တောထဲက PDF ရဲဘော်တွေ ထမင်းစားမြိန်အောင်လို့ တစ်နေ့တာ ဝက်သားဟင်းအလှူလုပ်ပေးတဲ့ မြို့ပေါ်က မွေးနေ့ရှင်
မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ တစ်ရက်နေ့အာဏာသိမ်းခံရပြီးထဲက အစပြုခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးကို အခုချိန်အထိ သွေးမအေး ဒူးမထောက်ဘဲ ရဲရဲဝင့်ဝင့် တော်လှန်နေ ဦးဆောင်ခဲ့သူတွေကတော့ မျိုးဆက်သစ်လူငယ်လေးတွေပဲ ဖြစ်ပါတယ်။ ဒီအရေးတော်ပုံကြီးစတင်ခဲ့တာ

(10) လကျော်ရှိသွားပြီဖြစ်ပြီး ယနေ့အချိန်ထိ စစ်အာဏာရှင်ကိုဆက်လက် တော်လှန်နေဆဲဖြစ်ပါတယ်။ အဆင်မပြေမှုတွေရှိပေမယ့်လည်း အာဏာရှင်ကိုဖြုတ်ချဖို့နဲ့ ရှေ့ဆက်ရမယ့်အနာဂတ်တွေအတွက် အစွမ်းကုန်အားတင်းကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။


ပြည်သူတွေကလည်း စီးပွားရေးအခြေအနေတွေ ခက်ခဲနေပေမယ့်လည်း တတ်နိုင်သလောက် PDF လေးတွေကိုကူညီအားဖြည့်နေရတာ ဖြစ်ပါတယ်။ အခုဆိုရင်လည်း မြို့ပေါ်က မွေးနေ့ရှင်တစ်ဦးက သူရဲ့ မွေးနေ့မှာ တောထဲကPDF တွေအတွက် တစ်နေ့တာ အသားဟင်းနဲ့ ကျွေးမွေးဖို့ တတ်နိုင်သလောက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။


” မြို့ပေါ်က မွေးနေ့ရှင်တစ်ဦးရဲ့ မွေးနေ့အလှူ တောထဲက PDF ရဲဘော်တွေအတွက် တစ်နေ့တာဝက်သားဟင်းအလှူ…
”အရင်နှစ် မွေးနေ့တွေတုံးက ဘုန်းကြီးကျောင်းတွေ လှူတယ် ဒီနှစ်တော့ တော်လှန်ရေးအတွက်တောထဲတောင်ထဲမှာ ကြိုးစားနေကြတဲ့ PDFတွေ G.Z လူငယ်တွေကို လှူဖို့ ဆုံးဖြတ်ခဲ့တာပါဒီအလှူက မပြောပါ့လောက်ပေမယ့် ကျမတစ်သက်တော့ မေ့မရတော့ပါဘူး” လို့မွေးနေ့ရှင်က ပြောပါတယ်….


အလှူရှင်ကျန်းမာပါစေကြောင်း PDF ရဲဘော်များက ဆုတောင်းပေးခဲ့ပါတယ်….🙏🙏🙏ဒီအလှူလေးတွေ ဖြစ်မြောက်ဖို့ နောက်ကွယ်ကဘယ်လိုလူတွေက ချိတ်ဆက်ကူညီပေးနေသလဲဆိုတာ တော်လှန်ရေးပြီးရင် အားပါးတရကျွန်တော်ပြန်ပြောပြပါမည်။ စစ်အာဏာရှင်တော်လှန်ရေးနဲ့အတူ လူတွေရဲ့စိတ်ထားတွေပါ

ထူးထူးခြားခြားပြောင်းလဲလာခဲ့ပြီ။ ပြည်သူတွေရဲ့ မွေးနေ့အလှူတချက်ဟာ PDF တွေအတွက် အသားဟင်းတစ်ခွက် ဖြစ်ခဲ့ပြီ…..”လို့ ကိုရဲမင်း AAC ရဲ့ လူမှုကွန်ယက်မှာ ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။ အလှူ အသားဟင်းနဲ့ ညစာစားခါနီး မွေးနေ့ ဆုတောင်းပေးနေကြတဲ့ PDF ရဲဘော်တွေရဲ့ပုံရိပ်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ့

Leave a Reply

Your email address will not be published.