အမြဲမိခင်နဲ့သာခရီးသွားလို့ဝေဖန်ခံခဲ့ရဖူးတဲ့ဖိလစ်ပိုင်အမျိုးသားခရီးသွားတစ်ဦးဟာသူ့ရဲ့Facebookစာမျက်နှာဖြစ်တဲ့ThePoorTraveler’မှာTravelswithNanay’ကိုစိတ်အားထက်သန်စွာအမြဲပြန်မျှဝပေးခဲ့ပါတယ်။ ဖိလစ်ပိုင်ယဉ်ကျေးမှုတွင် ကလေးငယ်များက ၎င်းတို့၏မိဘများနှင့် ရင်းနှီးတဲ့နှောင်ကြိုးကို နှစ်သက်ကြပြီး ဤနှောင်ကြိုးကလည်း အရွယ်ရောက်ပြီးသည်အထိ

တည်တံ့ပါတယ်။ဖိလစ်ပိုင်လူမျိုးများဟာအသက်18နှစ်ပြည့်ပြီးသွားတာတောင်အိမ်မှမထွက်ခွါသွားတတ်တဲ့ဓလေ့ရှိပြီးအတော်များများကလည်း၎င်းတို့မှာကိုယ်ပိုင်မိသားစုရှိပြီးဖြစ်နေတာတောင်မှမိဘတွနဲ့ တစ်အိမ်တည်းအတူနေနေကြတုန်းပါဘဲ။

မိဘအများစုကလည်းသားသမီးတွေအားလုံးကိုမိသားစုအိမ်မှာပဲနေတာကိုပိုကြိုက်တတ်ကြပါတယ်ThePoorTraveler’အဖြစ်blogတွေတင်လေ့ရှိတဲ့ဖိလစ်ပိုင်အမျိုးသားတစ်ဦးဟာမကြာသေးမီကသူ့မိခင်နှင့် ခရီးသွားခဲ့တဲ့ ဓာတ်ပုံများကို မျှဝေခဲ့ပြီး ၎င်းတို့ဟာ သြစတြေးလျကနေ ပြန်ရောက်လာတာမကြာသေးတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။

လွန်ခဲ့သည့်နှစ်အနည်းငယ်လောက်ကသူ့မိခင်နှင့်သူ့ရဲ့ခရီးစဉ်ဓာတ်ပုံများကိုတင်တဲ့အခါအခြားခရီးသွားတစ်ဦးက‘မကြီးမငယ်နဲ့သူ့မိခင်နှင့်သာခရီးသွားတတ်တဲ့အမျိုးသား’လို့ဆိုကာသူ့ကိုသွယ်ဝိုက်နည်းနဲဝေဖန်ခဲ့ပါတယ်။သို့ပေမဲ့သူဟာစော်ကားခံရလို့စိတ်ထိခိုက်နေချိန်မှာ သူဘာအမှားမှမလုပ်မိဘူးဆိုတာသိနေခဲ့ပြီး အနာဂတ်မှာ အောင်မြင်လာပြီးနောက် ကလေးတိုင်း

သူ့မိခင်အတွက်လုပ်ပေးသင့်တဲ့အရာတစ်ခုလိုသတ်မှတ်ကာဤအရာကိုဆက်လုပ်နေခဲ့ပါတယ်သူက“ကျွန်တော်နဲ့အမေရဲ့ပထမဆုံးခရီးကိုမှတ်မိသေးတယ်၊ဟောင်ကောင်မှာကေဘယ်လ်ကားစီးရင်းအမက ရုတ်တရက် မျက်ရည်ကျလာတယ်၊ ဘာဖြစ်လို့လဲလို့အမေ့ကိုမေးတော့အမေကသူမကအခုလိုနိုင်ငံရပ်ခြားသို့ခရီးထွက်နိုင်မယ်လို့မမျှော်လင့်ထားဖူးဘူးလို့ပြောခဲ့တယ်၊ ကြည့်ပါလား

ကျွန်တော့်အမေကအရမ်းဆင်းရဲတဲ့မိသားစုကနေကြီးပြင်းလာခဲ့တာပါ”လို့‘ThePoorTraveler’မှာပြောပြခဲ့ပါတယ်မိခင်ဖြစ်သူဟာမောင်နှမ၇ယောက်ရှိပြီးသူ့အဘိုးအဘွားများကသားသမီးအကုန်လုံးကိကျောင်းမထားနိုင်ခဲ့လို့ မိခင်ဖြစ်သူဟာ ၆ တန်းအထိသာကျောင်းတက်ခဲ့ရပါတယ်။ အိမ်အလုပ်ကိုကူလုပ်ဖို့ အိမ်မှာ တစ်ယောက်လောက်က နေခဲ့ရတာကြောင့် မိခင်ဖြစ်အတွက်

ကံမကောင်းတာက၎င်းကသူမဖြစ်နေခဲ့ပါတယ်မိခင်ဖြစ်သူဟာပညာရေးကိုအလေးပေးခဲ့ပေမဲ့မတတ်နိုင်တဲ့အဆုံးရွေးချယ်စရာမရှိခဲ့ဘူးလို့လည်းပြောပြခဲ့ပါတယ်ထို့ပြင်ThePoorTraveler’ကသူ့မိခင်ဟခံနိုင်ရည်ရှိတဲ့ခက်ခဲမှုတွေကြောင့် သူမသားသမီးတွေကို ကောလိပ်ဘွဲ့ရဖို့ သေချာအောင် လုပ်မယ်လို့ ကတိပေးခဲ့ပြီး မုန့်ရောင်းရင်း တစ်ကိုယ်တည်းရုန်းကန်ကာ သားသမီးတွေကို

ကျောင်းထားပေးခဲ့ကြောင်းရှင်းပြခဲ့ပါတယ်အငယ်ဆုံးဖြစ်တဲ့သူကကောလိပ်ဘွဲ့တစ်ခုရခဲ့ပြီးနောက်မှာမိခင်ဖြစ်သူသူမကိုယ်သူမပေးခဲ့တဲ့ကတိကိုနောက်ဆုံးမှာဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ထို့နောင်သားဖြစသူကသူမဟာအရမ်းဝေးလံတဲ့ခရီးမသွားဖူးတဲ့အတွက် ဝင်ငွေကောင်းလာတဲ့အခါ သူမနဲ့အတူ နှစ်တိုင်းခရီးထွက်မယ်လို့ ကတိပြန်ပေးခဲ့ပါတော့တယ်

 

သူအလုပ်ရသွားပြီးကတည်းက၎င်းတို့သားအမိဟာနေရာအတော်များများကိုအတူတူခရီးထွက်ခဲ့ကြပြီး၎င်းတို့ဟာဟောင်ကောင်ခရီးစဉ်နဲ့စတင်ခဲ့ကြပြီးနောက်ဂျပန်စင်္ကာပူ၊မကာအို၊ဘိုရာကေနှင့်သြစတြေလျသို့လည်း သွားရောက်ခဲ့ကြပါတယ်။

ငယ်ငယ်ကထက်ကျွန်တော်တို့ဘဝကအခုဆိုပိုအဆင်ပြေလာပြီအမေကသူမလုပ်ခွင့်မရခဲ့တဲ့အရာတွေအတွက်ကျွန်တော်တို့ကိုပြီးပြည့်စုံအောင်ဖြည့်ဆည်းပေးခဲ့လို့ကျွန်တော်တို့မောင်နှမတွေကအဆင်ပြနေပြီ၊ အခုလို အမေနဲ့အတူ ခရီးတွေသွားရတာကို ဂုဏ်ယူမိတယ် ” ဟုလည်း ဆိုခဲ့ပါတယ်။

အဆိုပါပို့စ်ဟာပျံ့နှံ့သွားခဲ့ပြီးအခြားအင်တာနက်အသုံးပြုသူများကလည်း၎င်းတို့ရဲ့မိဘများနှင့်အားလပ်ရက်ခရီးများအကြောင်းမျှဝေခဲ့ကြပြီးမကြာမီမှာ‘မိဘများနှင့်အတူခရီးသွားတဲ့အရွယ်ရောက်ပြီးသေကလေးများရဲ့ကလပ်’ လည်းပေါ်လာတော့မယ်လို့လည်း ဟာသလုပ်၊စနောက်ခဲ့ကြပါတယ်။Mia (KB Chimmy One)Reference : rachfeed

Leave a Reply

Your email address will not be published.