




ကျောင်းဆရာမ ဒေါ်ယုယုအောင်သည် CDM ဝင်ထားပြီးနောက်ပိုင်း ငါးခြောက်၊ ပုဇွန်ခြောက် စသည့် ကုန် ခြောက်များကို အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာမှ တဆင့် ဈေးရောင်းပြီး မိသားစု၏ စားဝတ်နေရေးကို ဖြေရှင်း နေရသူ တစ်ဦး ဖြစ်သည် Ref: Mizzama

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် ပြည်ခရိုင် လူထု အာဏာဖီဆန်မှု CDM ကျောင်းဆရာမတစ်ဦးကို သူမ၏ တစ်နှစ်ခွဲအရွယ်သားငယ်နှင့် အတူ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်

ဥသျှစ်ပင်မြို့ပြည်တော်သာရပ်ကွက်၊ သခွတ်တန်းလမ်းတွင် နေထိုင်သူ အသက် ၂၅ နှစ် အရွယ် ဆရာမ ဒေါ်ယုယု အောင်ကိုစစ်ကောင်စီက သူမ၏ ခင်ပွန်းဖြစ်သူသည် PDF သင်တန်းဆင်းတပ်ဖွဲ့ဝင် ဖြစ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးသွားကြခြင်းဖြစ်သည်

ဥသျှစ်ပင်မြို့တွင် နိုဝင်ဘာလ ၁၁ ရက်နေ့၊ ည ၁၂ အချိန်ခန့်က လာရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်

ဥသျှစ်ပင်မြို့ ပြည်တော်သာရပ်ကွက် က အမျိုးသားတစ်ဦး က သူ့ယောက်ကျားက Facebook မှာ တင်ထားတဲ့ ဟာတွေကြောင့် စွပ်စွဲပြီး ဖမ်းတာလို့တော့ သိရတယ်

အမှန် တကယ်တော့ ယောက်ကျားက အိမ်ထွက်သွား တာ ကြာပြီ ဟုပြောသည် ဆရာမ ဒေါ်ယုယုအောင်ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားစဉ် အသက် တစ်နှစ်ခွဲအရွယ် သားငယ်လေး လည်းပါသွားသည်ဟု ဒေသခံများက ပြောသည်

ကျောင်းဆရာမ ဒေါ်ယုယုအောင်သည် CDM ဝင်ထားပြီးနောက်ပိုင်း ငါးခြောက်၊ ပုဇွန်ခြောက် စသည့် ကုန် ခြောက်များကိုအွန်လိုင်း လူမှုကွန်ရက်စာမျက်နှာမှ တဆင့် စျေးရောင်းပြီး မိသားစု၏ စားဝတ်နေရေးကို ဖြေရှင်း နေရသူ တစ်ဦး ဖြစ်သည်Ref: Mizzama

Leave a Reply

Your email address will not be published.