ပုပ္ပါးရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အခမဲ့ ကွန်ပြူတာသင်တန်းကျောင်း မီးလောင်၊ ရှို့မီးဖြစ်နိုင်ဟုဆို
မီးလောင်းပြီး အခြေအနေ

MFP ၊ နိုဝင်ဘာ – ၁၃

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်တက်လမ်း သုံးထပ်ကွေ့ရှိ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၏ အခမဲ့ ကွန်ပြူတာ သင်တန်းကျောင်း ယမန်နေ့ နိုဝင်ဘာ(၁၂)ရက် ညနေပိုင်းက အချိန်တစ်နာရီခန့်ကြာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက MFP သို့ ပြောသည်။
မီးလောင်းပြီး အခြေအနေ

“ညနေ ၅နာရီလောက်က မီးလောင်တာ ၆နာရီလောက်မှ ငြိမ်းတယ်တဲ့။

မီးသတ်ကား ငြိှမ်းတယ်လို့တော့ ပြောကြတာပဲ။ ဒါပေမယ့် ဒီက လူတွေတော့ ရှို့မီးလို့တော့ ထင်နေကြတယ်” ဟု ကျောက်ပန်းတောင်း ဒေသခံတစ်ဦးက MFP သို့ ပြောသည်။

အဆိုပါ ပုပ္ပါးဒေသရှိ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ကြီးမှူးဖွင့်လှစ်ထားသော အခမဲ့ ကွန်ပြူတာ သင်တန်းကျောင်းကို ရှို့သွားသည့် မီးကြောင့် ညနေ ၅နာရီမှ ၆နာရီအထိ မီးလောင်ကျွမ်းခဲ့ကြောင်း ဌာနေမီးသတ်နှင့် နီးစပ်သူတစ်ဦးကလည်း MFP သို့ အတည်ပြုသည်။

“သွားငြိမ်းခဲ့တယ်။ သူတို့ အတည်ပြုချက်အရ ရှို့မီးလို့ ပြောတယ်ခင်ဗျ” ဟု ကျောက်ပန်းတောင်းမြို့နယ် ကြက်ခြေနီအဖွဲ့နှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် သင်တန်းကျောင်းတွင်းရှိ စာရွက်စာတမ်းနှင့် ပရိဘောဂများ မီးလောင်ကျွမ်းခဲ့သည်ဟု ဆိုသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ်အခြေအနေများ မသိရသေးပါ။
မီးလောင်းပြီး အခြေအနေ

ပုပ္ပားတောင်အနီးရှိ ဒေါ်အောင်ဆန်းစုကြည် ပိုင်သော ခြံဝန်းအတွင်း ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၏ အခမဲ့ ကွန်ပျူတာ သင်တန်းကျောင်းကို ၂၀၁၇ တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သင်တန်းကျောင်း ဖွင့်လှစ်ထားသော ပုပ္ပါးတောင်ခြေရှိ နှစ်ဧကနီးပါး ကျယ်ဝန်းသည့် ခြံသည် ဒေါ်အောင်ဆန်းစုကြည် အမည်ဖြင့် ဝယ်ယူပိုင်ဆိုင်ထားသော တစ်ခုတည်းသော ခြံဝန်းလည်း ဖြစ်သည်။
မီးလောင်းပြီး အခြေအနေ

 

ZawGyi

 

ပုပၸါးရွိ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္း အခမဲ့ ကြန္ျပဴတာသင္တန္းေက်ာင္း မီးေလာင္၊ ရႈိ႕မီးျဖစ္ႏိုင္ဟုဆို

MFP ၊ ႏိုဝင္ဘာ – ၁၃

မႏၲေလးတိုင္း ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ပုပၸါးေတာင္တက္လမ္း သုံးထပ္ေကြ႕ရွိ ေဒၚခင္ၾကည္ ေဖာင္ေဒးရွင္း၏ အခမဲ့ ကြန္ျပဴတာ သင္တန္းေက်ာင္း ယမန္ေန႔ ႏိုဝင္ဘာ(၁၂)ရက္ ညေနပိုင္းက အခ်ိန္တစ္နာရီခန႔္ၾကာ မီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားက MFP သို႔ ေျပာသည္။


“ညေန ၅နာရီေလာက္က မီးေလာင္တာ ၆နာရီေလာက္မွ ၿငိမ္းတယ္တဲ့။

မီးသတ္ကား ၿငိွမ္းတယ္လို႔ေတာ့ ေျပာၾကတာပဲ။ ဒါေပမယ့္ ဒီက လူေတြေတာ့ ရႈိ႕မီးလို႔ေတာ့ ထင္ေနၾကတယ္” ဟု ေက်ာက္ပန္းေတာင္း ေဒသခံတစ္ဦးက MFP သို႔ ေျပာသည္။

အဆိုပါ ပုပၸါးေဒသရွိ ေဒၚခင္ၾကည္ ေဖာင္ေဒးရွင္းမွ ႀကီးမႉးဖြင့္လွစ္ထားေသာ အခမဲ့ ကြန္ျပဴတာ သင္တန္းေက်ာင္းကို ရႈိ႕သြားသည့္ မီးေၾကာင့္ ညေန ၅နာရီမွ ၆နာရီအထိ မီးေလာင္ကြၽမ္းခဲ့ေၾကာင္း ဌာေနမီးသတ္ႏွင့္ နီးစပ္သူတစ္ဦးကလည္း MFP သို႔ အတည္ျပဳသည္။

“သြားၿငိမ္းခဲ့တယ္။ သူတို႔ အတည္ျပဳခ်က္အရ ရႈိ႕မီးလို႔ ေျပာတယ္ခင္ဗ်” ဟု ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ၾကက္ေျခနီအဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးကလည္း ေျပာသည္။

အဆိုပါ မီးေလာင္မႈေၾကာင့္ သင္တန္းေက်ာင္းတြင္းရွိ စာ႐ြက္စာတမ္းႏွင့္ ပရိေဘာဂမ်ား မီးေလာင္ကြၽမ္းခဲ့သည္ဟု ဆိုသည္။

အဆိုပါ မီးေလာင္မႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ MFP အေနျဖင့္ အေသးစိတ္အေျခအေနမ်ား မသိရေသးပါ။

ပုပၸားေတာင္အနီးရွိ ေဒၚေအာင္ဆန္းစုၾကည္ ပိုင္ေသာ ၿခံဝန္းအတြင္း ေဒၚခင္ၾကည္ ေဖာင္ေဒးရွင္း၏ အခမဲ့ ကြန္ပ်ဴတာ သင္တန္းေက်ာင္းကို ၂၀၁၇ တြင္ စတင္ဖြင့္လွစ္ခဲ့ျခင္း ျဖစ္သည္။

အဆိုပါ သင္တန္းေက်ာင္း ဖြင့္လွစ္ထားေသာ ပုပၸါးေတာင္ေျခရွိ ႏွစ္ဧကနီးပါး က်ယ္ဝန္းသည့္ ၿခံသည္ ေဒၚေအာင္ဆန္းစုၾကည္ အမည္ျဖင့္ ဝယ္ယူပိုင္ဆိုင္ထားေသာ တစ္ခုတည္းေသာ ၿခံဝန္းလည္း ျဖစ္သည္။

Leave a Reply

Your email address will not be published.