ဆူးလေဘက်ကကားမောင်းရင်းပြန်လာတော့တာမွေစူပါဝမ်းနားလဲရောက်ရောကိုကိုမော်တော်ပီကယ်ကတားပါလေရောလိုင်စင်ပြပါဟုတ်ကဲလိုင်စင်ထုတ်ပေးတော့သေချာကြည့်တယ်လိုင်စင်ထဲကကိုယ့်ပုံကသိပ်ချောနေလို့လားမသိဘူးပြီးတော့ခင်ဗျားထိုင်ခုံခါးပတ်မပတ်ဘူးဖမ်းတယ်ဟင်ဒါများဗျာစောစောထဲကပြောရောပေါ့လိုင်စင်ကိုသေချာကြည့်နေသေးတယ်ဒါကျနော်တို့အလုပ်မနှောင့်ယှက်ပါနဲ့ဟုတ်

ကိုယ်လဲစဉ်းစားတယလိုင်စင်ဖမ်းချလံဖြတ်၅၁လမ်းရုံးသွားဆောင်အလုပ်ကရှုပ်အုံးမယ်ညှိလိုက်တာကောင်းမယ်ဆိုပြီးကားပေါ်ကဆင်းလိုက်တယ်အဲ့အချိန်မှာဆရာမကြီးစောမှုံညင်းဆောင်းပါးတစ်ပုဒ်ခေါင်းထဲပြေးသတိရတယ်သူဂျာမနီမှာနိုင်ငံတော်စရိတ်နဲ့ကျောင်းသွားတက်တော့လူကူးမျဉ်ကျားက မကူးပဲ သွားချင်တဲ့ နေရာအလွယ် ရောက်ဖို့ သတ်မှတ်နေရာ

မဟုတ်တဲ့နေရာကကူးလိုက်တာရဲကဖမ်းပါလေရောရဲကဂျာမန်မတ်ငွေ၁၀ဒဏ်တပ်တယ်ဘောင်ချာဖြတ်ဖို့လုပ်တယ်ဆရာမကြီးကသူ့မှာ၁၀မတ်မပါကြောင်းသူကမြန်မာကျောင်းသူဖြစ်ပါတယ်နိုင်ငံတော်ရိတ်နဲ့ကျောင်းလာတတ်ရတာပါသူ့မှာ၎မတ်တော့ပါကြောင်းချလံမဖြတ်ပါနဲ့ဦးရဲကြီးပဲယူလိုက်ပါဆိုတော့ရဲကြီးကပြုံးတယ်သူ့ဆီက၄မတ်တောင်းတယ်သူ့အိတ်ထဲက၆မတ်ထုတ်စိုက်တယ်ပြီးတော့ပေါင်းပြီးဒဏ်ကြေးဆိုတဲ့အိတ်ရှုံလေးထဲထည့်လိုက်တယ်

ချလံလဲဖြတ်ပါတယ်ဒဏ်ကြေးနေရာမှာ၁၀မတ်လို့ရေးပြီးဆရာမကြီးကိုပေးတယ်ပေးရင်းနဲ့ဦးရဲကြီးဂျာမန်တွေစည်းကမ်းမရှိလို့ဥပဒေကိုချိုးဖောက်လို့အကျင့်ပျက်ခဲ့လို့စစ်ရှုံးပြီးပြာပုံဘဝရောက်ခဲ့ပြီးပါပြီအခတိုင်းပြည်ပြန်ထူထောင်တဲ့အချိန်မှာအကျင့်ပျက်မူတွေသာပြန်ယူလာရင်ဂျာမနီဟာဘယ်တော့မှရှေ့ရောက်မှာမဟုတ်ဘူးတဲ့ကိုယ်လဲဆရာမကြီးဆောင်းပါးသတိရရင်းဦးရဲကြီးကိုကပ်ပြီးလိုင်စင်တော့မဖမ်းပါနဲ့ဆရာကြီးရယ်ဘော်ဒါကြေးလေး ယူပါ

မရဘူးကွဖမ်းမှာပဲဒဏ်ကြေးကဘယ်လောက်လဲဆရာကြီး၃သောင်းရော့ပါဆရာကြီးရယ်၁သောင်းယူပါဦးရဲကြီးကပြုံးတယ်ခေါင်းကိုဖြည်းဖြည်းခါတယ်ဂျာမန်ရဲကြီးလိုလိုတာသူစိုက်ဆောင်မလားတွေးနေရင်းကျနော့်ကို တိုးတိုးလေး ပြောလိုက်တယ်၁ သောင်းခွဲတော့ လုပ်လိုက်ကွာတဲ့Credit-မုဆိုး လက်

Leave a Reply

Your email address will not be published.