မြန်မာနိုင်ငံအတွင်းမှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှု့တွေ ချက်ချင်းရပ်တန့်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တောင်းဆိုလိုက်ပါတယ် ။

မြန်မာနိုင်ငံဟာ ဖေဖော်ဝါရီလက အာဏာသိမ်းခဲ့ချိန်ကစပြီး စစ်အာဏာရှင်လက်အောက်ကို ရောက်ရှိခဲ့ပါတယ် ။ လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ နိုင်ငံရေးလွတ်လပ်မှု့ လမ်းကြောင်းအတိုင်း ပြန်သွားဖို့ တွန်းအားပေးနေပါတယ် ။

လူသားချင်းဆိုင်ရာ အကျပ်အတည်းမှာ ရောက်နေပြီး မြန်မာပြည်သူတွေဟာ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရပါတယ် ။ အကူအညီပေးမယ့် ပြည်ပအဖွဲ့အစည်းတွေကို တားမြစ်ပိတ်ပင်ခြင်း မပြုဖို့ မြန်မာစစ်တပ်ကို အသိပေးထားပါတယ် ။

စစ်အာဏာရှင်ရဲ့ ရာဇဝတ်မှု့ ကျူးလွန်မှု့တွေက နောက်ပိုင်းမှာ ပြင်းထန်လာပါတယ် ။ နိုင်ငံရေးအကျဉ်းသားတွေဟာ သေသေချာချာ စီစဉ်ထားတဲ့ ညှဉ်းပန်းနှိပ်စက်မှု့တွေကို ခံနေရပါတယ် ။အောက်တိုဘာလတုန်းက ကုလသမဂ္ဂ လူ့အခွင့်အေ၇းဆိုင်ရာမဟာမင်းကြီးက ” မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု့များ ” ဆိုပြီး အသိပေးထားပါတယ် ။

” လူ့အခွင့်အရေးဆိုင်ရာနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု့ ဥပဒေကို လွန်လွန်ကျူးကျူး ချိုးဖောက်နေပါတယ် ” ။

ဒီထုတ်ပြန်ချက်ဟာ နေရပ်စွန့်ခွာနေရသူတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဂုဏ်သိက္ခာရှိရှိ ၊ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးအတွက် စိန်ခေါ်မှု့တစ်ခုပါ ။ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်တွေရဲ့ အကူအညီတွေနဲ့ ၊ ဖြေရှင်းပေးမှု့တွေကို လက်ခံဖို့ အသိပေးထားပါတယ် ။

လုံခြုံရေးကောင်စီရဲ့ လုပ်ပိုင်ခွင့်တွေဟာ အကန့်အသတ်ရှိပါတယ် ။ မြန်မာစစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေကို အနီးကပ် စောင့်ကြည့်နေပါတယ် ။ဒါကတော့ ကုလသမဂ္ဂ သတင်းဌာနကနေ ထုတ်ပြန်ထားတဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးက ထုတ်ပြန်ချက် သတင်းပါ ။သုံးသပ်ရရင်တော့ …၊

မြန်မာပြည်သူတွေ မျှော်လင့်နေတဲ့ သတင်းမဟုတ်ပါဘူး ။ လုံခြုံရေးကောင်စီဟာ လုပ်ပိုင်ခွင့် အကန့်အသတ်ရှိတယ် ဆိုတာကလည်း ပါးပါးလေး မက်ဆေ့ခ်ျပေးလိုက်သလိုပါပဲ ။ တရုတ်နဲ့ရုရှားရှိနေတယ်ဆိုတဲ့ သဘောပါ ။သို့သော် ၊ မြန်မာ့အရေးကို ကုလသမဂ္ဂ စားပွဲဝိုင်းမှာ ဆွေးနွေးနေတာကိုကပဲ ကမ္ဘာကြီးက မြန်မာ့အရေးကို သွေးအေးမသွားဘူးဆိုတာ ပြသနေတာပါ ။ မြန်မာ့အရေးကို ကုလမှာလည်း အကြိတ်အနယ် ဆွေးနွေးနေပါတယ် ။

အာဆီယံမှာလည်း အင်ဒိုနဲ့မလေးရှားက အဆုံးသတ်ဖို့ ကြိုးစားကြမယ်လို့ လွန်ခဲ့တဲ့ ၂ ရက်က သဘောတူထားပါတယ် ။

ဆိုရရင် …၊မြန်မာ့အရေးဟာ ကျူးဘားအရေးအခင်းလို အကိုင်အတွယ်မတတ်ခဲ့ရင် မီးတောက်နိုင်တယ်ဆိုတာ ကုလကရိပ်မိထားပါတယ် ။

မြန်မာပြည်သူတွေကတော့ ” ဒီလောက်သေချာနေတဲ့ လုပ်ရပ်တွေအပေါ်မှာ ဘာကိုများ စောင့်နေတာလဲ ? ”” UN ဘာလဲ ? ” ဆိုသလို မချင့်မရဲနဲ့ မေးခွန်းထုတ်နေကြတာပါ ။ မြန်မာပြည်သူတွေရဲ့ တော်လှန်လိုစိတ်ကိုလည်း ကမ္ဘာကြီးက မသိချင်ယောင်ဆောင်မရတော့ အကြိတ်အနယ်တော့ ရုရှားနဲ့တရုတ်ကို မလှုပ်သာအောင် တဆင့်ချင်းတက်နေတယ်လို့ မြင်ပါတယ် ။

ပြည်တွင်းတော်လှန်အားကလည်း သိသိသာသာ အင်အားကောင်းလာပါတယ် ။ အိန္ဒိယနိုင်ငံထဲက မြန်မာနဲ့ နယ်ချင်းကပ်နေတဲ့ မိုးရေးမြို့မှာ IED 250 ကီလိုဂရမ် သိမ်းဆည်းခဲ့ပါတယ် ။ improvised explosive device လို့ ခေါ်ပါတယ် ။

ပေါက်ကွဲအား ပြင်းထန်တဲ့ လက်နက်ခဲယမ်းတွေ လုပ်ဆောင်ရာမှာ အသုံးပြုရတဲ့ အပြင်းထန်ဆုံး ဖောက်ခွဲရေး ပစ္စည်းတွေပါ ။ ဒီလို ဖောက်ခွဲရေးပစ္စည်းတွေဟာ မြန်မာပြည်အနှံ့အပြားကို ပျံ့နှံ့နေခဲ့ပါပြီ ။ ဒါတွေဟာ ဘယ်ကနေရပြီး ၊ ဘယ်သူကကူညီနေသလဲဆိုတာ ပြောဖို့ခက်ပါတယ် ။

အရှင်းဆုံး သုံးသပ်ရရင်တော့ ၊ ပြည်သူ့ခုခံစစ်လို့ နာမည်တပ်ထားတဲ့ ပြည်သူ့တော်လှန်ရေးတပ်တွေကို စစ်ကောင်စီဘက်က အင်အားသုံး ဖြီုခွင်းလာမယ်ဆိုရင် ကမ္ဘာကြီးက အကြောင်းပြပြီး ဝင်ပါလာနိုင်ပါတယ် ။ဒီအတိုင်းလေးနဲ့ ကွက်ကျားစစ်ဖြစ်နေမယ်ဆိုရင်လည်း စစ်ကောင်စီလက်နက်ကိုင်တွေဟာ တဖြည်းဖြည်း အင်အားလျော့လာပြီး ၊ အချိန်ကြာလာလေလေ PDF က အင်အားကြီးလေလေပါပဲ ။

ဒီတော့ ၊ ကုလကနေ စောင့်ကြည့်နေပါတယ်ဆိုပြီး PDF တွေ လက်နက်နဲ့ လူအင်အား တောင့်တင်းလာတာဟာ ဘယ်သူ့လက်ချက်လဲလို့ စဉ်းစားကြရုံပါပဲ ။ဘကြီးအောင် LA b 12 November,2021

Leave a Reply

Your email address will not be published.