တစ်နေ့တစ်နေ့ကှိဗစ်ရောဂါကူးစက်ခံရသူတွေလည်းပိုပိုများများလာတာကိုတွေ့ရပါတယ်။ဒီလိုအခြေအနေတွေမှာပြန်လည်ကောင်းမွန်
လာတာတွေလည်း ရှိသလို ရောဂါအခြေအနေ ဆိုးရွားပြီး အောက်ဆီဂျင်တွေ ပြတ်လပ်ကာ သေဆုံးနေကြသူတွေလည်း
မနည်းတော့ပါဘူး ။ နေရာဒေသတိုင်းမှာ ကှိဗစ်ကြောင့် သေဆုံး ကြသူတွေရဲ့ Dead Body တွေ များလွန်းလို့ မီးသင်္ဂြိုဟ်ဖို့ မနိုင်တဲ့ အထိပါပဲ
အရင်လိုလည်း အစစအရာရာ ကူညီဆောင်ရွက်ပေးမယ့် အဖွဲ့အစည်းတွေလည်း မရှိကြလို့ ပရဟိတ အသင်းတွေ ၊ နီးစပ်ရာ ပြည်သူတွေကပဲ
ကူညီဆောင်ရွက်ပေးနေကြတာပါ ။ ရန်ကုန်က ဆရာတော် တစ်ပါးဆို
ရင်လည်း ကူညီလုပ်ဆောင်ပေးမယ့် လူအင်အားနည်းနေတာကို မကြည့်ရက်လို့ သင်္ကန်းဝတ်ကြီးနဲ့တောင် သူကိုယ်တိုင် PPEဝတ်ဆင်ကာ
နေ့စဉ်တိုင်း ကှိဗစ်လူနာတွေ အပြင် ရောဂါကြောင့် သေဆုံးသူတွေကို ကူညီပေးလျက်ရှိတာကို လေးစားစွာတွေ့ရပါတယ်
အခုလည်းကှိဗစ်ရောဂါကြောင့်သေဆုံးသွားသူရဲ့အသက်မဲ့ခန္ဓာကိုယ်ကိုသူကိုယ်တိုင်အစအဆုံးမီးသင်္ဂြိုဟ်တဲ့နေရာအထိသယ်ဆောင်ကူ
ညီပေးနေတဲ့ ပုံရိပ်တွေ လူမှုကွန်ရက် စာမျက်နှာထက်မှာ ပျံ့နှံ့ခဲ့ပါတယ်
ဒါကို မြင်ပြီး ဆရာတော်ကို မလေးစားဘဲ မနေနိုင်လောက်အောင် ချီးကျူး မိတာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် ဆရာတော် ရဲ့
ပရဟိတစိတ်အပြည့်ရှိတဲ့ သူရဲကောင်း လုပ်ရပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်
Source & Photo Credit : ဦးသုစရိတ Facebook Account
Zawgyi