အတော် အကြောမာတဲ့ မြန်မာပြည်က နိုင်ငံရေးသမားတွေကမ္ဘာမှဩချရတဲ့ မြန်မာပြည်သူလူထုအတွက် စတေးနေကြတဲ့ နိုင်ငံရေးသမားများဦးဝင်းထိန်ကို ထောင်အနှစ် ၂၀ ချတော့ပြုံးပြုံးလေးနဲ့ တရားသူကြီးတွေကိုတောင် “ခင်ဗျားတို့ရော CDM မလုပ်ဘူးလားလို့”ပြန်မေးခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဦးဝင်းထိန် ထောင် အနှစ် ၂၀ ကျတဲ့ ကိစ္စမေးတော့ရီရီမောမောဘဲ “ကျမဆို ပိုများမှာပေါ့..တဲ့။”သမ္မတကြီး ဦးဝင်းမြင့်ကို စစ်တပ်က သမ္မတရာထူးကနေကျန်းမာရေးအကြောင်းပြီး နှုတ်ထွက်ပေးဖို့ ခြိမ်းခြောက်တော့”သေချင်သေပါစေ.. မနှုတ်ထွက်ပေးဘူး.. တဲ့။”

ဒေါ်နန်းခင်ထွေးမြင့်ကိုထောင် ၇၅ နှစ်ချတယ်ဆိုတော့ ဘာပြောမယ်ထင်လဲ။”တော်ပြီလား..တဲ့။”အတော် အကြောမာတဲ့ မြန်မာပြည်က နိုင်ငံရေးသမားတွေ။အိမ်နီးချင်း ထိုင်းမှာဆိုအရင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့၊ယင်လတ် တို့ဆို နိုင်ငံခြားဘဲ ထွက်ပြေးသွားကြတာ။

စစ်အာဏာရှင် ကိုမကြောက်မရွံ့ရင်ဆိုင်နေတဲ့မြန်မာပြည်ကအကြောမာတဲ့နိုင်ငံရေးသမားတွေအကြောင်းနိုင်ငံတကာက လေးစား အားကျ ဩချရလို့ ရုပ်သံတွေမှာတောင် အကျယ်တဝင့်ဖော်ပြနေကြပြီ။

George swezone
Credit

———–

အေတာ္ အေၾကာမာတဲ့ ျမန္မာျပည္က ႏိုင္ငံေရးသမားေတြကမာၻမွဩခ်ရတဲ့ ျမန္မာျပည္သူလူထုအတြက္ စေတးေနၾကတဲ့ ႏိုင္ငံေရးသမားမ်ားဦးဝင္းထိန္ကို ေထာင္အႏွစ္ ၂၀ ခ်ေတာ့ၿပဳံးၿပဳံးေလးနဲ႔ တရားသူႀကီးေတြကိုေတာင္ “ခင္ဗ်ားတို႔ေရာ CDM မလုပ္ဘူးလားလို႔”ျပန္ေမးခဲ့တယ္။

ေဒၚေအာင္ဆန္းစုၾကည္ကို ဦးဝင္းထိန္ ေထာင္ အႏွစ္ ၂၀ က်တဲ့ ကိစၥေမးေတာ့ရီရီေမာေမာဘဲ “က်မဆို ပိုမ်ားမွာေပါ့..တဲ့။”သမၼတႀကီး ဦးဝင္းျမင့္ကို စစ္တပ္က သမၼတရာထူးကေနက်န္းမာေရးအေၾကာင္းၿပီး ႏႈတ္ထြက္ေပးဖို႔ ၿခိမ္းေျခာက္ေတာ့”ေသခ်င္ေသပါေစ.. မႏႈတ္ထြက္ေပးဘူး.. တဲ့။”

ေဒၚနန္းခင္ေထြးျမင့္ကိုေထာင္ ၇၅ ႏွစ္ခ်တယ္ဆိုေတာ့ ဘာေျပာမယ္ထင္လဲ။”ေတာ္ၿပီလား..တဲ့။”

အေတာ္ အေၾကာမာတဲ့ ျမန္မာျပည္က ႏိုင္ငံေရးသမားေတြ။အိမ္နီးခ်င္း ထိုင္းမွာဆိုအရင္ ဝန္ႀကီးခ်ဳပ္ေဟာင္း သက္ဆင္တို႔၊ယင္လတ္ တို႔ဆို ႏိုင္ငံျခားဘဲ ထြက္ေျပးသြားၾကတာ။

စစ္အာဏာရွင္ ကို မေၾကာက္မ႐ြံ႕ ရင္ဆိုင္ေနတဲ့ ျမန္မာျပည္က အေၾကာမာတဲ့ ႏိုင္ငံေရးသမားေတြအေၾကာင္းႏိုင္ငံတကာက ေလးစား အားက် ဩခ်ရလို႔ ႐ုပ္သံေတြမွာေတာင္ အက်ယ္တဝင့္ေဖာ္ျပေနၾကၿပီ။

George swezone
Credit

Leave a Reply

Your email address will not be published.