


ဒလန်ဆိုသူအသတ်ခံရမှုကြောင့် စစ်ကောင်စီတပ်များစစ်ဆေးရန်ရောက်ရှိလာစဉ် အနီးက သရုပ်ဆောင်ယဉ်လတ်အိမ်ဗုံးပေါက်ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ပတ္တမြားလမ်း၌ ဒလန်ဟုသတင်းထွက်နေသူ သေနတ်ဖြင့် ပစ်သတ်ခြင်းခံလိုက်ရပြီး စစ်ဆေးရန်စစ်ကောင်စီများရောက်လာချိန်တွင်လည်း သရုပ်ဆောင်ယဉ်လတ်၏နေအိမ်ဗုံးပေါက်ခဲ့ကြောင်း သတင်းရရှိသည်။

ပစ်သတ်ခံရသူမှာ ဆန္ဒပြလူငယ်များကို သတင်းပေးနေသောနာမည်ကြီးဒလန်တစ်ဦးဖြစ်ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရပြီး ၂၀၂၁၊ နိုဝင်ဘာ(၁၅)ရက်၊ ယနေ့နံနက်တွင် ရပ်ကွက်ထဲသွားလာနေစဉ်တွင် လူတစ်ဦးကသေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအတွက်ကြောင့် စစ်ကောင်စီတပ်များစစ်ဆေးရန်ရောက်ရှိလာစဉ် အခင်းဖြစ်ရပ်ကွက်အတွင်းရှိ ဥဿဖယားလမ်းက စစ်ကောင်စီထောက်ခံသောသရုပ်ဆောင်ယဉ်လတ်၏နေအိမ်ဗုံးပေါက်မှုဖြစ်ပေါ်ခဲ့ကြောင်း၊

လူထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် လက်ရှိတွင်အခင်းဖြစ်ပွားသော ကျိုက္ကဆံရပ်ကွက်၊ ဥဿဖယားလမ်း၊ ပတ္တမြားလမ်းနှင့် ပုလဲလမ်းတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့ကာစစ်ဆေးစုံစမ်းမှုများပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။






Leave a Reply

Your email address will not be published.