။ ပရိတ္သတ္ေတြအတြက္လည္း မင္းေမာ္ကြန္းသီဆိုထားတဲ့သီခ်င္းေလးကို ျပန္လည္နားဆင္လို႔ရေအာင္ မၽွေဝေပးလိုက္ပါတယ္။

ဗီဒီယိုၾကည့္ရန္

Leave a Reply

Your email address will not be published.