ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်မှာ ဒေသခံ အမျိုးသမီးကြီး တစ်ယောက်ကို စစ်ကောင်စီတပ်သားတယောက်က အဓမ္မပြုကျင့်ခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာ ၁၁ ရက်မှာ သတင်းထုတ်ပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့ စစ်သည်ကို စစ်စည်းကမ်းအရ အရေးယူ နိုင်ရေးဖို့အတွက် အများပြည်သူရှေ့မှောက် တရားစီရင်မှု (Open Court) စစ်တရားရုံးနဲ့ ပွင့်လင်းမြင်သာစွာ အမြန်ဆုံးစစ်ဆေးသွားမှာဖြစ်ပြီး ပြစ်မှုကျူးလွန်သူကို ထိရောက်ပြင်းထန်စွာ အရေးယူသွားမယ်လို့ လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ကွတ်ခိုင်မြို့နယ်၊ ဖာခတ်ကျေးရွာရှိ အမျိုးသမီးတယောက်ကို စစ်သည်တယောက်က အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့မှုကို အရေးယူပေးစေလိုကြောင်း ဒေသခံတချို့က တိုင်ကြားလာတဲ့အတွက် သက်ဆိုင်ရာနယ်မြေသို့ တာဝန်ရှိတွေ စေလွှတ် စုံစမ်းဖော်ထုတ် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

စိစစ်ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၇ ရက် နေ့လယ် ၂ နာရီလောက်က တပ်သားအဆင့်ရှိ မင်းမင်းစိုး၊ ကျော်မျိုးဝေနဲ့ မိုးဝင်း တို့သုံးယောက်ဟာ အခြေပြုနေရာမှ သောက်သုံးရေသွားရောက် ခပ်ယူစဉ် ရေဆိပ် အနီးရှိ တောင်ယာတဲအတွင်းမှ ခြံစောင့် အမျိုးသမီးတယောက်ကို တပ်သား မင်းမင်းစိုး က အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း ကနဦးဖော်ထုတ် သိရှိခဲ့တယ်လို့ စစ်တပ်သတင်းထုတ် ပြန်ချက်ကဆိုပါတယ်။

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်ကျေးရွာအုပ်စု၊ အဝေးပြေးလမ်းမဘေး ဖာခေတ်ကျေးရွာက အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီး တယောက်ကို စစ်ကောင်စီတပ် ခလရ ၃၃၆ မှ တပ်သား တယောက်က နိုဝင်ဘာ ၇ ရက် နေ့ မွန်းလွဲပိုင်းက အဓမ္မပြုကျင့်ခဲ့တာလို့ ဒေသတွင်းသတင်းတွေမှာ ရေးပါတယ်။

အခင်းဖြစ်ပွားတဲ့ ခြံမှာ အမျိုးသမီး ၃ ယောက် ခြံစောင့်နေကြတာဖြစ်ပြီး အမျိုးသမီး၂ ယောက်က အနီးနား မိတ်ဆွေအိမ်သို့ အလည်အပတ်သွားနေတဲ့အတွက် အမျိုးသမီးကြီး တယောက်တည်း ရှိနေစဉ် စစ်ကောင်စီ တပ်သား ၃ ယောက်ရောက်ရှိလာကာ အဓမ္မပြုကျင့်ခဲ့တာလို့လည်း ကချင် သတင်းတွေမှာ ဖော်ပြပါတယ်။DVB

Zawgyi

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ ကြတ္ခိုင္ၿမိဳ႕နယ္မွာ ေဒသခံ အမ်ိဳးသမီးႀကီး တစ္ေယာက္ကို စစ္ေကာင္စီတပ္သားတေယာက္က အဓမၼျပဳက်င့္ခဲ့တယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က နိုဝင္ဘာ ၁၁ ရက္မွာ သတင္းထုတ္ပါတယ္။

ျပစ္မႈက်ဴးလြန္ခဲ့တဲ့ စစ္သည္ကို စစ္စည္းကမ္းအရ အေရးယူ နိုင္ေရးဖို႔အတြက္ အမ်ားျပည္သူေရွ႕ေမွာက္ တရားစီရင္မႈ (Open Court) စစ္တရား႐ုံးနဲ႔ ပြင့္လင္းျမင္သာစြာ အျမန္ဆုံးစစ္ေဆးသြားမွာျဖစ္ၿပီး ျပစ္မႈက်ဴးလြန္သူကို ထိေရာက္ျပင္းထန္စြာ အေရးယူသြားမယ္လို႔ လည္း ထုတ္ျပန္ခ်က္မွာေဖာ္ျပပါတယ္။

ကြတ္ခိုင္ၿမိဳ႕နယ္၊ ဖာခတ္ေက်းရြာရွိ အမ်ိဳးသမီးတေယာက္ကို စစ္သည္တေယာက္က အလိုမတူဘဲ အဓမၼျပဳက်င့္ခဲ့မႈကို အေရးယူေပးေစလိုေၾကာင္း ေဒသခံတခ်ိဳ႕က တိုင္ၾကားလာတဲ့အတြက္ သက္ဆိုင္ရာနယ္ေျမသို႔ တာဝန္ရွိေတြ ေစလႊတ္ စုံစမ္းေဖာ္ထုတ္ ေဆာင္ရြက္ခဲ့တယ္လို႔ ဆိုပါတယ္။

စိစစ္ေဖာ္ထုတ္ခ်က္အရ နိုဝင္ဘာ ၇ ရက္ ေန႔လယ္ ၂ နာရီေလာက္က တပ္သားအဆင့္ရွိ မင္းမင္းစိုး၊ ေက်ာ္မ်ိဳးေဝနဲ႔ မိုးဝင္း တို႔သုံးေယာက္ဟာ အေျချပဳေနရာမွ ေသာက္သုံးေရသြားေရာက္ ခပ္ယူစဥ္ ေရဆိပ္ အနီးရွိ ေတာင္ယာတဲအတြင္းမွ ၿခံေစာင့္ အမ်ိဳးသမီးတေယာက္ကို တပ္သား မင္းမင္းစိုး က အလိုမတူဘဲ အဓမၼျပဳက်င့္ခဲ့ေၾကာင္း ကနဦးေဖာ္ထုတ္ သိရွိခဲ့တယ္လို႔ စစ္တပ္သတင္းထုတ္ ျပန္ခ်က္ကဆိုပါတယ္။

ကြတ္ခိုင္ၿမိဳ႕နယ္၊ နမ့္ဖလြန္ေက်းရြာအုပ္စု၊ အေဝးေျပးလမ္းမေဘး ဖာေခတ္ေက်းရြာက အသက္ ၆၂ ႏွစ္အရြယ္ အမ်ိဳးသမီးႀကီး တေယာက္ကို စစ္ေကာင္စီတပ္ ခလရ ၃၃၆ မွ တပ္သား တေယာက္က နိုဝင္ဘာ ၇ ရက္ ေန႔ မြန္းလြဲပိုင္းက အဓမၼျပဳက်င့္ခဲ့တာလို႔ ေဒသတြင္းသတင္းေတြမွာ ေရးပါတယ္။

အခင္းျဖစ္ပြားတဲ့ ၿခံမွာ အမ်ိဳးသမီး ၃ ေယာက္ ၿခံေစာင့္ေနၾကတာျဖစ္ၿပီး အမ်ိဳးသမီး၂ ေယာက္က အနီးနား မိတ္ေဆြအိမ္သို႔ အလည္အပတ္သြားေနတဲ့အတြက္ အမ်ိဳးသမီးႀကီး တေယာက္တည္း ရွိေနစဥ္ စစ္ေကာင္စီ တပ္သား ၃ ေယာက္ေရာက္ရွိလာကာ အဓမၼျပဳက်င့္ခဲ့တာလို႔လည္း ကခ်င္ သတင္းေတြမွာ ေဖာ္ျပပါတယ္။DVB

Leave a Reply

Your email address will not be published.