




စစ်ကောင်စီက နိုင်ငံတော် အကြည်ညို ပျက်စေမှု ၅၀၅ (က)ဖြင့် တရားစွဲဆိုခံထားရသည့် မော်ဒယ် သန္တာလှိုင် ယနေ့ နိုဝင်ဘာလ ၁၄ ရက်တွင် ရန်ကုန်လေဆိပ်၌ ဖမ်း ဆီးခံလိုက်ရကြောင်း သိရသည်။


မော်ဒယ် သန္တာလှိုင်နှင့် မိသားစုဝင်တချို့သည် ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာမည့် မြန်မာ အမျိုးသားလေကြောင်းလိုင်း MNA နှင့် လိုက်ပါရန် လေဆိပ်ရောက်ရှိစဉ် တားဆီးခံလိုက်ရခြင်းဖြစ် ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။


ထိုသို့ ဖမ်းဆီးခံရပြီးနောက် ရေကြည်အိုင်စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
စစ်ကောင်စီမှ မော်ဒယ် သန္တာလှိုင်အား ဧပြီလအတွင်းက နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (က) ဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သည်။

Leave a Reply

Your email address will not be published.