လွတ်မြောက်နယ်မြေမှာရဲဘော်တွေလုပ်ပေးတဲ့ထမင်းလုံးကိတ်လေးနဲ့မွေးနေ့ကိုဖြတ်သန်းခဲ့တဲ့ကျောင်းသားခေါင်းဆောင် ကိုမင်းဟန်ထက်မြန်မာနိုင်ငံရဲ့ တော်လှန်ရေးခရီးစဉ်ကြီးဟာ ၈လကျော်ခန့်ကြာမြင့်နေပြီဖြစ်ပြီးတော့ ပြည်သူလူထုနဲ့ ကျောင်းသားလူငယ်တွေဟာ

အရာရာပေးဆပ်စွန့်လွှတ်ပြီးအရေးတော်ပုံကြီးအောင်မြင်ရေးအတွက်ကြိုးစားနေကြတာဖြစ်ပါတယ်နွေဦးတော်လှန်ရေးကြီးမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေကြတဲ့သူတွေကတော့ Gen Zလို့ခေါ်ကြတဲ့ ကျောင်းသားလူငယ်လေးတွေပဲဖြစ်ပါတယ်…..

ကျောင်းသားလူငယ်လေးတွေဟာ နွေဦးတော်လှန်ရေးကြီးမှာ စွမ်းစွမ်းတမံပါဝင်နေကြပြီး တက္ကသိုလ်တိုင်းရဲ့ ကျောင်းသားသမဂ္ဂတွေကလည်းတတ်နိုင်တဲ့နည်းလမ်းမျိုးစုံနဲ့ ပြည်သူလူထုကို လှုံ့ဆော်ကာပါဝင်နေကြတာဖြစ်ပါတယ် အခုလို သတ္တိအပြည့်နဲ့ပါဝင်နေကြတဲ့ကျောင်းသားလူငယ်လေးတွေထဲမှာဆိုရင်

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌဖြစ်တဲ့ ကိုမင်းဟန်ထက်တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်ကိုမင်းဟန်ထက်ဟာ လက်ရှိမှာဆိုရင်လွတ်မြောက်နယ်မြေတစ်ခုကို ရောက်ရှိနေပြီဖြစ်ပြီးတော့ ဒီနေ့မှာတော့ သူ့ရဲ့မွေးနေ့ရက်လေးဖြစ်တယ်လို့သိရပါတယ်

ကိုမင်းဟန်ထက်ဟာ ရဲဘော်တွေလုပ်ပေးကြတဲ့ ထမင်းလုံးကိတ်လေးတွေနဲ့ မွေးနေ့လေးကိုဖြတ်သန်းရင်း တော်လှန်ရေးကြီးအတွက် အားစိုက်ကြိုးစားနေတာကို တွေ့ရပါတယ် ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် C r d mmload







Leave a Reply

Your email address will not be published.