ေတာခိုလာတဲ့ ေက်ာင္းသားမိတ္ေဆြ အခ်င္းခ်င္းဘာေၾကာင့္ ေတာခိုၾကတာလဲ ေမးၾကတဲ့အခါ ကိုငွက္ အလွည့္ေရာက္ေတာ့..ကိုယ့္ Idol ေၾကာင့္ဘယ္အခ်ိန္ကမွ မ်က္ႏွာငယ္တယ္မရွိရဘူး အၿမဲ ဂုဏ္ယူရတယ္။မြန္းေအာငိုငွက္ ႏွင့္အေဖ ဘာလုပ္ေနလဲမိကြန္ေထာသို႔ ဂုဏ္ျပဳစာ

အခုအေရးေတာ္ပုံမွာ ေႂကြးေၾကာ္သံ သီခ်င္းျဖစ္တဲ့ အေရးႀကီးၿပီ(ေသြးသစၥာ) သီခ်င္းကကိုငွက္ ၈၈ မွာ ေတာခိုရင္း ေရးခဲ့တာ.. ကိုမြန္းေအာင္ အဖ်ားတက္ေနတဲ့ ညဘက္ႀကီးေသာင္ရင္းျမစ္ကမ္းေဘးေလးမွာ စခန္းခ်တုန္း ကိုငွက္က သူ႔ေဘးမွာ ေရးခဲ့တာလို႔ ဆိုတယ္။

ကိုငွက္တို႔ ကိုမြန္းေအာင္တို႔ အဲ့ဒီေခတ္က နာမည္ႀကီး ေက်ာင္းသားအႏုပညာသမားေတြဟာ ၈၈ သမိုင္းေပးတာဝန္ကို ထမ္းေဆာင္ခဲ့ၾကအၿပီးKNU စခန္းကို ျဖတ္ၿပီး ထိုင္းကို ေျပးဖို႔ လုပ္ခဲ့ရတယ္။အဲ့ဒီတုန္းက ကိုမြန္းေအာင္က ေက်ာင္သားတပ္ဦး ABSDF မွာ ျပန္ၾကားေရးတာဝန္ခံ၊ အဲ့ဒီအခ်ိန္မွာပဲ စစ္အာဏာရွင္ေတြက ေတာခိုေက်ာင္းသားေတြ လက္နက္ကိုင္ေတြနဲ႔ ေပါင္းမိသြားမွာစိုးလို႔ ျပန္လာရင္ ေထာင္မခ်ပါဘူး ကတိနဲ႔ ျပန္ေခၚတယ္

မြန္းေအာင္ကေတာ့ ထိုင္းကေန တစ္ဆင့္တတိယႏိုင္ငံ အေမရိက ကို ကူးဖို႔ လမ္းေၾကာင္းရွာေတြ႕သြားခဲ့တယ္ ကိုငွက္တို႔ကေတာ့ အဖြဲ႕လိုက္ ဆုံးျဖတ္ခ်က္နဲ႔ ရန္ကုန္ျပန္ေရာက္သြားခဲ့တယ္ ဒါေပမဲ့ ကိုငွက္က စစ္အစိုးရလက္ေအာက္ကေနပဲ ေတာ္လွန္ေရးသီခ်င္းေတြအမ်ားႀကီး မြန္းေအာင္ဆီပို႔ေပးခဲ့တယ္ ၊ ကိုငွက္ အႏၲရာယ္ ျဖစ္မွာစိုးလို႔ နာမည္လႊဲနဲ႔ မြန္းေအာင္က ဆိုေပးတယ္ အဲ့ဒီလို အႏုပညာ နဲ႔ စူးစူးရွရွ ေတာ္လွန္ခဲ့ၾကတယ္။သမိုင္းကေတာ့ အဲ့လိုေပါ့ ။

အခု ကိုငွက္ မရွိေတာ့တာ ၁၆ ႏွစ္ေတာင္ေက်ာ္ခဲ့ပါၿပီ။1960 ေက်ာ္မွာ ေမြးၿပီး 2004 မွာ က်ေနာ္တို႔ ဆုံးရႈံးခဲ့ရတဲ့ ကိုငွက္က သူ႔ခ်စ္တဲ့ႏိုင္ငံမွာ ဒီမိုကေရစီ ဆိုတာ ကို သူ႔ဘဝတစ္ေလွ်ာက္လုံး မျမင္ေတြ႕ခဲ့ရပါဘူး။ဦးသိန္းစိန္ လက္ထက္ ေက်ာင္းသားသပိတ္က စ ဒီ အေရးႀကီးၿပီ သီခ်င္းကို ျပန္ၾကားရတဲ့အခါမွာလည္းကိုငွက္ မရွိေတာ့ပါဘူး..

အခုလဲ 2021 သမိုင္းတေက်ာ့ျပန္မွာလည္းကိုငွက္ က်ေနာ္တို႔နဲ႔အတူ လူပုဂၢိဳလ္ အားျဖင့္ မရွိေတာ့ပါဘူးသူဖန္တီးခဲ့တဲ့ အႏုပညာကိုက်ေနာ္တို႔ျပည္သူ သန္း၅ဝေက်ာ္ရဲ႕ ရင္ဘတ္ထဲက ဟစ္ေႂကြးေနတာ ျမင္ရရင္ဘယ္ေလာက္မ်ား ဂုဏ္ယူေနမလဲ

ဒီစာကို ကိုငွက္နဲ႔အတူ ေတာခိုခဲ့တဲ့ လူတစ္ေယာက္ကကိုငွက္ အေၾကာင္း ျပန္ေျပာျပတာနဲ႔ အဆုံးသတ္ပါရေစပငဆိုတဲ့႐ြာေလးမွာ ေတာခိုလာတဲ့ ေက်ာင္းသားမိတ္ေဆြအခ်င္းခ်င္းဘာေၾကာင့္ ေတာခိုၾကတာလဲ ေမးၾကတဲ့အခါကိုငွက္ အလွည့္ေရာက္ေတာ့.. တစ္ေန႔က် ကိုယ့္သားသမီးေတြက ေမးလာမယ္ အဲဒီ အာဏာသိမ္းလိုက္ေတာ့အေဖ ဘာလုပ္ေနသလဲ ဆိုရင္

ဘာမွ မလုပ္ခဲ့ဘူး ဆိုတာကို မေျဖခ်င္ဘူးတနည္းနည္းနဲ႔ ဆန႔္က်င္ခဲ့တယ္ တခုခု လုပ္ခဲ့တယ္ လို႔ေျပာႏိုင္ဖို႔ ဒီလမ္းကို ထြက္လာတာ ကိုငွက္ ဒီလို ေျပာခဲ့တာကို ဖတ္ရတဲ့အခါလြန္ခဲ့တဲ့ ႏွစ္ ၃၀ က ပုံရိပ္တစ္ခုကို က်ေနာ္ျပန္ျမင္လာမိပါတယ္ေနာက္ ႏွစ္ ၃၀ အၾကာစစ္အာဏာရွင္ကို တေက်ာ့ျပန္ တိုက္ပြဲဝင္ၾကရမယ့္ သူ႔အေသြးအသား ျပည္သူ ေတြအတြက္

သမိုင္းတြင္က်န္ရစ္ခဲ့မယ့္ ေဟာဒီ သီခ်င္းကို ေသာင္ရင္းျမစ္ကမ္းေဘး အဖ်ားတက္ေနတဲ့ သူငယ္ခ်င္းရဲ႕ေဘး အဖ်ားတက္ေနတဲ့ သူ႔ ႏိုင္ငံေတာ္ရဲ႕ ေဘးယ္စပ္ ကိုယ္ပိုင္အိပ္မက္ေတြကို ေခါက္ထားၿပီး တကုပ္ကုပ္နဲ႔ သီခ်င္းစပ္ေနခဲ့တဲ့ ကိုငွက္ကိုၾကည္ႏူးစိတ္အျပည့္နဲ႔ ျပန္ျမင္ေယာင္မိပါေတာ့တယ္ ကိုငွက္ ထားခဲ့တဲ့ အဲ့ဒီ သီခ်င္းကို ကြၽန္ေတာ္တို႔ သီဆိုေနတာ လြတ္လပ္ျခင္းႏိုင္ငံေတာ္ကေန ကိုငွက္ ၾကားပါေစ။မူရင္းကိုမေပ်ာက္ပ်က္ေစလိုေသာေၾကာင့္ ကိုငွက္ဟု သုံးႏႈန္းထားျခင္းကို မျပင္တာပါ.. ဦးငွက္႐ိုေသသမႈျဖင့္ ၾကားပါေစ။ခရစ္ဒစ္ မူရင္းေရးသားသူ

တောခိုလာတဲ့ကျောင်းသားမိတ်ဆွေအချင်းချင်းဘာကြောင့်တောခိုကြတာလဲမေးကြတဲ့အခါကိုငှက်အလှည့်ရောက်တော့..ကိုယ့် Idol ကြောင့်ဘယ်အချိန်ကမှ မျက်နှာငယ်တယ်မရှိရဘူး အမြဲ ဂုဏ်ယူရတယ်။မွန်းအောငိုငှက် နှင့်အဖေ ဘာလုပ်နေလဲမိကွန်ထောသို့ ဂုဏ်ပြုစာ

အခုအရေးတော်ပုံမှာ ကြွေးကြော်သံ သီချင်းဖြစ်တဲ့ အရေးကြီးပြီ(သွေးသစ္စာ) သီချင်းကကိုငှက် ၈၈ မှာ တောခိုရင်း ရေးခဲ့တာ.. ကိုမွန်းအောင် အဖျားတက်နေတဲ့ ညဘက်ကြီးသောင်ရင်းမြစ်ကမ်းဘေးလေးမှာ စခန်းချတုန်း ကိုငှက်က သူ့ဘေးမှာ ရေးခဲ့တာလို့ ဆိုတယ်။

ကိုငှက်တို့ ကိုမွန်းအောင်တို့ အဲ့ဒီခေတ်က နာမည်ကြီး ကျောင်းသားအနုပညာသမားတွေဟာ ၈၈ သမိုင်းပေးတာဝန်ကို ထမ်းဆောင်ခဲ့ကြအပြီးKNU စခန်းကို ဖြတ်ပြီး ထိုင်းကို ပြေးဖို့ လုပ်ခဲ့ရတယ်။အဲ့ဒီတုန်းက ကိုမွန်းအောင်က ကျောင်သားတပ်ဦး ABSDF မှာ ပြန်ကြားရေးတာဝန်ခံ၊ အဲ့ဒီအချိန်မှာပဲ စစ်အာဏာရှင်တွေက တောခိုကျောင်းသားတွေ လက်နက်ကိုင်တွေနဲ့ ပေါင်းမိသွားမှာစိုးလို့ ပြန်လာရင် ထောင်မချပါဘူး ကတိနဲ့ ပြန်ခေါ်တယ်

မွန်းအောင်ကတော့ ထိုင်းကနေ တစ်ဆင့်တတိယနိုင်ငံ အမေရိက ကို ကူးဖို့ လမ်းကြောင်းရှာတွေ့သွားခဲ့တယ် ကိုငှက်တို့ကတော့ အဖွဲ့လိုက် ဆုံးဖြတ်ချက်နဲ့ ရန်ကုန်ပြန်ရောက်သွားခဲ့တယ် ဒါပေမဲ့ ကိုငှက်က စစ်အစိုးရလက်အောက်ကနေပဲ တော်လှန်ရေးသီချင်းတွေအများကြီး မွန်းအောင်ဆီပို့ပေးခဲ့တယ် ၊ ကိုငှက် အန္တရာယ် ဖြစ်မှာစိုးလို့ နာမည်လွှဲနဲ့ မွန်းအောင်က ဆိုပေးတယ် အဲ့ဒီလို အနုပညာ နဲ့ စူးစူးရှရှ တော်လှန်ခဲ့ကြတယ်။သမိုင်းကတော့ အဲ့လိုပေါ့ ။

အခု ကိုငှက် မရှိတော့တာ ၁၆ နှစ်တောင်ကျော်ခဲ့ပါပြီ။1960 ကျော်မှာ မွေးပြီး 2004 မှာ ကျနော်တို့ ဆုံးရှုံးခဲ့ရတဲ့ ကိုငှက်က သူ့ချစ်တဲ့နိုင်ငံမှာ ဒီမိုကရေစီ ဆိုတာ ကို သူ့ဘဝတစ်လျှောက်လုံး မမြင်တွေ့ခဲ့ရပါဘူး။ဦးသိန်းစိန် လက်ထက် ကျောင်းသားသပိတ်က စ ဒီ အရေးကြီးပြီ သီချင်းကို ပြန်ကြားရတဲ့အခါမှာလည်းကိုငှက် မရှိတော့ပါဘူး..

အခုလဲ 2021 သမိုင်းတကျော့ပြန်မှာလည်းကိုငှက် ကျနော်တို့နဲ့အတူ လူပုဂ္ဂိုလ် အားဖြင့် မရှိတော့ပါဘူးသူဖန်တီးခဲ့တဲ့ အနုပညာကိုကျနော်တို့ပြည်သူ သန်း၅ဝကျော်ရဲ့ ရင်ဘတ်ထဲက ဟစ်ကြွေးနေတာ မြင်ရရင်ဘယ်လောက်များ ဂုဏ်ယူနေမလဲ

ဒီစာကို ကိုငှက်နဲ့အတူ တောခိုခဲ့တဲ့ လူတစ်ယောက်ကကိုငှက် အကြောင်း ပြန်ပြောပြတာနဲ့ အဆုံးသတ်ပါရစေပငဆိုတဲ့ရွာလေးမှာ တောခိုလာတဲ့ ကျောင်းသားမိတ်ဆွေအချင်းချင်းဘာကြောင့် တောခိုကြတာလဲ မေးကြတဲ့အခါကိုငှက်အလှည့်ရောက်တော့..တစ်နေ့ကျကိုယ့်သားသမီးတွေကမေးလာမယ်အဲဒီအာဏာသိမ်းလိုက်တော့အဖေ ဘာလုပ်နေသလဲ ဆိုရင်

ဘာမှ မလုပ်ခဲ့ဘူး ဆိုတာကို မဖြေချင်ဘူးတနည်းနည်းနဲ့ ဆန့်ကျင်ခဲ့တယ် တခုခု လုပ်ခဲ့တယ် လို့ပြောနိုင်ဖို့ ဒီလမ်းကို ထွက်လာတာ ကိုငှက် ဒီလို ပြောခဲ့တာကို ဖတ်ရတဲ့အခါလွန်ခဲ့တဲ့ နှစ် ၃၀ က ပုံရိပ်တစ်ခုကို ကျနော်ပြန်မြင်လာမိပါတယ်နောက် နှစ် ၃၀ အကြာစစ်အာဏာရှင်ကို တကျော့ပြန် တိုက်ပွဲဝင်ကြရမယ့် သူ့အသွေးအသား ပြည်သူ တွေအတွက်

သမိုင်းတွင်ကျန်ရစ်ခဲ့မယ့် ဟောဒီ သီချင်းကို သောင်ရင်းမြစ်ကမ်းဘေး အဖျားတက်နေတဲ့ သူငယ်ချင်းရဲ့ဘေး အဖျားတက်နေတဲ့ သူ့ နိုင်ငံတော်ရဲ့ ဘေးယ်စပ် ကိုယ်ပိုင်အိပ်မက်တွေကို ခေါက်ထားပြီး တကုပ်ကုပ်နဲ့ သီချင်းစပ်နေခဲ့တဲ့ ကိုငှက်ကိုကြည်နူးစိတ်အပြည့်နဲ့ ပြန်မြင်ယောင်မိပါတော့တယ် ကိုငှက် ထားခဲ့တဲ့ အဲ့ဒီ သီချင်းကို ကျွန်တော်တို့ သီဆိုနေတာ လွတ်လပ်ခြင်းနိုင်ငံတော်ကနေ ကိုငှက် ကြားပါစေ။မူရင်းကိုမပျောက်ပျက်စေလိုသောကြောင့် ကိုငှက်ဟု သုံးနှုန်းထားခြင်းကို မပြင်တာပါ.. ဦးငှက်ရိုသေသမှုဖြင့် ကြားပါစေ။ခရစ်ဒစ် မူရင်းရေးသားသူ

Leave a Reply

Your email address will not be published.