ယာဥ္စည္းကမ္း မလိုက္နာပါက ပစ္ခတ္ဖမ္းဆီးမည္ဟု စစ္ေကာင္စီက မႏၲေလးတိုင္းအတြင္း လိုက္လံေၾကျငာေန(႐ုပ္/သံ)ဧရာဝတီတိုင္းမ္…ႏိုဝင္ဘာ ၁၅ရက္

မႏၲေလးတိုင္းအတြင္းရွိ ၿမိဳ႕နယ္တစ္ခုတြင္ ဆိုင္ကယ္စီးနင္းသူမ်ားလိုက္နာရမည့္ ကန္႔သတ္ခ်က္စည္းကမ္းမ်ားကို မလိုက္နာပါက ႏိုဝင္ဘာလ ၁၈ရက္ေန႔မွ စတင္၍ ပစ္ခတ္ဖမ္းဆီးသြားမည္ျဖစ္ေၾကာင္း လူမႈကြန္ရက္စာမ်က္ႏွာတြင္ ပ်ံ႕ႏွံေနသည့္ ႐ုပ္သံဖိုင္အရ သိရသည္။

႐ုပ္သံဖိုင္အရ ႏိုဝင္ဘာလ ၁၆ရက္ေန႔ ႏွင့္ ၁၇ရက္ေန႔မ်ားတြင္ စတင္ကာ စည္းကမ္းမလိုက္နာသူမ်ားကို ဆိုင္ကယ္သိမ္းဆည္းကာ ဖမ္းဆီးသြားမည္ျဖစ္ၿပီး ႏိုဝင္ဘာလ ၁၈ရက္ေန႔မွ စတင္ကာ ပစ္ခတ္ဖမ္းဆီးသြားမည္ျဖစ္ေၾကာင္း သိရသည္။

စစ္ေကာင္စီက ထုတ္ျပန္ထားသည့္ သတ္မွတ္ခ်ကမ်ားမွာ အမ်ိဳးသား ႏွစ္ဦးထက္ပိုမစီးရ၊အမ်ိဳးသမီးတစ္ဦးေနာက္တြင္ အမ်ိဳးသားတစ္ဦးလိိုက္ပါစီးနင္းျခင္းမျပဳရ စသည့္အခ်က္မ်ားပါဝင္ၿပီး အမ်ိဳးသားတစ္ဦးေနာက္တြင္ တစ္ဦး စီးနင္းႏိုင္ကာ အမ်ိဳးသမီးဘ၂ဦး စီးနင္းႏိုင္ေၾကာင္း သိရသည္။

Ayeyarwaddy_Times

ယာဉ်စည်းကမ်းမလိုက်နာပါကပစ်ခတ်ဖမ်းဆီးမည်ဟုစစ်ကောင်စီကမန္တလေးတိုင်းအတွငလိုက်လံကြေငြာနေ(ရုပ်/သံ)ဧရာဝတီတိုင်းမ်…နိုဝင်ဘာ ၁၅ရက်

မန္တလေးတိုင်းအတွင်းရှိ မြို့နယ်တစ်ခုတွင် ဆိုင်ကယ်စီးနင်းသူများလိုက်နာရမည့် ကန့်သတ်ချက်စည်းကမ်းများကို မလိုက်နာပါက နိုဝင်ဘာလ ၁၈ရက်နေ့မှ စတင်၍ ပစ်ခတ်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံနေသည့် ရုပ်သံဖိုင်အရ သိရသည်။

ရုပ်သံဖိုင်အရနိုဝင်ဘာလ၁၆ရက်နေ့နှင့်၁၇ရက်နေ့များတွင်စတင်ကာစည်းကမ်းမလိုက်နာသူများကိုဆိုင်ကယ်သိမ်းဆည်းကာ ဖမ်းဆီးသွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၈ရက်နေ့မှ စတင်ကာ ပစ်ခတ်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက ထုတ်ပြန်ထားသည့် သတ်မှတ်ချကများမှာ အမျိုးသားနှစ်ဦးထက်ပိုမစီးရ၊အမျိုးသမီးတစ်ဦးနောက်တွင် အမျိုးသားတစ်ဦးလိုက်ပါစီးနင်းခြင်းမပြုရ စသည့်အချက်များပါဝင်ပြီး အမျိုးသားတစ်ဦးနောက်တွင် တစ်ဦး စီးနင်းနိုင်ကာ အမျိုးသမီးဘ၂ဦး စီးနင်းနိုင်ကြောင်း သိရသည်။

Ayeyarwaddy_Times

Leave a Reply

Your email address will not be published.